အမှတ်တရ Accident

weiweiApril 14, 20111min027

၅ နှစ်လောက် ကြာခဲ့ပါပြီ။ ဒါပေမယ့် အခုပြန်တွေးလိုက်ရင် အခုချက်ခြင်းဖြစ်သလို အားလုံး အသေးစိတ်ပြန်မြင်ယောင်မိလောက်အောင် အမှတ်တရအဖြစ်အပျက်ဖြစ်နေပါသေးတယ်။

တစ်ရက်မှာ အလုပ်ကိစ္စနဲ့ သန်လျင်က ရေကြောင်းတက္ကသိုလ်ကို သွားဖို့ အကြောင်းပေါ်လာပါတယ်။ ကျွန်မတစ်ယောက်ထဲမဟုတ်ပဲ နောက်ထပ် တစ်ယောက်လဲသွားရမှာဆိုတော့ သူ့အစီအစဉ်အတိုင်းပဲ သွားဖို့ စိတ်ကူးလိုက်ပါတယ်။ သူ့မှာ အသစ်စက်စက် မာစတာဂျစ်တစ်စီးရှိပါတယ်။ သူက ဒရိုင်ဘာနဲ့ အမြဲစီးနေကျပေမယ့် အဲဒီနေ့က သူ့ဒရိုင်ဘာက မအားဘူးဖြစ်နေတယ်။ အစည်းအဝေးကလဲ မသွားလို့မဖြစ်တာနဲ့ သူကိုယ်တိုင်ပဲ မောင်းသွားလိုက်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

ရန်ကုန်မြို့ထဲမှာ ဖြည်းဖြည်းပဲမောင်းလာတော့ ဘာမှအခက်အခဲမရှိပါဘူး။ သန်လျင်တံတားပေါ်ရောက်တော့ မိုးဖွဲဖွဲရွာနေပါတယ်။ သူက သန်လျင်ဘက်ကို အရင်တုန်းက ခဏခဏရောက်ဖူးကြောင်းနဲ့ လမ်းအခြေအနေတွေကို ပြောပြပါတယ်။ ကျွန်မတို့က ကောင်းမောင်းနေကျ မဟုတ်ရတဲ့အထဲ မိုးကလဲနဲနဲရွာနေတော့ အထူးသတိထားပြီး မောင်းလာကြပါတယ်။

ကျိုက်ခေါက်ဘုရားလမ်းအတိုင်းမောင်းလာပြီး ကျားဘုရားကုန်းထိပ်နားရောက်တော့ သူကပြောသေးတယ်။ အဲဒီနားက ခဏခဏ ကားမှောက်တယ်တဲ့။ အဲဒီလိုပြောနေလို့မှ မကြာသေးဘူး။ ရှေ့တည့်တည့်ဘက်ကနေလာတဲ့ ကားကို ကျွန်မတို့ကားက တိုက်တော့မလို အခြေအနေ ရုတ်တရက်ဖြစ်သွားပါတယ်။ သူက တိုက်မိမှာကို ကြောက်ပြီး စတီယာရင်ကို လမ်းဘေးဘက်ကို လှည့်ပစ်လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ ဝုန်း … ဒိုင်း ဆိုပြီး အုတ်တံတိုင်းလို ခပ်မာမာတစ်ခုကို တိုက်မိပြီး ကားရပ်သွားပါတယ်။ ကားရှေ့ဘီး နှစ်ဘီးက မြောင်းထဲမှာ ဇောက်ထိုးအနေအထားနဲ့ ကျနေပါတယ်။ ကျွန်မကတော့ ကားရှေ့ခန်းမှာ တစ်ပတ်လည်သွားပါတယ်။ နှဖူးနဲ့ ကားရှေ့မှန်ကို ဆောင့်မိထားပါတယ်။ မူးပြီး ပူထူသွားတာနဲ့ ဘာဖြစ်လိုက်မှန်း ဖြုန်းကနဲ မသိဖြစ်သွားသေးတယ်။

