Culturesသင်္ကြန် ဖီလင်.. ဆူးApril 15, 20111min031 အိမ်မှာ နေတဲ့ လူတွေ သင်္ကြန်တွင်း ဖီလင်ကို ရေးကြပါ။ ခံစားချက်တွေ မျှဝေ ရအောင်။ ဆူး တော့ အိမ်မှာ နေရတာ ကွန်ပြူတာ ရှေ့မှာ ထိုင်တာ များလို့ မျက်စိညောင်းတယ်။ ရာသီဥတု ပူလွန်းတယ်။ အလုပ် နားနေရတာတော့ တမျိုးကောင်းတယ် မဆိုးဘူး။ Post Views: 0 ဆူး စိတ္ကူးသၾကၤန္ဖီလင္
weiweiApril 15, 2011 at 5:29 am အိမ်ကြီးတစ်လုံးထဲမှာ တံခါးတွေ အကုန်ပိတ်ပြီး တစ်ယောက်ထဲ ဥပုသ်စောင့်ရင်း အိမ်ကိုလဲစောင့်နေရပါတယ်။ ပြင်ပလောကနဲ့အဆက်ဖြတ်ပြီး နေရတာ အရမ်းကောင်းတယ်။ အိမ်က နဲနဲချောင်ကျတဲ့ရပ်ကွက်ထဲမှာဆိုတော့ သင်္ကြန်သံလဲ မကြားရဘူး … တီဗီလဲ မဖွင့်ကြည့်ဘူး … အသံဆိုလို့ ရပ်ကွက် ဓမ္မာရုံက တရားသံတစ်ခါတစ်လေပဲ ရှိတယ် … Reply
ဆူးApril 15, 2011 at 5:37 am မနက်က စတုဒီသာ ရွှေရင်အေး စားပြီး ရင်တွေ ပူနေတယ် ဒူးရင်းသီး တမွာ ပါလို့ စားလိုက်တာ ရင်တွေ ပြည့်ပြီ.. လူက အပူချိန်တက်နေတယ်။ အဲကွန်းဖွင့်ပြီး အစာကြေဆေး သောက်ပြီး သွားအိပ်တော့မယ်။ ထမင်းလည်း မစားနိုင်တော့ဘူး။ တရိုးနေး တရေးနိုးမှ.. ရွာထဲ ပြန်လာတော့မယ်။ Reply
ငှက်ကြီးApril 15, 2011 at 5:45 am ဆူးကမျက်စိညောင်း… ငှက်ကြီးမှာတော့ ထိုင်တာများလို့ခါးတွေညောင်း။ မီတာခတွေလဲ ဘယ်လောက်တက်ကုန်ပြီးလဲမသိဘူး။ ၁ ယူနစ် ကို ၆ ဘတ်တောင်မှ .. ဒီလတော့ ငှက်ကြီး အီ ပြီးထင်တယ်။ Reply
kaiApril 15, 2011 at 7:18 am လာမယ့်စနေမှာ.. ဘုန်းကြီးကျောင်းမီးဖိုချောင်ထဲ.. ငါးသွားကျော်ရမှာမို ့.. လန့်နေတယ်..။ တူးမှာကို..။ 🙁 Reply
nigimi77April 15, 2011 at 7:57 am ဖီလင် ကောင်းကောင်းလေးတွေ ရေးချင်ပေမဲ့ လောလောဆယ် သူရာမေရယ ကို ကျူးလွန်လိုက်တာ (တကယ်တမ်းနေ ့တိုင်း) ကြောင့် အိပ်လိုက်ဦးမယ် ဘွားဆူးရေ။ ပိတ်ရက် လူပါးတုန်း ဖတ်စရာကောင်း ကောင်းလေးတွေ တင်ပေးပါဦး။ Reply
kaiApril 15, 2011 at 8:22 am ပြောရရင်..ဂျပန်ကဟင်းအကုန်လိုလို.. အရက်ထည့်တာချည်းပဲ..။ ဆာကေး၊ ရှိုးယု၊ မိရင် ဆိုပြီး အတွဲအတိုင်းထည့်ရတာ…။ ဥရောပအစားအစာတွေလည်း .. ဟင်းချက်ဝိုင်တော့ ထည့်ကြတာတော်တော်များပါတယ်..။ သတိရမိတာက.. ဂျပန်စားသောက်ဆိုင်မှာလုပ်တုံးက .. တိဘက်ဘုန်းကြီးတွေလာတော့ .. အသားမစားဘူး ဗက်ဂျီသမားတွေအတွက် သီးသန့်လုပ်ပေးပါ..စပယ်ရှယ်လာမှာဖူးတယ်..။ အဲဒါနဲ့ .. ရွှေဖရုံသီးပေါင်းကို ထုတ်ပေးလိုက်တာ.. တော်တော်ကြာမှသတိရတယ်..။ အဲဒီထည်းလည်း .. အရက်နဲ့သကာရည် ထည့်ထားမိတာပဲလို့..။ တကယ်တော့..။ ချောင်းဆိုးပျောက်ဆေး။ အဖျားကျဆေးတွေ မူးယစ်စေတာတွေပါတာချည်းပါပဲ..