သန်.သန်.လေးပါနော်

ဆီဝယ်ရင်လဲ သေချာမေး
ဈေးကြီးရင်ကြီးပစေ
အရောအနှောထင်ရင်မဝယ်နဲ.၊
စားအုန်းဆီလဲမပါစေနဲ.။

အသားငါးဆိုလဲလတ်ပစေ၊
အသားဆိုရင်လဲ ရဲနေပစေ၊
နံနေတယ်ဆိုမယူနဲ.
ငါးဆိုရင်လဲ ပါးဟက်ဖြဲကြည်.
ပြဲစိစိဆိုရင်ပြန်ချထားခဲ.။

ဟင်းရွက်ဆိုရေမထိုးစေနဲ.
နွမ်းရင်လဲပယ် မလန်းရင်လဲဖယ်
လတ်ဆတ်တာစားမှ
ကျန်းမာတာ။

ဆန်တွေကိုစင်အောင်ရွေး
စပါးလုံးနဲ.ခဲလဲပါရင်ဖယ်
ပြီးရင်ရေစင်စင်ဆေး
ထမင်းဆိုတာ ဖွေးသန်.နေမှ။

ဆုံကိုပြောင်အောင်ဆေး
ငရုတ်ကြက်သွန်ကိုလည်းသေချာထောင်း
အောက်ရောက်ရင်ကောက်မထဲ.နဲ.၊
ချက်မယ်.အိုးကလဲသန်.ပစေ။

ထမင်းပွဲမပြင်ခင်ဇွန်းပုဂံတွေ
စင်အောင်ဆေး။
ညီးတို.လက်တွေကလဲ.သန်.ပစေ။
ဟင်းခွက်တွေကိုမစားသေးရင်
လုံအောင်သေချာဖုံး ၊
ယင်ကောင်လဲမကျစေနဲ.
ဖုံလဲမဝင်စေနဲ.။
သားတို.ကလဲ
စားကာနီးရင်လက်ကို
နှစ်ခါပြန်ဆပ်ပြာနဲ.ဆေး
ဘက်တီးရီးယားဆိုတဲ.
ပိုးတွေဆိုတာမမြင်နိုင်ဘူးတဲ.
ညစ်ပတ်တာတွေဟာ ရွံစရာကောင်း
ဗိုက်ဖောင်းဖောင်းကြီး ထဲဝင်သွားရင်ရောဂါရမယ်။

အဲဒီ ဟစ်ဟော. တေးသံလေးကတော.
ကျနော်.အိမ်ဘေးနားက
မမသန်.သန်.ရဲ.သန်.တရား သန်.စကားများ
မကြားချင်ဘူးဆိုလဲနေ.တိုင်းကြားနေရတာပါဗျာ။

သူတို.ခင်းထားတဲ.ထမင်းစားပွဲအတွက်
ရင်းလိုက်ရတွေငွေကြေးတွေ
ဖြစ်တည်ဘို.ကြီုးစားစဉ်တုံးက
သူတို.ဆီရောက်လာတဲ.ငွေတွေမှာ
မိသားစုပေါင်းများစွာရဲ.မျက်ရည်
နိမ်.ပါးသူတို.ရဲ.ချွေးစက်တွေနဲ.ရောယှက်
မစားရက်လောက်အောင်ကို
ညစ်ပေနေတာကို များ မစဥ်းစားမိဘူးထင်ပါ.။

(သည်အတွေးလေးကိုပြောပြတဲ.သူငယ်ချင်း ကိုကျော်ကိုကျေးဇူးတင်ပါတယ်)

7 comments

  • susunosuki

    April 24, 2010 at 10:02 am

    ကိုယ့်ထိမှာတော့ကြောက်ကြတယ်နဲ့တူပါတယ်
    ဒါပေမယ့် ကျွန်တော်တို့ဗုဒ္ဓဘာသာ ဝင်တွေ အယူအဆအရဆို
    သံသရာ ကိုသန့်အောင်လုပ်ဖို့လိုပါတယ်

    Reply

  • soeshinn

    May 23, 2010 at 11:32 am

    စိတ်သန့်သန့် နှင့် လုပ်ရင် အလုပ်သန့်သန့်လေးတွေဖြစ်လာမှာပါ…

    Reply

  • windtalker

    May 7, 2012 at 10:16 pm

    မောင်ပေ တို ့ကတော့ ၊ ဆီလဲသန် ့၊ အသုံးပြုတဲ့ ဟာတွေအားလုံးလဲသန် ့၊ အလွန် ့အလွန် သန် ့တဲ့ မန်းတလေး ဒေါ်ပု ဆီမှာဘဲ အားပေးတယ် ။ ထမင်းနဲ ့ဟင်း တစ်ခါပြင် တစ်ထောင့်ငါးရာကျပ်တဲ့ ။ လိပ်စာကတော့ ကိုပေါက် မန်းတလေးဆီမှာမေး ။

    Reply

  • Khin Latt

    May 7, 2012 at 10:29 pm

    အတွေးများစွာ နဲ့ ဖတ်ပြီး အားပေးသွားပါတယ် ကိုပေါက်ရေ့။ 🙂

    Reply

  • ကိုလတ်ရေ (2)နှစ်ကျော်မှ မောင်ပေ့ကျေးဇူးနဲ့ ကျနော် စာရေးစက လက်ရာလေးပြန်ပေါ်လာပါ၏။

    Reply

  • Mလုလင်

    May 8, 2012 at 1:22 am

    ရေသန့် ဝယ်သောက် နေပြီး ဗူး မသန့် တာ သတိ မထားမိတဲ့ သူတွေ လိုများ လား .. လို့ တွေးမိတယ်ဗျာ။

    Reply

Leave a Reply

Your email address will not be published.