ကံကောင်းတာတစ်ခုက အဲဒီနားမှာ သံသနာ့ဗိမာန်တည်ဆောက်နေချိန်ဆိုတော့ အလုပ်သမားတွေ အများကြီးရှိနေပါတယ်။ သူတို့တွေ ရောက်လာကြပြီး လူအင်အားနဲ့ ကားကို မရွေ့ပေးကြတယ်။ ဟန်းဖုန်းလဲ မိလို့တော်သေးတယ်။ ယာဉ်ထိန်းရဲလား ပြည်သူ့ရဲလားမသိဘူး ၂ ယောက် ရောက်လာတယ်။ ချက်ခြင်းရောက်လာလို့ နဲနဲတောင် အံ့ဩမိသေးတယ်။ သူတို့ကလဲ လိုအပ်တာတွေ မေးမြန်းပြီး ဝိုင်းကူပေးကြပါတယ်။ အလုပ်ထဲကို အကြောင်းကြားပြီး ကားကိုစွဲပြီး ယူသွားဖို့ ကားတစ်စီးလွှတ်ခိုင်းလိုက်ရပါတယ်။ ကားလဲ ဝပ်ရှော့မှာ တော်တော်ကြာကြာပြင်လိုက်ရပါတယ်။

အဲဒီတုန်းက ကျွန်မသတိထားမိတာတစ်ခုက ကျွန်မ အလွန်ခေါင်းမာတယ်ဆိုတာပဲ … ကျွန်မ နဖူးနဲ့ ကားမှန်ကိုစောင့်မိတာ နှဖူးက ဘာမှမဖြစ်ပဲ ကားမှန်က အက်ကွဲသွားပါတယ်။ ကျွန်မမျက်နှာပေါ်က မျက်မှန်က တွန့်လွန်ကောက်ကွေးပြီး ပြန်တပ်လို့မရအောင်ဖြစ်သွားပေမယ့် ခေါင်းကတော့ ဘာမှမဖြစ်ပဲ အကောင်းအတိုင်းပါပဲ .. 😛

ဘာဖြစ်တာလဲလို့ ကားမောင်းတဲ့သူကိုမေးကြည့်တော့ သူလဲ အရမ်းသတိထားတယ်။ အရှိန်လဲ နဲနဲလေးနဲ့မောင်းလာတယ်။ ဒါပေမယ့် ဘယ်လိုမှ ထိန်းမရဖြစ်သွားတယ်တဲ့။ ရှေ့ကကားကို တိုက်မိမှာစိုးရိမ်တာနဲ့ လမ်းဘေးချလိုက်တာ ထပ်ပြီး ထိန်းမရဖြစ်ပြီး မှောက်တဲ့အထိ ဖြစ်သွားပါတယ်။ အံ့ဩစရာတော့ ကောင်းပါတယ်။

ကျွန်မတို့လဲ အစည်းအဝေးကို မရောက်ပဲ ရန်ကုန်က အလုပ်ဆီကိုပဲ ပြန်ရောက်လာကြပါတယ်။ ကျွန်မကတော့ ခြေထောက်မှာ နဲနဲပွန်းပြီး ခေါင်းမူးသွားတာကလွဲပြီး ဘာမှမဖြစ်ခဲ့ပါဘူး။ ကားမောင်းတဲ့သူကတော့ ဟန်းဘရိတ်ကို အသေဆွဲမိတဲ့ဒါဏ်နဲ့ လက်မမြှောက်နိုင်တာ ၂ လ လောက်ကြာသွားပါတယ်။

ကျွန်မနဲ့ ရင်းနှီးတဲ့ ရေကြောင်းတက္ကသိုလ်က ကျောင်းသားတစ်ယောက်ပြောပြတာက အဲဒီနေရာက မကြာခဏ ဖြစ်တတ်ပါတယ်တဲ့။ သူတို့လဲ ကြုံဖူးတယ်။ အဲဒါ အရှိန်ကိုလျော့လို့ဖြစ်တာတဲ့။ အဲဒီနားရောက်လို့ မိုးရွာနေရင် အရှိန်ကိုလုံးဝမလျော့ပဲမောင်းရပါတယ်တဲ့။

သန်လျင်ကျောက်တန်းဘက်ကို သွားလည်ရင် အဲဒီနားရောက်ရင် သတိထားကြပါလို့ ….

 

27 comments

  • weiwei

    April 14, 2011 at 2:19 pm

    ဆူး စိတ်ကူး စေတမန်ကို ဖတ်ပြီး သတိရသွားတာနဲ့ ရေးလိုက်တာ ….