။ အရက်ကမူးမရမ်း..မရစ်ရင်.. လူတွေဆက်ဆံရေးမှာအင်မတန်ကောင်းစေတာပါ..။ သောက်ပြီး ဘေးလူတွေမထိခိုက်စေနဲ့ပေါ့.။ အဲဒီလိုထိန်းနိုင်ရင်… ချသာချ..။ ပြီးရင်.. မပြောရဲတဲ့..ရည်စားစကား..ပါးချလည်းခံရဲတယ်ကွဆိုပြီး သွားပြော..။ အဆင်ပြေသွားဖို့.. ရာခိုင်နှုန်းတော်တော်များပါတယ်..။ 🙂 ( အဆင်မပြေတော့လည်း အရက်ကြောင့်မှားမိပါတယ် လုပ်လိုက်ပေါ့..) Reply
weiweiApril 15, 2011 at 8:23 am ရာသီဥတု အရမ်းပူလို့လားမသိဘူး … ကိုယ်ပါ ပူနေပြီ … အဲယားကွန်း ၂ လုံးဖွင့်ပြီး အလယ်မှာ အိပ်တာတောင် မအေးတော့ဘူး …. 🙁 သင်္ကြန်ဖီလင်တော့ ပျက်ပါပြီ … 🙁 Reply
ogreApril 15, 2011 at 10:01 am ွှအဲကွန်းတော့မချိဝူးဗျာ ဒါပေမယ်အသုဘကရတဲ့ယပ်တောင်ကတော့ အတော်အသုံဝင်သဗျို့…ခပ်လိုက်တိုင်းအေးနေတာပဲ ကျားကွဲပြီးလိုက်မန်းနေရတာအရသာရှိသဗျ နိဂိမိရေအချိန်မှိလာရင်တစ်စိတ်လောက်ကျန်သေးတယ်နော် လက်ကျန်မရှင်းခင်…ထပ်မံသတင်းပေးလိုက်တယ် သင်္ကြန်မှာမှာကွဲပြီး..အက်ဆီဒင့်နဲ့သေတဲသရဲတွေ မကျွတ်ကျပါစေနဲ့ဗျား………….. Reply
shwepyithuApril 15, 2011 at 10:54 am ဒီမှာတော့ လမ်းဘေးက မဏ္ဍပ်ကော မမဏ္ဍပ်ကပါ ဖွင့်ထားတဲ့သီချင်းသံ ပေါင်းစုံနဲ့ နားတွေ အူနေပြီ။ ကြားတယ် ကြားတယ် မှတ်လဲ မရပါဘူး။ ဘေးနားမှာ မဏ္ဍပ်သုံးလေးခုရှိတော့ အတော်အီနေတယ်။ ပျင်းစရာကောင်းသော SKY Net သင်္ကြန်ကိုပဲ ကြည့်လိုက် စိတ်ပျက်လိုက်လုပ်နေတယ်။ ဥပုဒ်စောင့်ချင်ပေမဲ့ အဆာမခံနိုင်လို့။ သီလယူထားသူတွေရဲ့ ကုသိုလ်ကောင်းမှုကို သာဓုခေါ်ပါတယ်။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။ Reply
kopauk mandalayApril 15, 2011 at 11:00 am သင်္ကြန်ရေဆိုတာ အန္တရာယ်ကင်းတယ် (ကားတိုက်ဆိုင်ကယ်မှောက် လူရိုက်ခံရလို့ မသေခင်အချိန်လေးထိပေါ့) သူများပျော်လို့ မပျော်နိုင် အလုပ်လုပ်ရလို့ ငိုင်(သင်္ကြန်သူများတွေ အလုပ်ပိတ်တာတောင် အကြောင်းအမျိုးမျုးိကြောင့် အလုပ်လုပ်နေရသူတွေအတွက်ပေ့ါ) သင်္ကြန်ပိတ်ရက် ဘယ်မှမထွက်ဘဲ ဘာဝနာပွားမယ်(သိပ်ကောင်းတဲ့ အစီအစဉ်ပေါ့ စိတ်တွေက သာ ဟိုဒီမလွင့်ခဲ့ရင်) သင်္ကြန်ရက်အား အိမ်မှာနားပြီး ယမကာမှီဝဲမယ်( အရက်နာ ကျပြီး မာလကီး မယား ခဲ့ရင်သိပ်ကောင်းပေါ့ နော်) ကျနော်က တော့ ဘယ်လို အချိန်ကုန်အောင်ဖြုန်းရမလဲ စဥ်းစားနေတုန်း မဒမ်ပေါက်က တံမျက်စီးတစ်ချောင်းကိုင်ပြီး အိ်မ် အရှင်းခိုင်းပါတော့ တယ်။ ဆူးမမရေ အဲဒါ 2011 သင်္ကြန်ဖီလင်ပါဘဲ။ Reply
ဆူးApril 15, 2011 at 12:12 pm မဒမ်ပေါက်က တံမျက်စီးတချောင်းကိုင်ပြီး အိမ်ရှင်းခိုင်းတာ ကောင်းတယ်။ အိမ်ရှင်းတော့ သန့်တာပေါ့။ သန့်သန့် ရှင်းရှင်း နေရတာပေါ့။ Reply
