မြန်မာနိုင်ငံမှ မြင်တွေ့ခွင့်ရနိုင်သော ကြယ်မိုးရွာသွန်းမှု မေလ ၆ ရက်နေ့တွင် ဖြစ်ပေါ်ရန်ရှိ

မြန်မာနိုင်ငံမှ မြင်တွေ့ခွင့်ရနိုင်သော ကြယ်မိုးရွာသွန်းမှုလာမည့် မေလ ၆ ရက်နေ့၌ ဖြစ်ပေါ်ရန် ရှိကြောင်း နက္ခတ်ပညာရှင် အသိုင်းအဝိုင်းမှ သတင်းရရှိပါသည်။

ကြယ်မိုးရွာသွန်းမှုသည် တစ်နှစ်လျှင် ပျမ်းမျရှစ်ကြိမ်ခန့် ဖြစ်ပေါ်တတ်သော်လည်း ယင်းသို့ဖြစ်ပေါ်မှုကို ရာသီဥတု အခြေအနေနှင့် လအလင်းရောင်ပေါ် မူတည်၍ ရံဖန်ရံခါမှ မြင်တွေ့ရလေ့ရှိကြောင်း သိရသည်။ နွေရာသီကာလတွင်သာ အဓိက မြင်တွေ့ခွင့် ရရှိနိုင်ကာ လအလင်းရောင် မရှိသော လကွယ်နေ့၌ ဖြစ်ပေါ်မှသာ သေချာစွာ မြင်ရနိုင်ကြောင်း သိရသည်။

”ဧပြီလ ၂၂ ရက်နေ့က ကြယ်မိုးရွာခဲ့ပေမယ့် အဲဒီနေ့တုန်းက လမင်းရဲ့ အလင်းရောင်က ၈ဝ ရာခိုင်နှုန်းလောက် ရှိနေတဲ့အတွက် ဖြစ်စဉ်ကို မြန်မာနိုင်ငံကနေ မြင်တွေ့ခွင့် မရှိခဲ့ဘူး။ အခုဖြစ်မယ့်ဖြစ်စဉ်မှာတော့ လအလင်းရောင်က နှစ်ရာခိုင်နှုန်းလောက်ပဲ ရှိတဲ့အတွက် မြင်တွေ့နိုင်ပါတယ်။ ကြယ်မိုးရွာတဲ့ အဓိက အကြောင်းအရင်းက တစ်နှစ်ကို ကမ္ဘာက နေကို တစ်ပတ်ပြည့်အောင် လှည့်ပတ်နေတဲ့အချိန်မှာ ဥက္ကာပျံ အစအနတွေနဲ့ ဖွဲ့စည်းထားတဲ့ အုပ်စုတွေကို ဖြတ်သန်း ရတယ်။ အဲဒီအခါမှာ ကမ္ဘာရဲ့ ဆွဲငင်အားကြောင့် ဥက္ကာပျံ အစလေးတွေကို လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့က ချေဖျက်လိုက်တဲ့အတွက် လျှပ်စစ်ဓာတ်ကြိုး နှစ်ခုပူးရင် အလင်းရောင် ဖြာထွက်လာတဲ့ သဏ္ဌာန်မျိုး ကောင်းကင်မှာ ဖြစ်သွားပါတယ်။ အဲဒါကို ကြယ်မိုးရွာတဲ့လို့ ခေါ်ပါတယ်”ဟု နိုင်ငံတကာရေးရာ နက္ခတ်သိပံ္ပအဖွဲ့မှ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုက ဆိုပါသည်။

Eleven Media Group မှကူးးယူဖော်ပြသည်။

2 comments

  • မမလေး

    May 4, 2011 at 10:49 am

    မိုးသီးကိုပြောတာလား … ရန်ကုန်မှာတွေ့ရမှာလား … တစ်နေ့လုံးရွာမှာလား …

    Reply

  • antimoe

    May 5, 2011 at 9:15 am

    နားလည်အောင်ပြောရရင်…
    တကြိမ်တည်းနဲ့ ကြယ်တွေအများကြီးကြွေတာမျိုးလေ။
    ကြယ်တံခွန်တွေလိုပေါ့။
    ဒီအချိန်ထွက်မှာက…နည်းမယ်။ တနာရီမှာ ၁ဝခုလောက်။
    ၈လ၁၂ရက် နဲ့ ၁၂လ၁၄ရက် မှာတော့ အများကြီးတွေ့ရမယ်။

    Reply

Leave a Reply

Your email address will not be published.