  • ဆူး

    April 14, 2011 at 2:27 pm

    ဟီးဟီး.. ခေါင်းမာတယ် ဆိုတာ ဒါမျိုးလား.. မှတ်ထားပါ့မယ်။
    အများဖြစ်နေကြ နေရာ ဆိုတော့ ဇတ်လမ်းတွေ ဘာတွေ ရှိမှာပေါ့.. သတိလေး ဘာလေး လစ်သွားရင် သည်းထိတ်ရင်ဖို ဇတ်လမ်း တခု ရလေမလားဘဲ။
    နောက်တာနော်။

    • weiwei

      April 14, 2011 at 2:36 pm

      အဲဒီနားမှာက ကုန်းလေးဆိုတော့ လမ်းချော်ပြီး မတော်တဆ ဖြစ်လေ့ရှိတယ် … မဝေနဲ့အတူသွားတဲ့သူက လက်မမြှောက်နိုင်တာကြာလာတော့ ဘုရားက တောင်စောင့်နတ်ဆီမှာ ပွဲသွားပေးရင်ကောင်းမလားလို့ လာတိုင်ပင်သေးတယ် … မဝေက မယုံသလိုရယ်နေတော့ သူ့ဟာသူ တစ်ယောက်ထဲ သွားသလားမသိဘူး … 🙂

      • eros

        April 14, 2011 at 2:44 pm

        တကယ်တော့ မိုးရွာလို့ လမ်းချော်တာလဲပါတယ်။ စတီယာရင် အဆုံးလှည့်မိလိုက်လို့လဲ ဖြစ်ကောင်းဖြစ်နိုင်တယ်။ နောက်တခု အဖြစ်နိုင်ဆုံးက အရှိန်နဲ့ ကတ္တရာလမ်းပုခုံး ပေါ်က မြေလမ်းပေါ်ပြုတ်ကျသွား လို့ ထိန်းမရဖြစ်သွားတာနေမှာ။

  • eros

    April 14, 2011 at 2:30 pm

    တော်တော် မာတဲ့ ခေါင်းပဲ။ အင်း လွန်ခဲ့တဲ့ ၁၆ နှစ်လောက်က ကိုယ်တိုင် ကြုံခဲ့ရတဲ့ ကားမှောက်တဲ့ အတွေ့အကြုံလေးရေးရင် ကောင်းမလား။ ရေးချင်တာတွေများပြီး မြန်မာစာ ရိုက်တာ နှေးနေတာခက်တယ်။

  • eros

    April 14, 2011 at 2:36 pm

    eros လည်း ကားကို မြန်မြန်မောင်းတက်တဲ့ လူစားထဲမှာပါတယ်။ ယေဘူယျအားဖြင့် မြန်မြန်မောင်းတာ အန္တရာယ်များတယ် ဆိုနိုင်ပေမယ့် အမြဲမမှန်နိုင်ပါဘူး။

  • weiwei

    April 14, 2011 at 2:55 pm

    လမ်းအလယ်မှာ slip ဖြစ်တာ … ကားက ဘယ်ဘက်ကို ဦးတည်ပြီး ချော်လာတော့ တခြားကားနဲ့တိုက်မိမှာစိုးတာနဲ့ ညာဘက်ကို အမြန်လှည့်ချလိုက်ရတယ်.. ကားတာယာအသစ်စက်စက်နဲ့ အရှိန်နဲနဲနဲ့ သတိကြီးကြီးထားတာတောင် ဖြစ်သွားခဲ့လို့ တကယ်အမှတ်တရပါပဲ …

  • ဆူး

    April 14, 2011 at 3:10 pm

    လမ်းလုပ်တဲ့ အင်ဂျင်နီချာ တွေ သတိလစ်သွားလို့ ဖြစ်မှာပေါ့

  • weiwei

    April 14, 2011 at 3:18 pm

    အင်း … စဉ်းစားစရာပဲ …
    အခုတလော ရန်ကုန်မှာ ကားလမ်းတွေ (ဘုရင့်နောင်လမ်း၊ သာကေတ ရှုခင်းသာလမ်း၊ …. ) အပေါက် အပေါက်တွေ ဖြစ်နေတာ ကားတွေအရှိန်နဲ့လမ်းမချော်အောင် လမ်းအင်ဂျင်နီယာတွေက တမင်လုပ်ထားတာလား မသိဘူးနော် … 😛