erosApril 15, 2011 at 1:04 pm သင်္ကြန်အိမ်မှာနေတယ်၊ ဂိမ်းဆော့တယ်၊ စာဖတ်တယ်၊ ပိုစ့်တင်ဖို့ စာရေးတယ်။ မနက်ကတော့ ရပ်ကွက်လမ်းထဲက ကလေးတွေရှေ့ လမ်းသလားလိုက်တယ်။ ကလေးတွေက ကားလမ်းမနဲ့ နီးပေမယ့် သိတဲ့ အတိုင်း မိဘတွေက စိုးရိမ်လို့ လမ်းမပေးမထွက်ဘူး။ လမ်းထဲမှာက လူသွားလူလာနည်းတော့ ကလေးတွေ ပတ်ချင်ပေမယ့် ပတ်လို့မရ ဘူး။ eros ငယ်ငယ်ကလည်း အဲဒီလို ကြုံခဲ့ဘူးတယ်။ ဒါနဲ့ ကလေးတွေကို ကိုယ်ချင်းစာ သနားတာရယ်၊ကိုယ်ကလည်း ရိုးရာမပျက် သင်္ကြန်ရေတနှစ်တခါ ရွှဲရွှဲစိုကောင်းတယ်အန္တရာယ်ကင်းတယ် ဆိုပြီး လမ်းထဲက ကလေးတွေရှေ့ လမ်းသလားလိုက်တယ်။ရွှဲရွှဲစိုရော။ သင်္ကြန်ရေဆိုတာ ……….. အန္တရာယ်ကင်းတယ် …………. ပတ်စမ်းခင်ရယ်……… မြို့မမြို့မ အတူနွှဲပျော်မယ်……………. နောင်နှစ်ကိုလည်း………. ဆီးလို့ကြိုကွယ် မောင်ကြီးလာပါမယ်…………….. လာပါမယ်………… ပြန်ပါဦးမယ်ပြန်ဦးမယ်………… နှုတ်ခွန်းဆက်ပါတယ်………. ဟေး…………… Reply
nigimi77April 15, 2011 at 1:43 pm ‘D နေ ့ ..ဒီနေ ့ပေါ့ဗျာ…။ ရောင်းရင်းဆီက ကုန်း(ဂုံး)ဆင်းလာတဲ့ Black Label လေး သောက်ရင်း ဘွားဆူး Post အတွက် သင်္ကြန် ဖီလင်ရှာကြည့်တာ ဒီနှစ်က အမဲရောင်တွေ လွမ်းမိုးတယ်ထင်ပ Black နဲ ့ စတဲ့ Day Club တွေ များသဗျ။ ထူးခြားမှု အနေနဲ ့ ဒီနှစ်မှာ သမီးပျိုတွေ မဖော်ပဲ သားပျိုတွေ အားရပါးရ ဖော်ကြပါတယ်။ ၁ဝ ယောက်မှာ ရ ယောက်နှုံး အပေါ် အဝတ်ချွတ်ပြီး မြိုင်ကျပါတယ်။ အားရ စရာကတော့ ၂ဝ ကျော် ပတ်ဝန်းကျင်တွေနဲ ့ လူငယ်တွေက ရင်ပိန် နံပိန် ဗိုက်ရွှဲတွေပဲ။ ကုဋ္ဌေ ၄၆၀ဝ ဖွားတွေထင်ပါရဲ ့။ Reply
antimoeApril 15, 2011 at 1:47 pm မနက် ပရိတ်ကြီး၁၁သုတ်တရားခွေဖွင့်တယ်။ လမ်းထိပ်က ကလေးတွေ ရေပက်ခံထွက်ကြတာ မနက်၈နာရီမှာ တခေါက်ပြန်လာကြပြီ။ နေ့လည်မှာနားကြပြီး ညနေ တစ်ခေါက်ထွက်ကြဦးမယ်။ နေ့လည်လောက်မှာ မီးသတ်ဥဩသံကြားတယ်..တနေရာရာမှာတော့ တခုခုပဲ။ အိမ်ဘေးက မုန့်လုံးရေပေါ် လာပို့တာ စားလိုက်တော့ ငရုတ်သီးတစ်တောင့်မိသွားတယ်။ သူငယ်ချင်းတွေဆီ ဖုန်းဆက်တော့ တရားစခန်းသွားကြတယ်တဲ့။ တူမလေးတွေ…အပြင်သွားဖို့ အဖေါ်မရှိလို့..အောင့်သက်သက်။ ရွာထဲဝင်ကြည့်တော့လည်း ချောက်ချက်..ချောက်ချက်။ ဖတ်ချင်တဲ့စာအုပ်ပေတဲ့..မှောက်လျက်..ခေါက်လျက်။ တနေကုန် တညလုံး စာတန်းထိုးကားတွေ ကြည့်ပြီး မျက်တွင်းက ဟောက်ပက်..ဟောက်ပက်။ အိပ်လို့်ကောင်းနေတုန်း အပူလုံးက နှောင့်ယှက်။ ဘီယာတွေ..စားစရာတွေ..ဈေးတက်လို့ တမှောင့်ခက်။ မြန်မာရဲ့ သင်္ကြန်မှာ….မြန်မာမှာနေနေတဲ့ အရသာပါ။ Reply
