သည်းခြေအိတ် ကျောက်တည်ရောဂါ ပျောက်ဆေးနည်း

nagargyiMay 14, 20111min08

မြတ်မင်္ဂလာ စာစောင် ၂၀၁၁-ခုနှစ်၊ ဖေဖော်ဝါရီလထုတ် အတွဲ-၂၆၊ အမှတ်-၈ မှာ ထူးမြတ် ရေးထားတဲ့ ဓါတ်စာဆေးနည်း ဖြစ်ပါတယ်။

မူရင်းရေးသားသူက တရုတ်ပြည်မှ Dr.Lai Chiu-Nan လို့ဆိုပါတယ်။ စာစောင်မှာပါတဲ့ ဆေးနည်းကို အောက်မှာဖော်ပြ လိုက်ပါတယ်။

၁။ ပထမ ၅-ရက်တွင် နေ့စဉ် ပန်းသီးဖျော်ရည် (Apple Juice) ၄-ခွက် သောက်ပါ။ သို့မဟုတ် ပန်းသီး (၄-၅) လုံးစားပါ။ (ပန်းသီးဖျော်ရည် သို့မဟုတ် ပန်းသီး မိမိ နှစ်သက်ရာ စားသောက် နိုင်သည်။) ပန်းသီး ဖျော်ရည်သည် သည်းခြေကျောက်ကို ပျော့စေနိုင် ပါသည်။ ထို ၅-ရက် အတွင်း အစားအစာကို ပုံမှန် စားသုံးပါ။

၂။ ၆-ရက်မြောက် နေ့တွင် ညစာ မစားဘဲ နေပါ။

၃။ ထိုနေ့ ည ၆-နာရီတွင် ဆားခါး (Epsom Salt) တစ်ဇွန်းကို ရေနွေးနွေး တစ်ဖန်ခွက်နှင့် သောက်ပါ။

၄။ ည ၈-နာရီတွင် အထက်ပါအတိုင်း ဆားခါးတစ်ဇွန်း ထပ်သောက်ပါ။ ဆားခါးသည် သည်းခြေအိတ်ပြွန်များကို ပွင့်စေပါသည်။

၅။ည ၁၀-နာရီတွင် သံလွင်ဆီ သို့မဟုတ် နှမ်းဆီ ပန်းကန်လုံး တစ်ဝက်ကို လတ်ဆတ်သော သံပရာရည် ပန်းကန်လုံးတစ်ဝက်နှင့် သောက်ပါ။ အဆိုပါ နှစ်မျိုးကို သေချာစွာ ရောမွှေပြီးမှ သောက်ပါ။ ဆီသည် သည်းခြေကျောက်များကို ချောမွေ့စွာ ထွက်နိုင်စေ ပါသည်။

(မှတ်ချက်။   ပန်းကန်လုံးတစ်လုံးစာ              = ၂၅ဝ မီလီလီတာ၊
သံပရာရည် ပန်းကန်လုံးတစ်ဝက ်= သံပရာသီး ၃-လုံးခန့်)

နောက်တစ်နေ့ ဝမ်းသွားသောအခါ ဝမ်းထဲမှထွက်သော အစိမ်းရောင် ကျောက်တုံးများကို တွေ့ရပါမည်။ များသောအားဖြင့် ကျောက်တွေက မစင်ရဲ့ အပေါ်ပိုင်းမှာ တွေ့ရှိတတ်တယ်လို့ ဆိုပါတယ်။

စာစောင်ထဲမှာတော့ အထက်ပါအတိုင်း ဆိုပါတယ်။ နောက်ပြီး အသုံးပြု စားခိုင်းတဲ့ ပန်းသီး၊ ဆားခါး၊ သံလွင်ဆီ၊ နှမ်းဆီ၊ သံပုရာရည် တို့ကလည်း အန္တရာယ် မရှိလောက်တဲ့ အစားအစာများ ဖြစ်လို့ ရောဂါရှင်များ အနေနဲ့ စမ်းသပ်သုံးစွဲ နိုင်ရန် တင်ပြလိုက် ပါတယ်။

 

8 comments

  • နီလေး

    May 14, 2011 at 9:57 am

    ကျေးဇူးနော် ခုလိုကျန်းမာရေးဆောင်းပါးတင်ပေးတဲ့အတွက်

    Reply

  • မမလေး

    May 14, 2011 at 3:35 pm

    copy လုပ်လိုက်ပြီ … 谢谢你

    Reply

  • paukpauk

    May 14, 2011 at 5:15 pm

    အဲဒါမှန်ရင် သည်းခြေကျောက်ခွဲထုတ်တယ်ဆိုတဲ့ သူတွေ
    ခွဲပေးတဲ့ ဆရာဝန်တွေက အသိညာဏ်နည်းလို့ပေါ့နော်..။
    :))

