Mount Fortress, Macau

ဆူးFebruary 27, 20111min02

မကာအို နိုင်ငံက တချိန် ပေါ်တူကီတွေ အုပ်စိုးစဉ်က ပင်လယ်ကမ်းစပ်နဲ့ နီးတဲ့ တောင်ပေါ်မှာ တပ်ဆွဲထားပြီး စောင့်ကြည့်တဲ့ နေရာ ဖြစ်ပါတယ်။

ပင်လယ်ကမ်းစပ်နဲက အနီးဆုံးဖြစ်တဲ့ တောင်မြင့်မြင့်လေး ဖြစ်ပေမဲ့ ယခု အချိန်အခါမှာတော့ ပင်လယ် ကမ်းစပ်နဲ့ တော်တော် ဝေးသွားပါပြီ။ လောင်းကစားဝိုင်းတွေ တိုးချဲ့ ဆောက်လုပ်တာမျိုး ဆောက်လုပ်ရေး စီမံကိန်း အသစ်များစွာက ယခင် အချိန်က ပင်လယ်ရေရှိနေတဲ့ နေရာမှာ မြေကြီး အဖြစ်နဲ့ တည်ဆောက်နေရာယူထားပြီး ကြပါပြီ။

ပင်လယ်ထဲမှာ ကျောက်တွေချပါတယ် ပြီးတော့ အသားသေသလောက် ရှိရင် မြေကြီးတွေ ဖို့ပြီး ဆောက်လုပ်ရေး လုပ်ငန်းများ ဆောက်လုပ်ကြပါတယ်။ နည်းပညာ ကောင်းတဲ့ အတွက်ကြောင့်လားတော့ မသိဘူး ထိုဒေသခံတွေ ပြောကြားချက်ကတော့ ဘာမှ ပြသနာ ဖြစ်တယ်လို့ မကြားမိဘူးလို့ သိခဲ့ရတယ်။
နယ်မြေ အသစ် ဖြစ်တည်ပြီး ရရှိရန် ကျောက်တွေ မြေကြီးတွေကိုတော့ တရုတ်ပြည်ကနေ ဝယ်တယ်လို့ သိရပါတယ်။

2 comments

  • juttue.gyi

    March 1, 2011 at 12:09 pm

    ဟာ တော်တော်ကုန်ကျမှာဘဲနော်

    Reply

  • ဆူး

    March 1, 2011 at 1:52 pm

    လောင်းကစားဝိုင်းတွေ ဆီကနေ အခွန်တွေ အများကြီး ရထားပါတယ်။ နောက်ထပ် ပိုစ် ထပ်တင်ပေးမယ် ဂိုက်ဆီကနေ ကြားခဲ့တဲ့ အစိုးရက နိုင်ငံသားတွေကို ကြည့်ရှုစောင့်ရှောက် ပုံတွေ ရေးပေးမယ်။

    Reply

Leave a Reply

Your email address will not be published.