ဆူးApril 15, 2011 at 1:51 pm ကြည့်မြင်တိုင် ဘက်နားမှာ မီးလောင်သွားတယ်။ အဲဒီဘက်ကို မီးသတ်ကားတွေ သွားကြတာပါ။ Reply
ဆူးApril 15, 2011 at 2:41 pm တုံး နေတာ မဟုတ်ဘူး တုံးချစ်သူ နေတာ.. မမေးတော့ဘူး MRTV 4 သတင်း မှာ စာတမ်းထိုးသွားတယ်။ နေရာမေ့သွားလို့ ချ မရေးတာ။ Reply
ဆူးApril 15, 2011 at 3:04 pm သင်္ကြန်ဖီလင် မှာ.. ဘာလို့ အတာအိုးတွေ ထိုးပြီး သိကြားမင်း ကြိုတာ မပါကြတာ ပါလိမ့်။ ဆူး အိမ်မှာလည်း မလုပ်ဘူး။ မလုပ်တဲ့ လူတွေ များလာရင် မြေအိုးရောင်းတဲ့ လူတွေ ဂွင် မကောင်းဖြစ်ကုန်တော့မယ်။ ဟီးဟီး။ Reply
erosApril 15, 2011 at 3:16 pm အတာအိုးက သိကြားမင်းကို ကြိုဖို့ပါ့။ အိမ်က အမေက မလုပ်ဘူးလုပ်တာ။ ညီမက ဈေးက ဝယ်လာပြီး ကြုံရာ အိုးတအိုးနဲ့ ထည့်ထားလိုက်တယ်။ Reply
erosApril 15, 2011 at 3:29 pm ဒီသင်္ကြန်မှာ လဲ ပိတောက်များနဲ့ ကိုယ့်တယောက်ထဲပဲပေါ့။ သင်္ကြန်မှာ တပတ်နွမ်း ဂျင်းအဟောင်းစတိုင် အပြာလေးနဲ့ စပို့ရှပ် အပြာနုနဲ့ မန္တလာသူ ချစ်မမ ကိုလွမ်းနေတဲ့ လူငယ်လေး တယောက်ဆိုရင်တော့ တခြားသူမဟုတ်ဘူး eros ပဲဗျ။ Reply
weiweiApril 16, 2011 at 2:59 am အတက်နေ့ သင်္ကြန်ဖီလင်ကတော့ ဆိုးတယ် … ဖျားပြီး ဒေါင်းသွားတာ အခုမှပဲ ထနိုင်တော့တယ် .. Reply
naywoonniApril 16, 2011 at 11:17 am ငါလည်း လွမ်းတယ်…။ လွန်ခဲ့တဲ့ နှစ်20 လောက်က သင်္ကြန်ကို …….. Reply
ဆူးApril 16, 2011 at 11:21 am နှစ် ၂ဝ လောက်တုန်းက သင်္ကြန်မှာတော့ ရေပုံးလေးနဲ့ ရေခွက်ကလေး ကိုင်ပြီး ဟိုပက် ဒီပက်.. ပက်စရာ လူမရှိရင် ကိုယ့်ဟာကို လောင်း.. ဟီးဟီး နဲ့ အော်ရီ.. လူကြီးတွေက တော်ပြီ အေးတယ် တက်တော့ ဆိုမှ.. အိမ်ပေါ်တက်တယ်။ Reply
trojan93infectionApril 16, 2011 at 12:29 pm ကျွန်တော်ကတော့ စလုံးကနေ ကိုယ့်နိုင်ငံက……သကြန်ကိုစိတ်ကူးနဲ့ပဲ မှန်းဆတမ်းတရင်း ကျော်ဖြတ်လာ သကြန်ဆိုတာ ဘာမှတောင်ဟုတ်တိပတ်တိမခံစားလိုက်ရဘူး……. Reply
ဆူးApril 16, 2011 at 12:38 pm သင်္ကြန် ဖီလင် ကတော့ အခု ပြီးသွားပြီ ဆိုတော့ အနှစ်ချုပ်.. နေ့တိုင်း စတုဒီသာ မုန့် တွေ စားရတယ်။ အိပ်ရေးဝတယ်။ အေးအေးလူလူ လုပ်ချင်တာ လုပ်လို့ရတယ်။ စိတ်လေး လက်အေး နေရတယ်။ Reply
erosApril 16, 2011 at 1:16 pm သင်္ကြန်ကတော့ ဒီညနေပဲပြီးသွားပါပြီ။ မကြာခင်မှာ အလုပ်ပြန်တက်ရတော့မယ်။ နားလို့ မဝသေးဘူး။ အားလုံးပဲ မင်္ဂလာနှစ်သစ်ပါ။ မနက်ဖြန် နှစ်ဆန်းတရက်နေ့ ဘုရားကို ညနေပိုင်းသွားပါမယ်။ Reply
31 comments
weiwei