  • ဆူး

    April 14, 2011 at 3:23 pm

    အပေါက်တွေ ရှောင်ရင်းနဲ့ ရှေ့ကား နဲ့ ခေါင်းထိုး.. လူနားက ပွတ်ဆွဲ.. အဲလို ဖြစ်ဖြစ်နေတာ ခဏခဏဘဲ.. ချိုင့်ထဲ ခဏခဏ ကျရင် ကား ဘွတ်တွေ လဲရတယ် ဆိုလား.. ဘာလား.. ကားအလိုင်းမန့် သမားပြောတာဘဲ။ ကားခဏလေးနဲ့ စုတ်တယ်။

    • eros

      April 15, 2011 at 1:26 pm

      ဘွတ် တင်မကပါ။ ရှော့ဘား၊ တိုင်းရော့၊ အမ်းဘွတ်၊ လဲရပါတယ်၊ လေးလဲကျိုးနိုင်ပါတယ်။ ဒါကမြင်သာတဲ့အပိုင်းပါ၊ မမြင်သာတဲ့နေရာဆိုရင် ကားဘော်ဒီတွေ နဲ့ကျောက်ကုန်ပါတယ်။ ကားက မြန်မြန် ဟောင်းနွမ်းပျက်ဆီးပါတယ်။ ကားတံခါးဘွတ်တွေ လဲရပါတယ်။

  • kopauk mandalay

    April 14, 2011 at 3:48 pm

    ဟုတ်ပြီ ဝေမမပြောမှ ချောက်ကိုသွားတုန်းက ကိုပေါက်တို့ ကားတစီးထဲ လမ်းမပေါ်မြွေလိ်မ်မြွေကောက်ပြေးတဲ့အကြောင်းရေးအုံးမယ်
    မျှော်…………………………………….

  • unclegyi1974

    April 14, 2011 at 4:19 pm

    မာစတာဂျစ်ကစက်ရုံထုတ်ဆိုရင်ဖြစ်တတ်ပါတယ်
    ကားလေးကဖရိန်အောက်တည့်တည့်မှာဆိုတော့
    အထမ်းမကောင်းဖူး လေးခွါကိုဖရိန်ဘေးကို
    ပြန်ထုတ်ပေးရတယ် အဲဒါမှမောင်းကောင်းတာ
    တော်သေးတာပေါ့ မဝေရယ်
    မျက်မှန်ကောက်ကွေးသွားတာ
    မျက်စိကိုဒုက္ခမပေးသွားလို့
    နောက်မို့ဆိုအခုလိုပြန်ရေးပြနိုင်မှာမဟုတ်လောက်
    ဖူးနော်

  • kai

    April 14, 2011 at 5:30 pm

    နပိုလီယန်က.. ငယ်ငယ်က မြင်းပေါ်ကလိမ့်ကျပြီး..ခေါင်းထိသွားတယ်..။
    အဲဒါ..စစ်ဘုရင်ဖြစ်တော့.. သူ့တပ်က စစ်သားတွေ..တဦးချင်းစီကို သေသေချာချာသိတယ်.. နာမယ်ကြီးတာပဲ..။
    ဦးနှောက်ပိုကောင်းသွားပုံပေါ်ပါတယ်..။

    ဝေမမလည်း ..အဲဒီလိုဖြစ်သွားသလားပဲ…။

  • bigcat

    April 15, 2011 at 1:00 am

    အန်တီဝေရဲ့ သူဆိုတာ ဘယ်သူတုန်း…… စကားထဲကတော့ ဇာတိပြလာပြီဗျို့… ရွာသားများဆက်မေးကြပါ…..

