ရသေ့တန်ခိုးပြ

bigbirdApril 10, 20111min07


ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း လာချ်စီမာမြို့မှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ခုမှာ ဆီမန်းချက်ပွဲတစ်ခုကိုပြုလုပ်ကျင်းပခဲ့ပါတယ်။ အဆိုပါဆီမန်းချက်ပွဲကို ဘုန်းကြီး ၁၁ပါးအပြင် ရသေ့ ၅ပါးတက်ရောက်ခဲ့ကြပါတယ်။ ရသေ့ တစ်ပါးဟာ မီးဖိုပေါ်မှာရှိတဲ့ အုန်းဆီအပါအဝင် အမျိုးပေါင်း၁၀၈မျိုးပါဝင်ချက်ပြုတ်ထားတဲ့ ဆီပူပူဒယ်အိုးကြီးထဲမှာ နာရီဝက်ကြာ ထိုင်ပြီးဂါထာရွတ်ဖက်ခဲ့တယ်လို့ဆိုပါတယ်။ ဒယ်အိုးထဲကထွက်လာပြီးသည့်နောက်မှာလဲ လာရောက်သောပရိတ်သတ်ထဲမှ တစ်ယောက်ကိုခေါ်၍ ငှက်ကြီးတောင်ဓါးရှည်ဖြင့် နောက်ကျောကိုခုတ်ပြခဲ့ရာ ထိုသူမှာ မည်သည့်ဒဏ်ရာမှ မရရှိဘူးဟု ဆိုပါတယ်။ အဆိုပါ ဆီမန်းချက်ပွဲ ပြုလုပ်နေချိန်တွင် လပြည့်ညဖြစ်သဖြင့် ကောင်းကင်မှာသာယာနေရာမှ ဂါထာများ၏တန်ခိုးကြောင့်ဟုဆိုကာ ချက်ချင်းဆိုသလို မိုးအုံ့လေပြင်းတိုက်လာပြီး ပြန်လည်သာယာလာသည်ဟုဆိုပါတယ်။
အဆိုပါဆီမန်းချက်ပွဲကိုပြုလုပ်ရခြင်းမှာ အိုမင်းနေပြီးဖြစ်တဲ့ ကျောင်းအားပြန်လည်ပြုပြင်ရန်အတွက်လို့ဆိုပါတယ်။ မည်သို့ပင်ဆိုစေ တစ်ချို့ကတော့ နည်းတစ်မျိုးမျိုးသုံး၍ လိမ်လည်သည်ဟု ဆိုနေကြပါတယ်။
အဆိုပါသတင်၏အောက်တွင် ” ဖက်ရှုသူများ စဉ်းစားချင့်ချိန်၍ ယုံကြည်ပါရန်” ဟု ပူးတွဲပါရှိပါသည်ခင်ဗျာ။

7 comments

  • ဆူး

    April 10, 2011 at 3:19 pm

    သေချာ လေ့လာ ပြီး သတင်း ရေးရန် အတွက် သဂျီးကို အခုက စပြီး လွတ်လိုက်ပြီ…
    မကြာခင် သဂျီးထံမှ.. ရှာဖွေ စူးစမ်းထားသမျှ ထုတ်ပြီး ပြောပြပါတော့မယ်။
    ဓူဝေ.. ဓူ…ဝေ….. ဒူ………. (မောင်းခတ်တဲ့ အသံ)

    Reply

  • တညင်သား

    April 10, 2011 at 5:18 pm

    ဒယ်အိုးထဲက ထွက်လာတာက ရသေ့လေ ကိုငှက်ကြီးက ဘာလို့ ပရိသတ်ထဲကလူကိုခေါ်ပြီး နောက်ကျောကို ဓါးနဲ့ ခုတ်ပြရတာလဲ ….??????????

    Reply

  • ငှက်ကြီး

    April 10, 2011 at 5:40 pm

    အဲ့ဒီဆီမန်းလိမ်းပြီးတော့ ခုတ်ပြတယ်ထင်တာပဲ။
    ဆီမန်းစွမ်းကြောင်းပြတာ ဖြစ်လိမ့်မယ်..တညင်သားရေ..
    ကိုငှက်ကြီးကတော့ သူရေးထားတဲ့အတိုင်း ဘာသာပြန်လိုက်တာပါ။
    ဘာကြောင့် ပရိတ်သတ်ထဲကလူကိုခေါ်ပြီး ဓါးနဲ့ခုတ်ပြရတာလဲဆိုတာတော့အသေးစိတ်ရေးမထားလို့ သေချာပြန်မရှင်းပြနိုင်တာခွှင့်လွှတ်ပါနော့။

    Reply

    • kai

      April 11, 2011 at 7:19 am

      လတ်စ်ဗေးဂစ်စ်က မျက်လှည့်မှော်စရာတွေများ.. သူထက်စွမ်းသေး..။
      ဒေးဗစ်ကော့ပါးဖိးလ်လည်း..အဲဒီရသေ့ဆိုသူထက် အဆပေါင်းများစွာစွမ်းတာပဲ..။

      အစွမ်းတကာ့အစွမ်းဆုံးတွေကတော့ ..ဟောလိဝုဒ်က ဒါရိုက်တာတွေပဲ..။
      ကမ္ဘာကို ဖျက်ပြနေတာ..ဖိက်ပြပြီး လုပ်စားနေတာ… အကြိမ်ရာချီနေပြီ..။
      အဲဒါကို ..ရှေးနှစ် ၁၀ဝလောက်က…. ယောဂကျင့်နေတဲ့ ယောဂီက..စိတ်ဂဂျိုးဂဂျောင်ဖြစ်ပြီး ..အာရုံပေါ်သွားထင်ရင်.. ဘာတွေဖြစ်မလည်း တွေးသာကြည့်ပေတော့..။ :0

      Reply

  • zawinaing

    April 11, 2011 at 3:02 am

    ဒါဆို အဲ့ဒီ ဆီမန်းတွေကို ပုလင်းသွပ်ပြီး ဈေးကွက်ထဲ ဖြန့်လိုက်ရင် ထောပြီ……..

    Reply

  • bigcat

    April 11, 2011 at 3:16 am

    ရုပ်ဝါဒီသဂျီးက သူ့ရဲ့နောက်ဆုံးပေါ် ကွန်ပြူတာက ရသေ့တန်ခိုးထက် ပိုစွမ်းကြောင်း ကြုံးဝါးပြီး ခြေဆန့်လိုက်တာ ကွန်ပြူတာပလပ်ကြိုးပြုတ်ပြီး ပြန်ဖွင့်မရတော့လို့ ဆိုင်ပို့လိုက်ရပါကြောင်း။ နောက်သုံးရက်အကြာ ပြင်ပြီးတဲ့အခါ သိပ္ပံတန်ခိုး ပိုစွမ်းကြောင်း သက်သေပြမည်ဟု ခိုင်လုံသော သတင်းရပ်ကွက်မှ သိရသည်။ ;P

    Reply

  • etone

    April 11, 2011 at 7:23 am

    ပရိတ်သတ်ထဲက လူခေါ်တာ သူတို့ မွှေးထားတဲ့ အထဲကပဲ ဖြစ်ပါလိမ့်မယ်… သိပ်တော့ မယုံဘူး ။

    Reply

Leave a Reply

Your email address will not be published.