April 15, 2011 at 5:29 am
အိမ်ကြီးတစ်လုံးထဲမှာ တံခါးတွေ အကုန်ပိတ်ပြီး တစ်ယောက်ထဲ ဥပုသ်စောင့်ရင်း အိမ်ကိုလဲစောင့်နေရပါတယ်။ ပြင်ပလောကနဲ့အဆက်ဖြတ်ပြီး နေရတာ အရမ်းကောင်းတယ်။ အိမ်က နဲနဲချောင်ကျတဲ့ရပ်ကွက်ထဲမှာဆိုတော့ သင်္ကြန်သံလဲ မကြားရဘူး … တီဗီလဲ မဖွင့်ကြည့်ဘူး … အသံဆိုလို့ ရပ်ကွက် ဓမ္မာရုံက တရားသံတစ်ခါတစ်လေပဲ ရှိတယ် …
ဆူး
April 15, 2011 at 5:37 am
မနက်က စတုဒီသာ ရွှေရင်အေး စားပြီး ရင်တွေ ပူနေတယ် ဒူးရင်းသီး တမွာ ပါလို့ စားလိုက်တာ ရင်တွေ ပြည့်ပြီ.. လူက အပူချိန်တက်နေတယ်။ အဲကွန်းဖွင့်ပြီး အစာကြေဆေး သောက်ပြီး သွားအိပ်တော့မယ်။ ထမင်းလည်း မစားနိုင်တော့ဘူး။
တရိုးနေး တရေးနိုးမှ.. ရွာထဲ ပြန်လာတော့မယ်။
ငှက်ကြီး
April 15, 2011 at 5:45 am
ဆူးကမျက်စိညောင်း… ငှက်ကြီးမှာတော့ ထိုင်တာများလို့ခါးတွေညောင်း။
မီတာခတွေလဲ ဘယ်လောက်တက်ကုန်ပြီးလဲမသိဘူး။
၁ ယူနစ် ကို ၆ ဘတ်တောင်မှ .. ဒီလတော့ ငှက်ကြီး အီ ပြီးထင်တယ်။
kai
April 15, 2011 at 7:18 am
လာမယ့်စနေမှာ.. ဘုန်းကြီးကျောင်းမီးဖိုချောင်ထဲ.. ငါးသွားကျော်ရမှာမို ့.. လန့်နေတယ်..။
တူးမှာကို..။ 🙁
nigimi77
April 15, 2011 at 7:57 am
ဖီလင် ကောင်းကောင်းလေးတွေ ရေးချင်ပေမဲ့ လောလောဆယ် သူရာမေရယ ကို ကျူးလွန်လိုက်တာ
(တကယ်တမ်းနေ ့တိုင်း) ကြောင့် အိပ်လိုက်ဦးမယ် ဘွားဆူးရေ။ ပိတ်ရက် လူပါးတုန်း ဖတ်စရာကောင်း
ကောင်းလေးတွေ တင်ပေးပါဦး။
kai
April 15, 2011 at 8:22 am
ပြောရရင်..ဂျပန်ကဟင်းအကုန်လိုလို.. အရက်ထည့်တာချည်းပဲ..။
ဆာကေး၊ ရှိုးယု၊ မိရင် ဆိုပြီး အတွဲအတိုင်းထည့်ရတာ…။ ဥရောပအစားအစာတွေလည်း .. ဟင်းချက်ဝိုင်တော့ ထည့်ကြတာတော်တော်များပါတယ်..။
သတိရမိတာက.. ဂျပန်စားသောက်ဆိုင်မှာလုပ်တုံးက .. တိဘက်ဘုန်းကြီးတွေလာတော့ .. အသားမစားဘူး ဗက်ဂျီသမားတွေအတွက် သီးသန့်လုပ်ပေးပါ..စပယ်ရှယ်လာမှာဖူးတယ်..။
အဲဒါနဲ့ .. ရွှေဖရုံသီးပေါင်းကို ထုတ်ပေးလိုက်တာ.. တော်တော်ကြာမှသတိရတယ်..။
အဲဒီထည်းလည်း .. အရက်နဲ့သကာရည် ထည့်ထားမိတာပဲလို့..။
တကယ်တော့..။
ချောင်းဆိုးပျောက်ဆေး။ အဖျားကျဆေးတွေ မူးယစ်စေတာတွေပါတာချည်းပါပဲ..။
အရက်ကမူးမရမ်း..မရစ်ရင်.. လူတွေဆက်ဆံရေးမှာအင်မတန်ကောင်းစေတာပါ..။
သောက်ပြီး ဘေးလူတွေမထိခိုက်စေနဲ့ပေါ့.။
အဲဒီလိုထိန်းနိုင်ရင်… ချသာချ..။
ပြီးရင်.. မပြောရဲတဲ့..ရည်စားစကား..ပါးချလည်းခံရဲတယ်ကွဆိုပြီး သွားပြော..။
အဆင်ပြေသွားဖို့.. ရာခိုင်နှုန်းတော်တော်များပါတယ်..။ 🙂
( အဆင်မပြေတော့လည်း အရက်ကြောင့်မှားမိပါတယ် လုပ်လိုက်ပေါ့..)