  • weiwei

    April 15, 2011 at 2:37 am

    အခုနှစ်တွေမှာ ဂဏန်းတွေနဲ့ နံမည်တွေကို မှတ်လို့မရတာ အဲဒါကြောင့်များလားမသိဘူး … 😛

    ကိုကြောင်ကြီးရေ … သူ ဆိုတာ ကျွန်မ ဆရာ … ဒီပို့စ်ကိုသာ သူဖတ်မိရင် ကျွန်မကို ထရိုက်မလားမသိဘူး … 🙁

  • ဆူး

    April 15, 2011 at 2:49 am

    ဆူးတို့များ စာကို ဖတ်ရင် ဘယ်လောက် သမန်ကာ လျံကာ ဖတ်လဲ ဆိုရင် ဦးကြောင်ကြီးပြောမှ သတိထားမိတယ်။

    • akswe

      April 15, 2011 at 3:05 am

      ဆူးလား စာဖတ်ရှမ်းတာ….သူတွေ.ချင်ရင်ကျတော. လတွေရက်တွေမှားနေတာ သတ်ပုံကျနေတာ
      တောင် ချက်ခြင်းမြင်တယ်
      မသိရင်ခက်မယ် ဟေ ..ဟေ ..ဟေ့။

      မဝေလည်းဉာဏ် မကောင်းရှာ ပါဘူး တရားတွေထိုင်ထားတော.၊ ၆လ လောက်ရွာထဲ မဝင်တဲ.သူတွေလည်း နစ်ခ်နိမ်းလေးလောက်ပဲ မှတ်မိတယ် ။

  • တညင်သား

    April 15, 2011 at 4:59 am

    လမ်းတွေကနေပူရင် ကတ္တရာပျော်ပြီး လမ်းသွားတဲ့အခါ ဖိနပ်နဲ့ကပ်ကပ်နေတော့ သွားရတာရှေ့မရောက်ဘူး မိုးရွာပြန်တော့လဲ ကတ္တရာသားပြောင်တင်းပြီး တာယာ အသစ်လောက်မှ နဲနဲစိတ်ချရမယ်…ဒါကြောင့် သတိထားလို့ ပြောတာ….မဝေက တညင်သူပေါ့ ကျွန်တော်က အထက(၄).. ဆွေမျိုးတွေ တွေ့ပြီ သူကြီးနဲ့ ဦးကြောင်ကြီးတို့ကို ဖိုက်ရမယ်…. တညင်သား/သူတွေ သတ္တိရှိကြောင်း မှန်ကိုခေါင်းနဲ့တိုက်ပြထားတာ..တွေပြီလား………

  • ဆူး

    April 15, 2011 at 5:14 am

    မှန်နဲ့ ခေါင်းနဲ့ စောင့်ပြီး သက်သေပြတယ် ဆိုတော့..
    ဘုရင့်နောင် ရဲ့ စစ်သည်တော် လုပ်ချင်လို့ လက်မကို သံစိုက်တာ လက်တွန့်လို့.. ရင်ကိုခွဲ အသည်းကို ထုတ်ပြတဲ့ သဘောမျိုးဖြစ်နေတယ်။
    ရီရတယ်..
    ဆူး ထင်တာ မမှားဘူး ဆိုရင် မမှီ နေတဲ့ နေရာက သန်လျင် အလွန်ဘက်က ရွာကနေ တာ ဖြစ်လိမ့်မယ်။
    မနက်ကနေ ထွက်သွားတာ ညနေမှ ပြန်ရောက်တယ် စာအုပ်ရှာတာ ကြာသွားလို့ ပြောထားတယ်။
    မနက်က ထွက်ပြီး ချက်ချင်းသွား ချက်ချင်းပြန် နေ့မွန်းမလွဲခင် ပြန်ရောက်မဲ့သဘောရှိတယ်။ သန်လျင် အသွားအပြန် ၂နာရီ လောက်ဘဲ ကြာတာဆိုတော့.. သန်လျင်နဲ့ သိပ်မဝေးလှဘူး ထင်တယ်။

  • weiwei

    April 15, 2011 at 5:15 am

    တညင်သားလို့ တွေ့ကထဲက ကျွန်မက ဆွေမျိုးလို့ သတ်မှတ်ထားပြီးသားပါ …

    ဝန်ထမ်းတွေ သန်လျင်မှာတာဝန်ကျရင် ပြောနေကျတစ်ခုက … သန်လျင်ရောက်ရင် ရွှေထွက်မယ်တဲ့ … တခြားမြို့က စုထားတဲ့ရွှေတွေ သန်လျင်ရောက်ရင် ရောင်းသုံးပစ်ရလို့ … 😛

