ဖော်ကွဲဆောင်း

ကူမားရ္February 19, 20111min03

ဖော်ကွဲဆောင်း

 

ဆောင်းအမိုက်
မောင်တို.နယ်တစ်ဝိုက်မှာ
အမှောင်.တိုက်ကာ ရမ်းတာဖြင်.
ကြမ်းချက်ကကုန်။

ဆောင်းငမူးနဲ.ဖူးစာကြုံ
ဒူးနှစ်စုံရယ်က
ရန်စောင်ကာ တစ်ဒုံဒုံ ခုတ်တယ်
ခြေဖျားကခုန်။

အအေးရယ်ပို
ဂွေးတိုအောင်ချမ်းလိုက်ပါဘိ
ရှိသမျှ အလုံးစုံ
ကိလေသာကုန်။

ပိုင်သရွေ. စောင်စုတ်ပုံ
အကုန်ထုတ်ခြုံတောင် မနွေးနိုင်ဘူး
ပုဆိုးပါ မကျန်ထွေးရတယ်
ကွေးကောက်လို.တုန်။

အေးလှပါသဗျာ
မေးနှစ်လွာ ဆတ်ခါရိုက်
တစ်ဂိုက် ဂိုက် အသံမည်
သရမ်းလိုက်ပါသည်. သည်ဆောင်း။

အကြောင်းမညီညွတ်ပါလို.
ဘောင်းဘီတွေ အထပ်ထပ်ဝတ်ခါ မအေးအောင်ခံသော်လည်း
သေးပေါက်ရင် အတောင်.လိုက်လျှံ
အေးတဲ.ဟေမာန်။

ဖော်ကွဲတဲ.ကျည်းတန်
အထီးကျန် တစ်ကိုယ် နွေးစရာဝေးသူမို.
ရင်ခုန်အောင်တွေးကာလွမ်းရတယ်
မောင်လေ………….
ဪ… ဖင်တုန်အောင်ချမ်း။

ပြီးခဲ.တဲ. ဒီဇင်ဘာ နှင်းတွေ အရမ်းကျပြီး တအား အေးတုန်းက လက်ဆော.ထားတာ ဒီနေ. နှင်းတွေပြန်ကျပြီး အေးနေလို. သတိရပြီးတင်လိုက် တာ ပါ။

ဒေါသသင်.ပြီးရိုင်းနေရင် ခွင်.လွှတ်ကြပါ။

3 comments

  • ကေဇီ

    April 14, 2014 at 11:13 am

    အဟဟ။
    ဒီပို့(စ) ဘာလို့ ကော်မန့်မရတာတုန်း??

    ဖတ်ပြီး အင်္ဂလန်မှာ ကျောင်းသွားတက်တဲ့ သူငယ်ချင်းပြောတဲ့ ဟာသ သွားသတိရတယ်။

    😀

    Reply

  • snow smile

    April 14, 2014 at 11:21 am

    ကိ လေ သာ ကုန် အောင် ချမ်း တယ် တဲ့
    ရေး တတ် ပါ ပေ ့
    ဖတ် ရင်း နဲ့ ကိုယ် ပါ ရော ပြီး တုန် လာ သ လို လို

    Reply

  • Crystalline

    April 14, 2014 at 1:51 pm

    ကွန်မင့်ပေးဖို့လန့်သွားလို့ဖြစ်မယ်.. :loll:

    Reply

Leave a Reply

Your email address will not be published.