weiwei
April 15, 2011 at 8:23 am
ရာသီဥတု အရမ်းပူလို့လားမသိဘူး … ကိုယ်ပါ ပူနေပြီ … အဲယားကွန်း ၂ လုံးဖွင့်ပြီး အလယ်မှာ အိပ်တာတောင် မအေးတော့ဘူး …. 🙁
သင်္ကြန်ဖီလင်တော့ ပျက်ပါပြီ … 🙁
ဆူး
April 15, 2011 at 8:50 am
သင်္ကြန်ဖီလင် တရိုးနေး လို့ ပြန်လာပြီ။
ogre
April 15, 2011 at 10:01 am
ွှအဲကွန်းတော့မချိဝူးဗျာ
ဒါပေမယ်အသုဘကရတဲ့ယပ်တောင်ကတော့
အတော်အသုံဝင်သဗျို့…ခပ်လိုက်တိုင်းအေးနေတာပဲ
ကျားကွဲပြီးလိုက်မန်းနေရတာအရသာရှိသဗျ
နိဂိမိရေအချိန်မှိလာရင်တစ်စိတ်လောက်ကျန်သေးတယ်နော်
လက်ကျန်မရှင်းခင်…ထပ်မံသတင်းပေးလိုက်တယ်
သင်္ကြန်မှာမှာကွဲပြီး..အက်ဆီဒင့်နဲ့သေတဲသရဲတွေ
မကျွတ်ကျပါစေနဲ့ဗျား…………..
shwepyithu
April 15, 2011 at 10:54 am
ဒီမှာတော့ လမ်းဘေးက မဏ္ဍပ်ကော မမဏ္ဍပ်ကပါ ဖွင့်ထားတဲ့သီချင်းသံ ပေါင်းစုံနဲ့ နားတွေ အူနေပြီ။ ကြားတယ် ကြားတယ် မှတ်လဲ မရပါဘူး။ ဘေးနားမှာ မဏ္ဍပ်သုံးလေးခုရှိတော့ အတော်အီနေတယ်။ ပျင်းစရာကောင်းသော SKY Net သင်္ကြန်ကိုပဲ ကြည့်လိုက် စိတ်ပျက်လိုက်လုပ်နေတယ်။ ဥပုဒ်စောင့်ချင်ပေမဲ့ အဆာမခံနိုင်လို့။ သီလယူထားသူတွေရဲ့ ကုသိုလ်ကောင်းမှုကို သာဓုခေါ်ပါတယ်။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
kopauk mandalay
April 15, 2011 at 11:00 am
သင်္ကြန်ရေဆိုတာ အန္တရာယ်ကင်းတယ် (ကားတိုက်ဆိုင်ကယ်မှောက် လူရိုက်ခံရလို့ မသေခင်အချိန်လေးထိပေါ့)
သူများပျော်လို့ မပျော်နိုင် အလုပ်လုပ်ရလို့ ငိုင်(သင်္ကြန်သူများတွေ အလုပ်ပိတ်တာတောင် အကြောင်းအမျိုးမျုးိကြောင့် အလုပ်လုပ်နေရသူတွေအတွက်ပေ့ါ)
သင်္ကြန်ပိတ်ရက် ဘယ်မှမထွက်ဘဲ ဘာဝနာပွားမယ်(သိပ်ကောင်းတဲ့ အစီအစဉ်ပေါ့ စိတ်တွေက သာ ဟိုဒီမလွင့်ခဲ့ရင်)
သင်္ကြန်ရက်အား အိမ်မှာနားပြီး ယမကာမှီဝဲမယ်( အရက်နာ ကျပြီး မာလကီး မယား ခဲ့ရင်သိပ်ကောင်းပေါ့ နော်)
ကျနော်က တော့ ဘယ်လို အချိန်ကုန်အောင်ဖြုန်းရမလဲ စဥ်းစားနေတုန်း မဒမ်ပေါက်က တံမျက်စီးတစ်ချောင်းကိုင်ပြီး အိ်မ် အရှင်းခိုင်းပါတော့ တယ်။
ဆူးမမရေ အဲဒါ 2011 သင်္ကြန်ဖီလင်ပါဘဲ။
ဆူး
April 15, 2011 at 12:12 pm
မဒမ်ပေါက်က တံမျက်စီးတချောင်းကိုင်ပြီး အိမ်ရှင်းခိုင်းတာ ကောင်းတယ်။ အိမ်ရှင်းတော့ သန့်တာပေါ့။ သန့်သန့် ရှင်းရှင်း နေရတာပေါ့။
eros
April 15, 2011 at 1:04 pm
သင်္ကြန်အိမ်မှာနေတယ်၊ ဂိမ်းဆော့တယ်၊ စာဖတ်တယ်၊ ပိုစ့်တင်ဖို့ စာရေးတယ်။ မနက်ကတော့ ရပ်ကွက်လမ်းထဲက ကလေးတွေရှေ့ လမ်းသလားလိုက်တယ်။ ကလေးတွေက ကားလမ်းမနဲ့ နီးပေမယ့် သိတဲ့ အတိုင်း မိဘတွေက စိုးရိမ်လို့ လမ်းမပေးမထွက်ဘူး။ လမ်းထဲမှာက လူသွားလူလာနည်းတော့ ကလေးတွေ ပတ်ချင်ပေမယ့် ပတ်လို့မရ ဘူး။ eros ငယ်ငယ်ကလည်း အဲဒီလို ကြုံခဲ့ဘူးတယ်။ ဒါနဲ့ ကလေးတွေကို ကိုယ်ချင်းစာ သနားတာရယ်၊ကိုယ်ကလည်း ရိုးရာမပျက် သင်္ကြန်ရေတနှစ်တခါ ရွှဲရွှဲစိုကောင်းတယ်အန္တရာယ်ကင်းတယ် ဆိုပြီး လမ်းထဲက ကလေးတွေရှေ့ လမ်းသလားလိုက်တယ်။ရွှဲရွှဲစိုရော။
သင်္ကြန်ရေဆိုတာ ……….. အန္တရာယ်ကင်းတယ် …………. ပတ်စမ်းခင်ရယ်……… မြို့မမြို့မ အတူနွှဲပျော်မယ်…………….