  • kai

    April 15, 2011 at 7:14 am

    ှဗိုလ်ချုပ်ရွာမှာ ထန်းရည်သွားသောက်ဖူးတာ သတိရမိတယ်..။
    အဲဒီတုံးကတော့ သဘောင်္ာနဲ့သွားရတာပေါ့ကွယ်…။ 🙂

  • လင်းဝေကျော်

    April 15, 2011 at 7:39 am

    အခုတော့ကားလေးနဲ့ သွားသောက် ခဏပဲ။ မြောက်ဥက္ကလာမှ ဝေးသေးတယ်။
    မဝေတို့ ကားမှောက်ရတာ မောင်းသူ မကျွမ်းကျင်တာ အဓိကပါ။
    မကျွမ်းကျင်တော့ စိုးရိမ်စိတ်များ။ စိုးရိမ်တော့ ဘေးကို အရမ်းဆွဲချ။
    လမ်းကလည်း ကျဉ်းတော့ ချက်ချင်းလမ်းဘေးကျသွားတာပေါ့။
    နေ့စဉ်ကားတွေအများကြီးအဲဒီလမ်းမှာ သွားနေသလို ကိုယ်တိုင်လည်း အဲဒီလမ်းပေါ်
    မောင်းသူအနေနဲ့ကော စီးသူအနေနဲ့ပါ အကြိမ်ပေါင်းများစွာသွားဖူးပါတယ်။
    ဒီလောက်ဆိုးတာမဟုတ်ပါ။ မြန်မာပြည်က အင်ဂျင်နီယာတွေ တိုင်းပြည်ကို ဘယ်လိုဖျက်ဆီးကြတာကို တော့ နောက်မှ အကျယ်ပြောပါရစေ။ မဝေကိုတော့ အားနာပါရဲ့။

  • weiwei

    April 15, 2011 at 7:46 am

    အားမနာပါနဲ့ .. ကျွန်မက အင်ဂျင်နီယာအစစ်မဟုတ်ဘူး … အင်ဂျင်နီယာအတု … 😛
    တိုင်းပြည်ကို တိုးတက်အောင်လဲမလုပ်ဘူး .. ဖျက်လဲမဖျက်ဆီးဘူး … 🙂

    ကိုခိုင်ပြောမှ သီတာသင်္ဘောကို သတိရသွားတယ် … အလွမ်းပြေ ပို့စ်တစ်ခုလောက် ရေးလိုက်အုန်းမယ် …

  • antimoe

    April 15, 2011 at 4:42 pm

    ွှအံတီမိုးလည်း…ခေါင်းထိဖူးတယ်။
    အဲဒီနောက်ပိုင်း..မှတ်ဉာဏ်ပိုကောင်းလာတယ်..:D
    လွန်ခဲ့တဲ့၂ဝနှစ်က..တပည့်အားလုံးနီးပါးကို..ကောင်းကောင်း မှတ်မိတယ်။
    အခုတော့လည်း….ပြောင်းသွားတဲ့အထက်ကလူကြီးရဲ့ နံမယ်တောင် အစဖေါ်လို့မရဘူး….(တခါတလေပါ။)

    • weiwei

      April 16, 2011 at 3:53 am

      အန်တီမိုးက ဆရာမပဲ … တက္ကသိုလ်တစ်ခုခုက ဖြစ်ရမယ် … တက္ကသိုလ်တွေများလွန်းလို့ ဘယ်တက္ကသိုလ်ကလဲဆိုတာတော့ မှန်းရခက်နေတယ် … ဂျပန်ကို ပညာသင်သွားဖူးတယ်ဆိုတော့ … သိပ္ပံနဲ့နည်းပညာကဖြစ်နိုင်တယ် …
      YUFL ကလဲ ဖြစ်နိုင်တာပဲ …

  • ဆူး

    April 16, 2011 at 3:38 am

    အန်တီမိုး မေ့တဲ့ အထဲမှာ အန် နဲ့ အံ မှားတာတောင် ပါနေ မလားလို့.. (တခါလေပါ။)
    (ပညာရှိ သတိလွတ်ခဲ)

Leave a Reply