သူရဲကောင်းများ အဖြစ် ယူရိုပါလိဂ် ဖိုင်နယ် တက်ရောက်ရေး ကစားဖော်များအား ဂျရတ် တိုက်တွန်း

poeloneApril 29, 20101min02

လီဗာပူးလ် အသင်းခေါင်းဆောင် စတီဗင် ဂျရတ်က အသင်း၏ တစ်ခုတည်းသော ဖလား မျှော်လင့်ချက် ဖြစ်သည့် ယူရိုပါလိဂ် ဖလားအား ဆက်လက် မျှော်လင့် နိုင်ရန် အက်သလက်တီကို မက်ဒရစ် အသင်းအား အနိုင်ယူ ကျော်ဖြတ်ရေး အသင်း ဖော်များအား တိုက်တွန်း ပြောကြားခဲ့သည်။

ဂျရတ်က “ဒီလို ပွဲမျိုးတွေက ကစားသမားတွေ ကစားလိုတဲ့ ပွဲတွေပါ၊ ဒီညတွေကပဲ သူရဲကောင်းတွေကို မွေးထုတ် ပေးနေတာပါ။ ဒီလို ပွဲမျိုးမှာ မကစားလိုဘူး ဆိုရင် ဒါဟာ တစ်ခုခု မှားယွင်း နေလို့ ဖြစ်ပါလိမ့်မယ်။ ဒါဟာ ဒီရာသီရဲ့ အရေးကြီးဆုံး ပွဲပါ” ဟု ပြောကြားခဲ့သည်။

လီဗာပူးလ် အသင်းသည် ပထမ အကျော့ အက်သလက်တီကို မက်ဒရစ် အသင်း အိမ်ကွင်း တွင် ကစားခဲ့စဉ်က ၁ဂိုး ဂိုးမရှိဖြင့် ရှုံးပွဲ ကြုံတွေ့ခဲ့ရပြီး ယနေ့ညတွင် ကစားမည့် ပွဲတွင် အနည်းဆုံး ၁-ဝ ဖြင့် အနိုင်ရရှိရန် လိုအပ်မည် ဖြစ်သည်။ ထို့ပြင် အကယ်၍သာ ဧည့်သည် အသင်းဘက်မှ တစ်ဂိုး သွင်းယူ ခဲ့ပါက ၂ဂိုးပြတ် အနိုင်ရရှိရန် လိုအပ်လာမည် ဖြစ်ပြီး အသင်း အတွက် အမှားမခံသည့် ပွဲစဉ် တစ်ပွဲလည်း ဖြစ်နေသည်။

ပထမ အကျော့ ကစားခဲ့စဉ်က လီဗာပူးလ် အသင်းသည် အက်သလက်တီကို မက်ဒရစ် အသင်း၏ ဂိုးပေါက်ကိုပင် ခြိမ်းခြောက် နိုင်ခြင်း မရှိခဲ့ဘဲ ကစားပုံ အတော်လေး ဆိုးရွားခဲ့သည်။ သို့သော် ဂျရတ်က ၎င်းတို့ အနေဖြင့် အကောင်းဆုံး ပုံစံဖြင့် ဖိုင်နယ် တက်ရောက် နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

“အခုမှာ တစ်ပိုင်းပဲ ရှိပါသေးတယ်။ နောက်တစ်ဆင့် တက်ဖို့ ကျွန်တော်တို့ ယုံကြည်မှု ရှိပါတယ်။ နောက်တစ်ပွဲက မတူညီတဲ့ ပွဲ ဖြစ်လာမယ် ဆိုတာ သေချာပါတယ်။ ပရိသတ်တွေ ထောက်ခံ အားပေးမှုကြောင့် ကျွန်တော်တို့ရဲ့ ၁၂ယောက်မြောက် ကစားသမား ရှိနေဦးမှာပါ။ ကျွန်တော်တို့ ရလဒ်ကောင်းဖို့ စွမ်းဆောင် နိုင်ပါတယ်။ အထူးသဖြင့် ၁-ဝ ပေါ့” ဟု ဂျရတ်က ဆိုသည်။

လီဗာပူးလ် အသင်းသည် ယူရိုပါလိဂ် ရှုံးထွက် အဆင့်များတွင် လိုင်လီ၊ ဘင်ဖီကာ အသင်းများအား ပထမ အကျော့တွင် ရှုံးပွဲများ ကြုံတွေ့ခဲ့ သော်လည်း ဒုတိယ အကျော့ အိမ်ကွင်းတွင် ပြန်လည် ကစားသည့် အခါတိုင်း ရလဒ်ကောင်း ရရှိရန် စွမ်းဆောင် ထားနိုင် ခဲ့သည့် အသင်းလည်း ဖြစ်သည်။

2 comments

  • nyein

    April 29, 2010 at 3:25 pm

    သူရဲကောင်းတွေရဲ့လစာကလည်း ဟောလိဝုဒ်မင်းသားလောက်တော့သနားတယ်

    Reply

  • cum min

    June 21, 2012 at 8:18 pm

    လစာ များတာကတော မမက်ပါဘူး…တော်ကြာကွင်းထဲအမောဖောက်ရှောသွားရင်ဘယ်လိုလုပ်ရပ

    Reply

Leave a Reply

Your email address will not be published.