အပူရှိ်န်မြင့်တက်၍ ငါးမွေးကန်မှ ငါးများပိုမိုသေဆုံး

klnApril 28, 20101min01

ယခုနွေရာသီတွင် အလွန်ပူပြင်းနေသောကြောင့် ငါးမွေးကန်များ၌ ငါးသေဆုံးမှုဆက်လက်ဖြစ်ပေါ်နေကြောင်း ငါးမွေးမြူရေးလုပ်ငန်းရှင်တချို့က ပြောသည်။ “တစ်ဦးတည်းဧက ၁၀၀ဝပိုင်တဲ့ကန်တွေမှာ တစ်နေ့တည်း ငါးကောင်ရေတစ်ထောင်လောက်သေတာ နေ့စဉ်လိုပဲ”ဟု ဧရာဝတီ ငါးမျိုးမြှင့်တင်ရေးနှင့် ငါးမြစ်ချင်းမွေးမြူရေးလုပ်ငန်းရှင် ဦးဝင်းကြိုင်ကပြောသည်။ ငါးမွေးမြူရေးလုပ်ငန်း အတွေ့အကြုံနှစ် ၂ဝအတွင်း ယခုနှစ်သည် ငါးသေဆုံးမှု အဆိုးရွားဆုံးနှစ်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။ “ရာသီဥတုပြင်းထန်ပြီး ရေအပူချိန်မြင့်တက်နေတော့ ငါးတွေအရိပ်အာဝါသရဖို့ ဒိုက်တွေချပေးထားရတယ်”ဟု မြန်မာနိုင်ငံ ငါးမွေးမြူရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးသန်းလွင်က ပြောသည်။ ငါးလုပ်ငန်းဦးစီးဌာနနှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ငါးမွေးမြူသူများအား ရေအရည်အသွေးထိန်းသိမ်းနည်းသင်တန်းများ ပို့ချပေးရန်စီစဉ်ထားကြောင်း ၎င်းကပြောသည်။ ယခုနှစ်မတ်လဆန်းတွင် တွံတေးမြို့နယ်၌ ဖြစ်ပွားခဲ့သော ငါးသေဆုံးမှု ဖြစ်စဉ်တွင် ငါးကောင်ရေ ၁သိန်းလုံး ညတွင်းချင်း သေဆုံးခဲ့သည်။ ယခုနှစ်တွင် မိုးရွာသွန်းမှုမရှိသေးသရွေ့ ငါးသေဆုံးမှုများ ပိုမိုမြင့်မားလာဖွယ်ရှိပြီး မိုးရွာလာမှသာ သေဆုံးမှုနှုန်းလျော့ကျလာမှာဖြစ်ကြောင်း ရာသီဥတုပြောင်းလဲမှုကို လေ့လာစောင့်ကြည့်၍ အသိပညာဖြန့်ဖြူးရေးနေသူတစ်ဦးကပြောကြားခဲ့သည်။www.khitlunge.org.mm

One comment

  • susunosuki

    April 28, 2010 at 6:23 am

    ပူလွန်းလို့ ငါးတွေလည်းသေ
    လူတွေလည်း ဂိ

    Reply

Leave a Reply

Your email address will not be published.