ရော့စ်ဒန်ကလေ ဘာ့ကြောင့် အဖမ်းခံရသလဲ

nyimalayFebruary 18, 20111min04

 

မြန်မာ စာနယ်ဇင်း လောကမှာ ထင်ရှားတဲ့ မြန်မာတိုင်းမ် ဂျာနယ်ရဲ့ CEO နဲ့ အယ်ဒီတာချုပ် ဖြစ်တဲ့ မစ္စတာ ဒန်ကလေကို အင်းစိန်ထောင်မှာ ချုပ်ထားတယ် ဆိုတဲ့ သတင်းတွေ ရတော့ စိုးရိမ်မိပါတယ်။ ဒန်ကလေဟာ ထောက်လှမ်းရေးရဲ့ အဆက်အသွယ်နဲ့ မြန်မာနိုင်ငံမှာ ပထမဆုံး နိုင်ငံတကာ စံချိန်မှီ သတင်းဂျာနယ် ဖြစ်တဲ့ မြန်မာတိုင်းမ်ကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ၂၀၀ဝ ပြည့်နှစ်မှာ စတင် ထုတ်ဝေခဲ့သူ ဖြစ်ပါတယ်။ ဒီကနေ့ ဂျာနယ် လောကရဲ့ အပြောင်းအလဲမှာ မြန်မာတိုင်းမ်ရဲ့ ဩဇာ သက်ရောက်မှု အများကြီး ပါတယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာတိုင်းမ်ဟာ အနာဂတ်မှာ သတင်းစာ ထုတ်ဝေဖို့ အထိ ရည်မှန်းထားတဲ့ အကြောင်းလည်း သူတို့ ဂျာနယ်ထဲမှာ မကြာခဏ ဖော်ပြလေ့ ရှိပါတယ်။ ဒန်ကလေဟာ ဗီယက်နမ်၊ ကမော္ဘဒီးယား တို့မှာလည်း စာနယ်ဇင်း လုပ်ငန်း လုပ်ကိုင်ခဲ့သူ ဖြစ်လို့ ဗဟိုက တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားတဲ့ နိုင်ငံရေး ပတ်ဝန်းကျင်မှာ မီဒီယာ လုပ်ငန်းကို ဘယ်လို လုပ်ရတယ် ဆိုတာ နားလည်သူ ဖြစ်ပါတယ်။

ဒီလို လူတစ်ယောက် အဖမ်းခံရတော့ ဒါဟာ သတင်း ရေးသားတာနဲ့ ပတ်သက်လို့ ဖြစ်တာလား၊ ဒါဆိုရင် မီဒီယာ လွတ်လပ်ခွင့်ဟာ ဘယ်လို အခြေအနေ ရှိမလဲလို့ စိုးရိမ်မိပါတယ်။ ဒါ့ကြောင့်လည်း အဖြစ်မှန်ကို သိဖို့ အားထုတ်ခဲ့ပါတယ်။ ကျွန်တော်တို့ ရတဲ့ သတင်း အရတော့ မစ္စတာ ဒန်ကလေဟာ ဇန်နဝါရီလ ၁၈ ရက်နေ့ညမှာ သိမ်ကြီးဈေး ညကလပ် တစ်ခုက ခိုင်ဇာ အမည်ရှိတဲ့ အမျိုးသမီး တစ်ဦးကို အင်းယားလမ်းက သူ့အိမ်မှာ ပျော်ပါးဖို့ ငွေပေးပြီး ခေါ်သွားတယ်၊ အိမ်ရောက်တော့ နှိပ်စက် ညှင်းပန်းပြီး ပျော်ပါးတဲ့ အတွက် အမျိုးသမီးမှာ ဒဏ်ရာရပြီး ရဲကို တိုင်ခဲ့တယ်လို့ သိရပါတယ်။ အမျိုးသမီး ကိုတော့ ရန်ကုန် ဆေးရုံသစ် (ဂျပန်ဆေးရုံ) တင်ထားရတယ်လို့ ဆိုပါတယ်။ နောက် သတင်း တစ်ခုကတော့ ဒီအမျိုးသမီးကို ၁ရ ရက်နေ့ ညကလည်း ခေါ်ပြီး ပျော်ပါးတယ်။ အဲဒီညက အမျိုးသမီးကို ဆေးပြားတွေ မီးရှို့ပြီး ရှုခိုင်းတယ်။ မနက်ကျတော့ သူ့အံဆွဲထဲက ပိုက်ဆံကို သူမသိပဲ ယူသွားလို့ ၁၈ ရက်နေ့ညမှာ ထပ်သွား ခေါ်လာပြီး နှိပ်စက်တယ် လို့လည်း ဆိုပါတယ်။

