အင်တာနက်ဆိုင်မှာ အီးမေလ်း အသုံးပြုသူများအတွက် လုံခြုံမှုရှိစေရန်

Yin Nyine NwayApril 11, 20111min08


အခုပြောပြမဲ့အကြောင်းအရာကတော့ အင်တာနက်ဆိုင်မှာသုံးတဲ့သူများအတွက်ပါ။ အရေးကြီးလားမကြီးဘူးလားတော့မသိဘူး။တို့ Gtalk သုံးပြီး sign out တဲ့အခါ username မှာ
အသုံးပြုခဲ့တဲ့နာမည်တွေကိုကျန်ခဲ့မှာစိုးလို့ လျှောက်ရိုက်ပြီး ထွက်တတ်ကြပါတယ်။တစ်နေ့ကregistery ထဲဝင်ကလိရင်းနဲ ့တွေ့သွားတာပါ။ အဲလို as ပေးပြီးပိတ်ခဲ့လဲ registery မှာ Gtalk ကိုဘယ် user
တွေသုံးခဲ့လဲဆိုတာပြန်ကြည့်လို့ရတယ်။(အင်တာနက်ဆိုင်မှာလုပ်တဲ့သူများကောင်မလေးချောချောလေး လာသုံးလို့ gtalk သိချင်ရင်လဲကြည့်လို့ရတာပေါ့  ကောင်မလေးများဆိုရင်တော့ကောင်လေးချောချောလေးကို
မှတ်မ ှာပေါ့နော် ) အခုဒီပိုစ်လေးရေးတာအဲလိုလုပ်ဖို့တော့မဟုတ်ပ ါဘူးဗျ။ အဲဒါကိုကာကွယ်ဖို့နည်းလေးပါ။ဒီပိုစ်လေးကိုဖတ်ပြီး ကိုယ့် gtalk ကိုသူများတွေလာကြည့်လို့မရအောင်ကာကွယ်ဖို့သက်သက ်ပါ။
ကဲအဲဒါလေးကိုဘယ်လိုကာကွယ်မလဲဆိုတော့။ win+R နှိပ်ပါ။ box ထဲမှာ regedit ရိုက်ထည့်ပါ။ အဲဒီကနေHKEY_CURRENT_USER==>Software==>Google==>Google Talk==Accounts ကိုထောက်လိုက်ပါ။
ညာဘက်မှာ o ဆိုတာတွေ့ပါမယ်။ အဲဒါကို double Click နှိပ်ပါ။ Value data: အောက်မှာ gtalk သုံးခဲ့တဲ့ username တွေကိုတွေ့ရပါမယ်။ ကိုယ်နာမည်ပါရင်ဖျက်ခဲ့ပေါ့။ ကူညီချင်တယ်ဆိုရင်တော့သူများနာမည်တွေပါဖျက်ပေး
ခဲ့ရင် ပိုကောင်းတာပေါ့  ။ အဲဒါပြီးရင်မပြီးသေးဘူးဗျ စောစောက Accounts ကိုကြည့်နေတယ်မလား အပေါ်ကအဆင့်ပြီးရင် အဲဒီ +Accounts ဆိုတာရှိတယ်မလား အဲဒီ + လေးကိုနှိပ်လိုက်ပါ။ အဲဒီမှာ ကိုယ်ဝင်ထားတဲ့ Username
တွေရှိပါသေးတယ်။ ကိုယ့် Username ပေါ် click ထောက်လိုက်ပါ။ right click==>delete နဲ့ဖျက်လိုက်ပါ။ ဒါဆိုရင်တော့လုံခြုံပြီပေ့ါ ။
မော်ဇီလာမှာ တစ်ချို့တစ်လေ က ပတ်စ်ဝပ်တွေကျန်တာတွေရှိပါတယ်။ အဓိက ဆိုက်ဖာ ကာဖေးတွေမှာ ဖြစ်တတ်ပါတယ်။ အများသုံးလေ။ ဒါကြောင့် ကိုယ့် ဝင်တဲ့ ဝက်ဆိုက်မှာ ကိုယ့်အကောင့် ကျန်တာတို့ မဖြစ်အောင်။ ဂျီမေးလ် နဲ့အခြားအရေးကြီးဆိုက်တွေ မှာ လုံခြုံမှုရှိအောင် အသုံးပြုပြီးတိုင်း၊ ဘရောက်ဇာမပိတ်ခင်မှာ ကိုယ်ဘာဝက်ဆိုက်တွေ ဖွင့်ထားခဲ့တယ် ဆိုတာ scholl bar မှာ မတွေ့ရအောင်။ အသုံးပြုပြီးတိုင်း Ctrl+Shift+Del ကို နှိပ်ပါ။
အားလုံးကို ဖျက်ဖို့ ကလစ် အကုန်ပေးပါ ဒါပြီးရင် Clear Private Data ပေးလိုက်ပါ။ နောက်လူက ဘာမှ မသိနိုင်တော့ပါဘူး ။
နောက်တစ်ချက်က မော်ဇီလာမှာ အသုံးပြုခဲ့တဲ့ ပတ်စ်ဝပ်များ ကို သေချာ အသုံးပြုပါ ပတ်စ်ဝပ်ဆေ့ဖ်မှာလား ဆို No ဘဲပေးပါ။ ဒါမှ မယုံကြည်သေးရင် မော်ဇီလာက Tools——–> Option——> Security——–>
Savepassword ဆိုတာရှိပါတယ်။ အဲ့ဒီမှာ ကိုယ့်ပတ်စ်ဝပ်က ကျန်မကျန်ကြည့်လို့ရပါတယ်။ မာစတာ ပတ်စ်ဝပ်ခံထားရင်တော့ ကြည့်လို့မရပါဘူး။ မာစတာ ပတ်စ်ဝပ်ရှိမှ သိနိုင်ပါတယ်။   ဒါကတော့ သေချာပြန်စစ်ဘို့လိုမယ့်အချက်လေးတွေပါ။ ဖိုရမ်တွေဝင် ရင်ပိုဆိုးပါတယ်။ ကိုယ့် အကောင့်နဲ့တခြား သူတွေက ဝင်ပြီး မဟုတ်တာတွေ စွတ်လုပ်သွားရင် ကိုယ်ဘဲ နာမည်ပျက်မှာပါ။ ကိုယ့်ရဲ့ပေါ့လျော့မှုကြောင့် မဖြစ်ရအောင် ပြောတာလေးကို သေချာလုပ်ပေးကြဘို့ ပြောလိုပါတယ်။

