မြန်မာ စကား နှင့် တွေးလုံးများ

အာဂMarch 14, 20111min06

တီတီတာတာ၊ တို့ကဏန်း ဆိတ်ကဏန်း၊ ကသာကပါး။ကသောမျောပါး။တိုလီမိုလီ၊ပြာခတ်ပြာလောင်၊ဘုစုခရု၊

ထွေကာလီကာ၊ထွေလီကာလီ၊ ကလိန်ဆင့်ငြမ်းဆင်၊ပလီစီချောက်ချက်၊ပွတ်သီးပွတ်သပ်၊ဟိုစပ်စပ်ဒီစပ်၊စစ်စ်ပေါက်ပေါက်။

ပေါက်ပေါက်ရှာရှာ၊ကမြင်းကျောထ၊ရေရေရာရာ၊စစ်စစ်ပေါက်ပေါက်၊စေ့စေ့စပ်စပ်၊စီးစီးပိုးပိုး၊ကတောက်ကစ၊အုတ်အော်သောင်းနင်း၊

စေ့စေ့ကြည့်၊ထော်လော်ကန့်လန့်၊ပေါက်ပေါက်ဖောက်၊ရေးတေးတေး၊လူလူသူသူ၊ပေါက်ပန်းလေးဆယ်၊ရွာရိုးကိုးပေါက်၊ဆူဆူဖြိုးဖြိုး၊

ကျကျပေါက်၊အကျအနကောက်၊ဗရုတ်သုတ်ခ၊ခပ်သုတ်သုတ်၊ဗရမ်းဗတာ၊

ထိုစကားလုံးများသည် မြန်မာစကားတွင်တွေ့ရှိရသော စကားလုံးများဖြစ်သည်။

စကားလုံးတိုင်းတွင် အဓိပ္ပာယ်တစ်ခုစီတော့ရှိမယ်ထင်ပါသည်။တစိချို့စကားများသည် ရာဇဝင်ပင်ရှိသည်။

ဥပမာ- ဘုမသိဘမသိ စကားလုံးပင် ဇာတ်လမ်းရှိသည်။ အချို့စကားလုံးများသည်လည်း တစ်ခေတ်တစ်ခါက

ဗန်းစကားများဖြစ်ကောင်းဖြစ်နေပါလိမ့်မည်။ထို့ကြောင့် ထိုစကားလုံးများ၏အဓိပ္ပာအချို့ကိုသိရှိသူများအနေဖြင့်

ဖြေကြားပေးစေလိုပါသည်။

ဥပမာ-ကျွန်တော်အဓိပ္ပာယ်သေချာမသိသောစကားလုံးများမှာ (တီတီတာတာ၊ တို့ကဏန်းဆိတ်ကဏာန်း၊တိုလီမိုလီ၊ဘုစုခရု၊ထွေလီကာလီ၊

ပလီစီချောက်ချက်၊ဗရုတ်သုတ်ခ)စသည်တို့ဖြစ်သည်။

6 comments

  • juttue.gyi

    March 14, 2011 at 12:15 pm

    ဟီးးးးး ကျတော် လည်းမသိဘူးဗျာ တစ်ရာ့ကိုး တစ်ရာတစ်ဆယ် တော့သိတယ်ဗျာ။

    Reply

  • ဆူး

    March 14, 2011 at 1:22 pm

    ရာဇဝင်တော့ မသိဘူး
    ကြားပါများတော့ အဲဒီ စကားတွေ ရဲ့ ဆိုလိုရင်းကို သိတယ်။
    ကလိန်စေ့ ငြမ်းစင် ဆိုတာကတော့ လူကြီးတွေက ပြောပြတယ် ကလိန်စေ့ ဆိုတာ သေးလွန်းလို့ ငြမ်းစင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် မဖြစ်နိုင်တာကို ပြောဆိုတတ်တဲ့ လူတွေ ကို ကလိန်စေ့ ငြမ်းစင် ဆိုပြီး ပြောကြတာ ဖြစ်ပါတယ်တဲ့ ရှင်။

    Reply

  • anewgenerationbone

    March 14, 2011 at 1:37 pm

    ဒါနဲ ့ကိုအာဂ ရဲ ့နာမည်ရောဘယ်လိုများ သဘောပေါက်ရမလဲဗျ
    အာဂ ဆိုတာ တကယ့်လူလို ့ဆိုရမလား
    သာမန်ထက်ထူးသော လူစွမ်းကောင်းလို ့ဆိုရမလား
    လူထူးလူဆန်း အစွမ်းရှိသူ လို ့ဆိုရမလား
    ကျွန်တော်ကတော့ နလဗိန်တုံးဆိုတော့ သိဘူးဗျ
    ဒါနဲ ့နလဗိန်တုံးဆိုတာကရော ဘာဝေါဟာရကို မှီပါလိမ့်နော်…..

    Reply

  • ယောလေး

    March 14, 2011 at 3:15 pm

    အဲ့ဒီစကားလုံးလေးတွေတောင် တစ်နေရာနဲ့တစ်နေရာ သုံးပုံခြင်း မတူကြဘူးဗျ….
    အခြေနေနဲ့ အချိန်ခါပေါ်မူတည်ပြီး ပြောကြာတာ…လေ..
    ဒါပေမယ့် ကြားဖန်များတော့ နားလည်တာပါပဲ..ဘာကိုဆိုလိုတယ်ဆိုတာ သိနေတယ်

    Reply

  • ဆူး

    March 14, 2011 at 4:08 pm

    ဖိုးတွမ်တီး ဆို သူခိုးမှန်း သိတယ်။

    Reply

  • လင်းငယ်

    March 14, 2011 at 10:30 pm

    ထပ်ပြီးတော့ မေးလိုက်ဦးမယ်နော်။ အခွင့်လေးကြုံတုန်း။ ပူတူးတူးလေး ဆိုတာကော ဘာလဲဟင်။

    Reply

Leave a Reply

Your email address will not be published.