နောင်နှစ်ကိုလည်း………. ဆီးလို့ကြိုကွယ် မောင်ကြီးလာပါမယ်…………….. လာပါမယ်…………
ပြန်ပါဦးမယ်ပြန်ဦးမယ်………… နှုတ်ခွန်းဆက်ပါတယ်………. ဟေး……………
nigimi77
April 15, 2011 at 1:43 pm
‘D နေ ့ ..ဒီနေ ့ပေါ့ဗျာ…။ ရောင်းရင်းဆီက ကုန်း(ဂုံး)ဆင်းလာတဲ့ Black Label လေး သောက်ရင်း
ဘွားဆူး Post အတွက် သင်္ကြန် ဖီလင်ရှာကြည့်တာ ဒီနှစ်က အမဲရောင်တွေ လွမ်းမိုးတယ်ထင်ပ
Black နဲ ့ စတဲ့ Day Club တွေ များသဗျ။ ထူးခြားမှု အနေနဲ ့ ဒီနှစ်မှာ သမီးပျိုတွေ မဖော်ပဲ သားပျိုတွေ
အားရပါးရ ဖော်ကြပါတယ်။ ၁ဝ ယောက်မှာ ရ ယောက်နှုံး အပေါ် အဝတ်ချွတ်ပြီး မြိုင်ကျပါတယ်။
အားရ စရာကတော့ ၂ဝ ကျော် ပတ်ဝန်းကျင်တွေနဲ ့ လူငယ်တွေက ရင်ပိန် နံပိန် ဗိုက်ရွှဲတွေပဲ။
ကုဋ္ဌေ ၄၆၀ဝ ဖွားတွေထင်ပါရဲ ့။
nigimi77
April 15, 2011 at 1:44 pm
Day Club ဆိုတာ ရေသင်္ကြန် မန်းဒတ် တွေကို ပြောတာပါ။
antimoe
April 15, 2011 at 1:47 pm
မနက် ပရိတ်ကြီး၁၁သုတ်တရားခွေဖွင့်တယ်။
လမ်းထိပ်က ကလေးတွေ ရေပက်ခံထွက်ကြတာ မနက်၈နာရီမှာ တခေါက်ပြန်လာကြပြီ။
နေ့လည်မှာနားကြပြီး ညနေ တစ်ခေါက်ထွက်ကြဦးမယ်။
နေ့လည်လောက်မှာ မီးသတ်ဥဩသံကြားတယ်..တနေရာရာမှာတော့ တခုခုပဲ။
အိမ်ဘေးက မုန့်လုံးရေပေါ် လာပို့တာ စားလိုက်တော့ ငရုတ်သီးတစ်တောင့်မိသွားတယ်။
သူငယ်ချင်းတွေဆီ ဖုန်းဆက်တော့ တရားစခန်းသွားကြတယ်တဲ့။
တူမလေးတွေ…အပြင်သွားဖို့ အဖေါ်မရှိလို့..အောင့်သက်သက်။
ရွာထဲဝင်ကြည့်တော့လည်း ချောက်ချက်..ချောက်ချက်။
ဖတ်ချင်တဲ့စာအုပ်ပေတဲ့..မှောက်လျက်..ခေါက်လျက်။
တနေကုန် တညလုံး စာတန်းထိုးကားတွေ ကြည့်ပြီး မျက်တွင်းက ဟောက်ပက်..ဟောက်ပက်။
အိပ်လို့်ကောင်းနေတုန်း အပူလုံးက နှောင့်ယှက်။
ဘီယာတွေ..စားစရာတွေ..ဈေးတက်လို့ တမှောင့်ခက်။
မြန်မာရဲ့ သင်္ကြန်မှာ….မြန်မာမှာနေနေတဲ့ အရသာပါ။
ဆူး
April 15, 2011 at 1:51 pm
ကြည့်မြင်တိုင် ဘက်နားမှာ မီးလောင်သွားတယ်။ အဲဒီဘက်ကို မီးသတ်ကားတွေ သွားကြတာပါ။
eros
April 15, 2011 at 2:03 pm
etone ကြည့်မြင်တိုင်ဘက်မှာ နေတာနော်။ မေးစမ်းလိုက်ကြပါဦး။
ဆူး
April 15, 2011 at 2:41 pm
တုံး နေတာ မဟုတ်ဘူး တုံးချစ်သူ နေတာ.. မမေးတော့ဘူး MRTV 4 သတင်း မှာ စာတမ်းထိုးသွားတယ်။ နေရာမေ့သွားလို့ ချ မရေးတာ။
ဆူး
April 15, 2011 at 3:04 pm