    Reply

  • nagargyi

    May 15, 2011 at 3:52 am

    ခန္ဓာကိုယ် ထဲမှာရှိနေတဲ့ ကျောက်ကိုခွဲထုတ်ခြင်း၊ လေဆာဖြင့် ကျောက်ကိုခြေခြင်း စသည့်နည်းတွေနဲ့လည်း ကုသ၍ ရပါတယ်။ ဒါပေမယ့် ငွေကြေးကုန်ကျမှု့ များသလို ဘေးထွတ်ဆိုးကျိုးလည်း အနည်းငယ်ရှိ ပါတယ်။ အထက်ပါ ဓါတ်စာနည်းကတော့ လူတိုင်းစားသောက်နေတဲ့ အစာတွေဖြစ်သလို ငွေကြေးအနေနဲ့လည်း ကုန်ကျမှု့လည်း သိပ်မရှိ ပါဘူး။ ရွေးချယ်စရာ နည်းလမ်းအပို တစ်ခုပါ။

    Reply

  • mnoe

    May 15, 2011 at 9:44 am

    ဒီဆေးနည်းကို ဒီထဲမှာပဲတစ်ခါဖတ်လိုက်ဖူးသလိုပဲ။ အရေးအသားတော့မတူပါဘူး။ ပြန်ရေးတော့လဲ မသိသေးသူတွေသိရတာပေါ့နော်။ မြန်မာပြည်က သတင်းစာထဲမှာ သည်းခြေအိပ်ကျောက်တည် ရောဂါဆေးနည်း အခမဲ့ပေးသည်ဆိုပြီး ဆေးပညာဒါန လုပ်နေတာတွေ့လို့ သွားမေးတော့ ဒီဆေးနည်းကိုပေးတယ်။ သူကိုယ်တိုင်က လက်တွေ့ပျောက်သွားလို့ သူများတွေကို ဆေးနည်းအလကားလိုက်ပေးနေတာလေ။ ကြော်ငြာဖိုးအကုန်ခံပြီး။ ကျမကတော့ တစ်နေ့ ပန်းသီး ငါးလုံးမစားဖြစ်ဘူး။ ငါးလုံးစားလိုက်၊ သုံးလုံးစားလိုက်နဲ့ တစ်ခါတစ်လေလဲ နှစ်လုံးလောက်ပဲစားဖြစ်တယ်။ 25 လုံးပြည့်အောင်တော့ စားမယ်ဆိုပြီး စားလိုက်တာ 15 ရက်လောက်ကြာသွားတယ်။ ဆားခါးတော့မစားဖြစ်ဘူး။ ကျောက်ကလည်း နည်းလို့လားမသိဘူး။ ပြန်စစ်ကြည့်တော့ ဘာမှမရှိတော့တာ တွေ့ရတယ်။ အသည်းအဆီဖုံးတာလဲ ရော့သွားတယ်။ ဘာပဲပြောပြော ပန်းသီးက ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာလေးကို မျှဝေချင်လို့ပါ။ ကျေးဇူးတင်ပါတယ်။

    Reply

  • ဆူး

    May 15, 2011 at 3:06 pm

    ဒီနည်းကို ရေးတာ ဒီမှာ တင် ၁နှစ် အတွင်း ၃ခု အနည်းဆုံး ဖြစ်နေပါပြီ။

    Reply

  • nature

    May 15, 2011 at 4:07 pm

    ဘာပဲဖြစ်ဖြစ်ဝင်လာတဲ့ member အသစ်နဲ့ မသိသေးတဲသူတွေအတွက်တော့ အကျိုးများပါတယ်၊ လူသိများနေတဲ့နည်းကောင်းလေးတခုပါပဲ။

    Reply

  • nagargyi

    May 16, 2011 at 2:05 am

    ကျွန်တော်က MG ကိုသိတာ မန်ဘာဝင်တာ သိပ်မကြာသေးဘူ။ ဒါကြောင့် ဒီပို့စ်တင်ဘူးမှန်း မသိပါဘူး။ အခုလို ပြောပြတာ ကျေးဇူးတင်ပါတယ်။ မသိသေးတဲ့သူတွေ သိရတယ်ဆိုလို့လဲ ဝမ်းသာပါတယ်။

    Reply

Leave a Reply

Your email address will not be published.