ဒီလို အမျိုးသမီးက တိုင်တဲ့အတွက် ရဲက အမှုဖွင့်ပြီး ၂၃ ရက်နေ့မှာ ဒန်ကလေ အိမ်ကိုလည်း သက်သေတွေနဲ့ ရှာခဲ့တယ်လို့ သိရပါတယ်။ ဖွင့်ထားတဲ့ ပုဒ်မတွေ ကတော့ အပြင်းအထန် နာကျင်စေမှုနဲ့ သက်ဆိုင်တဲ့ ပုဒ်မတွေ၊ နိုင်ငံခြားသားတွေ မြန်မာ နိုင်ငံထဲမှာ နေထိုင်တဲ့ အခါ မလျော်မကန် ပြုကျင့်မှုနဲ့ ပတ်သက်တဲ့ လဝက ပုဒ်မတွေ ဖြစ်ပါတယ်။

ဒါ့ကြောင့် ရော့စ်ဒန်ကလေ အမှုဟာ မီဒီယာ လွတ်လပ်ခွင့်နဲ့ မပတ်သက်ပဲ ရာဇဝတ်မှုသာ ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဆက်စပ်ပြီး ပြောရရင်တော့ မြန်မာနိုင်ငံကို နိုင်ငံခြားသားတွေ အဝင်အထွက် များလာတာတော့ ကောင်းပါရဲ့။ သို့သော် ဘန်ကောက်လို Sex Tour တွေ ဖြစ်မလာဖို့ အတွက်ကတော့ အားလုံးထိမ်းဖို့ လိုပြီလို့ ထင်မိကြောင်းပါ။

Forward Mail မှပြန်လည်ဝေမျှသည်။

4 comments

  • good

    February 18, 2011 at 9:47 am

    ဒီမှာ က ဖမ်းချင်လို့ ဖမ်းမယ် ဆိုရင် ရတယ်။ ညပိုင်း နဲနဲ ညဉ့်နက်ရင် အိမ်အပြန် အလုပ်သမားတချို့ ဘာမသိ ညာမသိ နဲ့ အသုတ် ခံရပြီး တချို့တလေ အချုပ်ထဲ တပတ် ထိကြာတယ်။ နယ်ကမို့ လိုက်မဲ့သူမရှိလို့ကတော့ သူတို့ လက်ခုပ်ထဲက ရေပဲ။

    Reply

  • အာဖျံ ကွီး

    February 18, 2011 at 9:58 am

    ဒါပေမဲ့ … ဒါလေး (သူတို.အဖို.တော့ ကိစ္စသေးသေးလေး) လောက်နဲ.တော့ … ဒန်ကလေ အဖမ်းခံရပါ့မလား။
    သူက ဘဘ တို.နဲ.ခင်တရ်လေ။
    တခြားအကြောင်းထပ်ရှိအုံးမရ်ထင်တရ်နော။

    Reply

  • good

    February 18, 2011 at 10:25 am

    ဘဘ နဲ့ ခင်ပေမဲ့ ဖိုးဖိုး ကို ပိုင်ရအောင် ကြိုင်ကြိုင် မှ ဖြစ်မယ် ထင်တယ်။
    တခြား အကြောင်းတော့ တိတိကျကျ မ သိပါဘူး၊ ဖြစ်တတ်တာလေးကို ကြုံတုံး ရေးပြလိုက်တာပါ။

    Reply

  • bigcat

    February 19, 2011 at 4:32 pm

    ငကန်းသေ ငဆွေလာလိမ့်မပေါ့ကွယ်။ (ရွာထဲမှ အဘဆွေကိုပြောခြင်မဟုတ်ပါ.. :D)

    Reply

Leave a Reply

Your email address will not be published.