စာ ကလေး လေး

မနက်စောစော ငါးနာရီ
မေမေကနုှိးပြီ။
အိပ်ချင်မူးတူး ထိုင်ခုံထက်
သားသားစာတွေကျက်။

ကော်ဖီသောက်ပြီး ခြောက်နာရီ၊
တီချာရောက်ပါပြီ
အင်္ဂလိပ်စာသိပ်ကိုခက်၊
မီးနင်းတွေကိုကျက်၊

ခွန်နှစ် နာရီထီုးပါပြီ ကျောင်းကိုသွားရမည်၊
ရေမိုးချိုးလို. အိမ်ပြင်ထွက်
ကျောင်းကားပေါ်ကိုတက်။

ကျောင်းကိုရောက်သော်
ကစားဖော် ခဏဆော.မယ်နော်
ခေါင်းလောင်းထိုးရင် အတန်းတက်
စာတွေသင်ဘို.အတွက်။

ထမင်းစားဆင်းတော. အမေခေါ်
ခုံတန်းလျားလေးပေါ်
ထမင်းစားရင်းစာတွေနွေး
မေမေ မေးခွန်းမေး။

သုံးနာရီလဲကျော်ပြန်သော်
ကျောင်းကြီးဆင်းပြီနော်
ကျူရှင်တက်ရန် ကားပေါ်တက်
အတန်းပိုင်ဆရာမ အိမ်ကိုဆက်။

ညနေငါးနာရီထိုးပြီနော်၊
သားသားအိမ်ကိုရောက်ပေါ.နော်
ထမင်းစားပြီး ခရီးဆက်
စာကျက်ဝိုင်း ကိုတက်။

ညရှစ်နာရီထိုးပါပြီ
သားသားအိမ်ကိုရောက်ပြန်ပြီ
မုန်.စားပြီးရင် စာကိုကျက်
ပြီးရင်ဂဏန်းတွက်။

ညကိုးနာရီထိုးပြီနော်
အိမ်ကို ပြန်ရောက်သော်
ခြေလက်ဆေးပြီးခုတင်ပေါ်တက်
သားသားလေးအိပ်စက်။

အိပ်စက်လို.မှမဝမှီ
မေမေလာနုှိးပြီ၊
ဒီလိုနဲ.ဘဲနေ.တွေဆက်
သားသားစိတ်တွေပျက်။
သားသားစိတ်တွေပျက်။
သားသားစိတ်တွေပျက်။

သားသားစိတ်တွေပျက်။

သားသားစိတ်တွေပျက်။

5 comments

  • susunosuki

    April 24, 2010 at 9:55 am

    ကလေးတစ်ယောက်ကတစ်နေ့တစ်နေ့ ဒီလိုပဲလည်ပတ်ရတာကို စိတ်ပျက်မှာပဲ
    ကျွန်တော်တို့ဆီမှာ private ကျောင်းတွေပေါလာတော့ စာသင်ရတာ စိတ်ဝင်စားစရာပိုကောင်းလာမယ်ထင်ပါတယ်

    Reply

    • Moe Z

      August 21, 2011 at 1:52 pm

      private ကျောင်းက subject တွေပိုများလို့ ပိုတောင်ဆိုးသေးတယ်
      music, art, ICT အကုန်လုံး ကျူရှင်ယူကြတော့ ကိုပေါက်ရဲ့ ကဗျာထက်တောင် သာတယ်..

      Reply

  • intro

    April 24, 2010 at 10:27 am

    ကလေးတွေရဲ့ ခေတ်သစ် ဒုက္ခပေါ့ဗျာ… ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်း မြင်နေတွေ့နေရပါတယ်…. ကလေးဆိုတာ ဂရုမစိုက်ပဲ ပစ်ထားလို့ မရသလို… သိတ်ဂရုစိုက်လွန်း ပြန်လည်း…. ???

    Reply

  • Rain girl

    April 26, 2010 at 8:39 am

    ခုခေတ်ကလေးတွေက သနားဖို့ကောင်းပါတယ်။ မနက်မိုးလင်းကတည်းက ကျောင်းသွား၊ ကျူရှင်သွားနဲ့ တစ်နေ့လုံးကိုမနားရတော့ဘူး။ ဘယ်မှာလဲ သူတို့အတွက်ဆော့ချိန်။ ကိုယ်လက်လှုပ်ရှားမကစားရင် ကျန်းမာရေး မကောင်းတော့ဘူး။ ကျန်းမာရေးမကောင်းရင် စာတွေဘယ်လောက်တော်တော် ပညာတွေဘယ်လောက်တတ်တတ် လောက ကြီးကို ကောင်းကြိုးမပြုနိုင်တော့ဘူးလေ။ ကလေးများကို တော်ရုံသင် တော်ရုံ ကျူရှင်ပို့ပါ။ အနားယူချိန်လေး တွေတော့ ပေးပါအုန်းကွယ်။ နောင်တစ်ခေတ်မှာ ခပ်ကြောင်ကြောင်ကလေးတွေ မဖြစ်ပါစေနဲ့လို့။

    Reply

  • windtalker

    August 21, 2011 at 12:06 pm

    မပျက်ပါနဲ ့သားသားရယ်
    ဦးပေ ပြောမယ်ကွယ်
    စာတော်ရင် ဘုရင်မ ( စားသောက်ဆိုင် )
    သားကြီးလာရင် ခွ ( စားသောက်သည် )

    Reply

Leave a Reply

Your email address will not be published.