 

8 comments

  • ငှက်ကြီး

    April 11, 2011 at 3:23 pm

    သော်ဇင်ရေ..ဒီပို့စ်က အရင်ပို့စ်တွေလောက်ဆွဲဆောင်မှုမရှိဘူး။နဲနဲရှုပ်နေသလိုပဲ။
    ဒါပေမယ့် ကြိုးစားရေးထားတာကိုတော့ ချီကျုးပါတယ်။
    ဆက်လက်အားပေးနေပါတယ်။

    Reply

  • ဆူး

    April 11, 2011 at 4:07 pm

    ဦးကြီးငှက်.. သော်ဇင် နဲ့ ယဉ်ငြိမ်းနွေး နဲ့ ပိုစ်မှားပြီး မန်း မိနေပြီ။

    Reply

  • shwe ni

    April 11, 2011 at 8:58 pm

    Thank you Yin Nyine Nway .

    Reply

  • nigimi77

    April 12, 2011 at 6:59 am

    အေးလေ ကိုငှက်ကလဲ။ ရင်ငြိမ်းနွေးကို သော်ဇင်ရဲ ့ကြင်ယာတော်များ မှတ်နေလား မသိဘူး။
    အိပ်ချင်မူတူးနဲ ့။

    ကျေးဇူးပဲ ရင်ငြိမ်းနွေးရေ။

    Reply

  • cobra

    April 12, 2011 at 8:16 am

    အရမ်းကျေးဇူးပါ

    Reply

  • Yin Nyine Nway

    April 12, 2011 at 9:12 am

    သူများကိုနော် မှားစရာရှားလို့ ကိုငှက်နော်…

    Reply

  • hmee

    April 12, 2011 at 9:35 am

    ကျေးဇူးပါ။ ကူးထားလိုက်ပါတယ်။

    Reply

  • photwenty

    April 23, 2011 at 5:29 am

    တန်ဖိုးရှိလှပါပေတယ်ဗျာ

    Reply

Leave a Reply

Your email address will not be published.