Myanmar’s tattooed women

Zaw WonnaApril 4, 20111min03
Photo: AFP

ပန်းမြောင်ရွာမှာနေတဲ့ မထွေးဆိုတဲ့ ချင်းအမျိုးသမီးကြီးရဲ့ မျက်နှာပေါ်က ဆေးမင်ကြောင်တွေပါ။ မထွေးဟာ အခု အသက် ၆၅ နှစ် ရှိပြီဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက် ငယ်စဉ်တုန်းက ထိုးထားခဲ့တာပါ။ အခုဆိုရင် သူတို့ရွာမှာ မျက်နှာဆေးမင်ကြောင် ထိုးထားတဲ့သူဆိုလို့ သူတစ်ယောက်တည်းပဲ ရှိပါတော့တယ်။  ဒဏ္ဍါရီတွေအရ  ချင်းအမျိုးသမီးတွေရဲ့ မျက်နှာမှာ ဆေးမင်ကြောင် ထိုးတာဟာ မြန်မာဘုရင်တွေရဲ့ မယားအဖြစ် သိမ်းပိုက်မှုကနေ ကာကွယ်ဖို့ ရုပ်ဆိုးအောင် လုပ်ထားတာလို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီကာလတွေတုန်းကတော့ ချင်းအမျိုးသမီးတွေ အနေနဲ့ မျက်နှာမှာ ဆေးမင်ကြောင်ထိုးတာဟာ သူတို့ရဲ့ အမျိုးသမီး ပီသမှုနဲ့ စွဲဆောင်မှု ရှိတယ်လို့ ယူဆခဲ့ကြပါတယ်တဲ့။ အခြားရွာတစ်ရွာက မစိန်ဆိုတဲ့ အသက် ၆ဝ အရွယ် ချင်းအမျိုးသမီးကြီး ပြောပြချက်အရ သူမ အသက် ရ နှစ်အရွယ်မှာပဲ သူမရဲ့ မိဘတွေကို ဆေးမင်ကြောင်ထိုးဖို့ ပူဆာခဲ့တယ်လို့ သိရပါတယ်။ သူမအနေနဲ့ ဒါကို လှတယ်လို့ ထင်ခဲ့တယ်လို့ AFP သတင်းဌာနကို ပြောခဲ့ပါတယ်။ အခုအချိန်မှာတော့ ချင်းအမျိုးသမီးငယ်တွေဟာ နာကျင်စွာ ခံစားရပြီး လှတယ်လို့ မယူဆကြတော့တဲ့ အတွက် ဒီဓလေ့ကို စွန့်လွှတ်လိုက်ကြပါပြီ။
အခုအချိန်မှာတော့ မြန်မာနိုင်ငံက ဆေးမင်ကြောင်နဲ့ ချင်းအမျိုးသမီးကြီးတွေဟာ နိုင်ငံခြား ခရီးသွားတွေအတွက် ထူးခြားတဲ့ ဆွဲဆောင်မှုတစ်ခု ဖြစ်နေကြောင်း သိရပါတယ်။

Ref: www.channelnewsasia.com

3 comments

  • ဆူး

    April 4, 2011 at 10:47 am

    ဆေးမှင်ကြောင် ထိုးပြီး ခါစများ မျက်နှာ တခုလုံး ယောင်ကိုင်းပြီး နာနေမှာဘဲ.. ဘာပဲ ပြောပြော ဆေးမှင်ကြောင် မထိုးသင့်တော့ပါဘူး။ တမင် ကိုယ့်ဒုက္ခ ကိုယ်ရှာတယ်လို့ဘဲ မြင်မိတယ်။

    Reply

  • MaMa

    April 4, 2011 at 4:55 pm

    ချင်းတွေ ပါးရဲထိုးတယ်ဆိုတာ ကြားဖူးတယ်။ မလှဘူးလို့ထင်နေတာ။ ခု ဒီပုံကိုကြည့်တော့ လှတယ်လို့ ထင်လာတယ်။

    Reply

  • Gong Zhu

    April 5, 2011 at 6:54 pm

    နာလည်းနာမှာ .. ကြောက်တယ် … တော်တော် သတိရှိတယ်နော် … နည်းနည်းနောနော မဟုတ်ဘူး … တစ်ချို့ယောကျာ်းလေးတွေတောင် ထိုးရဲမှာမဟုတ်ဘူး … လေးစားပါတယ် …

    Reply

Leave a Reply

Your email address will not be published.