သင်္ကြန်ဖီလင် မှာ.. ဘာလို့ အတာအိုးတွေ ထိုးပြီး သိကြားမင်း ကြိုတာ မပါကြတာ ပါလိမ့်။ ဆူး အိမ်မှာလည်း မလုပ်ဘူး။ မလုပ်တဲ့ လူတွေ များလာရင် မြေအိုးရောင်းတဲ့ လူတွေ ဂွင် မကောင်းဖြစ်ကုန်တော့မယ်။ ဟီးဟီး။
bigbird
April 15, 2011 at 3:10 pm
သင်္ကြန်အိုးက ဘာအဓိပ္ပါယ်နဲ့လုပ်ကြတာလဲ..သိချင်သား။
eros
April 15, 2011 at 3:16 pm
အတာအိုးက သိကြားမင်းကို ကြိုဖို့ပါ့။ အိမ်က အမေက မလုပ်ဘူးလုပ်တာ။ ညီမက ဈေးက ဝယ်လာပြီး ကြုံရာ အိုးတအိုးနဲ့ ထည့်ထားလိုက်တယ်။
eros
April 15, 2011 at 3:29 pm
ဒီသင်္ကြန်မှာ လဲ ပိတောက်များနဲ့ ကိုယ့်တယောက်ထဲပဲပေါ့။ သင်္ကြန်မှာ တပတ်နွမ်း ဂျင်းအဟောင်းစတိုင် အပြာလေးနဲ့ စပို့ရှပ် အပြာနုနဲ့ မန္တလာသူ ချစ်မမ ကိုလွမ်းနေတဲ့ လူငယ်လေး တယောက်ဆိုရင်တော့ တခြားသူမဟုတ်ဘူး eros ပဲဗျ။
weiwei
April 16, 2011 at 2:59 am
အတက်နေ့ သင်္ကြန်ဖီလင်ကတော့ ဆိုးတယ် … ဖျားပြီး ဒေါင်းသွားတာ အခုမှပဲ ထနိုင်တော့တယ် ..
zoe
April 16, 2011 at 3:22 am
လွမ်း တယ် ။ 🙁
naywoonni
April 16, 2011 at 11:17 am
ငါလည်း လွမ်းတယ်…။ လွန်ခဲ့တဲ့ နှစ်20 လောက်က သင်္ကြန်ကို ……..
ဆူး
April 16, 2011 at 11:21 am
နှစ် ၂ဝ လောက်တုန်းက သင်္ကြန်မှာတော့ ရေပုံးလေးနဲ့ ရေခွက်ကလေး ကိုင်ပြီး ဟိုပက် ဒီပက်.. ပက်စရာ လူမရှိရင် ကိုယ့်ဟာကို လောင်း.. ဟီးဟီး နဲ့ အော်ရီ.. လူကြီးတွေက တော်ပြီ အေးတယ် တက်တော့ ဆိုမှ.. အိမ်ပေါ်တက်တယ်။
trojan93infection
April 16, 2011 at 12:29 pm
ကျွန်တော်ကတော့ စလုံးကနေ ကိုယ့်နိုင်ငံက……သကြန်ကိုစိတ်ကူးနဲ့ပဲ မှန်းဆတမ်းတရင်း ကျော်ဖြတ်လာ သကြန်ဆိုတာ ဘာမှတောင်ဟုတ်တိပတ်တိမခံစားလိုက်ရဘူး…….
ဆူး
April 16, 2011 at 12:38 pm
သင်္ကြန် ဖီလင် ကတော့ အခု ပြီးသွားပြီ ဆိုတော့ အနှစ်ချုပ်..
နေ့တိုင်း စတုဒီသာ မုန့် တွေ စားရတယ်။
အိပ်ရေးဝတယ်။
အေးအေးလူလူ လုပ်ချင်တာ လုပ်လို့ရတယ်။
စိတ်လေး လက်အေး နေရတယ်။
eros
April 16, 2011 at 1:16 pm
သင်္ကြန်ကတော့ ဒီညနေပဲပြီးသွားပါပြီ။ မကြာခင်မှာ အလုပ်ပြန်တက်ရတော့မယ်။ နားလို့ မဝသေးဘူး။
အားလုံးပဲ မင်္ဂလာနှစ်သစ်ပါ။ မနက်ဖြန် နှစ်ဆန်းတရက်နေ့ ဘုရားကို ညနေပိုင်းသွားပါမယ်။
kham noon
April 23, 2012 at 10:30 pm
ဒီမှာတော့နှစ်ဆန်းနှစ်ရက်ထိရှိတယ်…………