ရန်ကုန်မြို့ ပန်းဆိုးတန်း-ဒလဆိပ်ကမ်း အနီး ကမ်းနားလမ်းမပေါ်တွင် သစ်လုံးတင်ယာဉ် အပါအဝင် ယာဉ် လေးစီးဆင့် တိုက်မှု ဖြစ်ပွား

ဦးကောက်March 26, 20111min02

b35223

၂၀၁၁ ခုနှစ် မတ်လ ၂၅ ရက်နေ့ နံနက် ၁ဝ နာရီ ၁ဝ မိနစ်အချိန် ဝန်းကျင်ခန့်တွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်း ဒလဆိပ်ကမ်းအနီး ကမ်းနားလမ်းမပေါ်တွင် သစ်လုံးတင်ယာဉ် အပါအဝင် ယာဉ်လေးစီးဆင့် ယာဉ်တိုက်မှုတစ်ခု ဖြစ် ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နံနက် ၁ဝ နာရီ ၁ဝ မိနစ်ဝန်းကျင် အချိန်ခန့်တွင် ဗိုလ်အောင်ကျော်လမ်းဘက်မှ မောင်းနှင်လာသော သစ်လုံးတင်ယာဉ်မှာ အရှိန်မထိန်းဘဲ ပန်းဆိုးတန်းကမ်းနားလမ်း မီးပွိုင့်တွင် ရပ်ထားသော အိမ်းစီးကားတစ်စီးကို တိုက်မိရာမှ လေးစီးဆင့် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

”မီးပွိုင့်မှာ ကားတွေရပ်ထားတုန်း သစ်လုံးကားကြီးက အရှိန်မထိန်းနိုင်ဘဲ နစ်ဆန်းဆလွန်းကားကို ဝင်တိုက်မိတာ။ ကားက အရှေ့က ဒိုင်နာကို ဝင်တိုက်မိတယ်။ ပြီးတော့ အဲဒီကားရဲ့ ရှေ့က ဟိုင်းလတ်ကားကိုပါ
တစ်ဆင့်ထပ်တိုက်မိတာ။ ကားလေးစီးမှာ နီဆန်းစလွန်းကားကတော့ အပျက်အစီး အများဆုံးပါပဲ။ လူတွေတော့ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ဘူး”ဟု အဆိုပါဖြစ်စဉ် အနီးရှိ မျက်မြင်တစ်ဦးက ပြောပါသည်။

Eleven Media Group မှ ကူးယူဖော်ပြသည်။

2 comments

  • ဆူး

    March 26, 2011 at 3:26 pm

    သစ်လုံးကားကြီးတွေ သိပ်ဆိုးတယ်။
    ကားကြီးတွေ ဘေးမှာ လာရပ်ရင် ကြိုးပြုတ်ပြီး သစ်လုံးကြီး ကျလာမှာ စိတ်ပူနေရတယ်။

    Reply

  • Gong Zhu

    March 26, 2011 at 5:13 pm

    ဟုတ်ပါ့ မမဆူးရေ ။ သစ်လုံးကားကို ကျော်ရင်လည်း မြန်မြန်ကျော်ရတယ် .. တစ်ခါတစ်လေ ဘေးချင်းယှဉ်မောင်းလာပြီး ရှေ့က က အိပဲ့အိပဲ့နဲ့ဆို ကျော်လို့လည်းမရ နဲ့ ဘုရားစာပဲရွတ်နေရတယ် ။ ကြောက်လို့ ။။။

    Reply

Leave a Reply

Your email address will not be published.