Newsဗိုလ်ချုပ်မွေးနေ့ထက် Valentine Day ကိုစွမ်းစွမ်းတမံ အကောင်အထည်ဖော်နေတဲ့ လေးစားလောက်တဲ့ ပုဂ္ဂိုလ်များ… POLFebruary 14, 20111min014 Post Views: 0 ဓါတ္ပံု
moethidasoeFebruary 14, 2011 at 3:25 am တကယ်က ဗိုလ်ချုပ်အောင်ဆန်းကို ပစ်ပယ်ချင်တာထက် အောင်ဆန်း ဆိုတဲ့ နာမည် ကြောင့် .. သူတို့ရဲ့ အတ္တကြောင့်ပါ .. ဒါနဲ့ပဲ ဗိုလ်ချုပ်ကို သိခဲ့တဲ့လူတွေ .. သိနေသေးတဲ့လူတွေ ..မေ့ပစ်အောင် ကြိုးစားနေကြတယ် .. မသိသေးတဲ့လူတွေ ဘယ်တော့မှ မသိအောင်လို့ ကြိုးစားနေကြတာပါ .. ဗယ်လင်တိုင်း ဆိုတဲ့အတိုင်း လင်တွေ တိုင်းတာဖို့ လုပ်တဲ့ နေ့လို့ ရွဲ့လိုက်ပါရစေ Reply
cobraFebruary 14, 2011 at 4:05 am တကယ်ရွံဖို့ကောင်းပါတယ်…. ဒီခေတ်လူငယ်တွေကလည်းဘယ်လိုမှ ပြောပြမတတ်အောင်အပျော်အပါးမက်လွန်းကြပါတယ်… လူငယ်တော်တော်များသိကြတာလည်း ၁၄ရက်နေ ့ဗင်လင်တိုင်းဆိုတာကိုပါ ၁၃ရက်နေ့ကဘာလဲစိတ်မဝင်စားကြပါဘူး စိတ်ဝင်စားအောင်လည်းဘာမှလုပ်ခွင့်မရှိတော့ပိုဆိုးတာပေါ့လေ။ Reply
shwepyithuFebruary 14, 2011 at 4:29 am ဝမ်းသာစရာကောင်းတာကတော့ ဟိုဟိုဒီဒီ ဟိုဆိုက်ဒီဆိုက်လေးတွေနဲ့ Forward mail တွေမှာ ဗိုလ်ချုပ်ကဗျာလေးတွေ ပြန်လည်ဖော်ပြလာပြီး တို့ ဗိုလ်ချုပ်မွေးနေ့ကို အမှတ်ရအောင် ကျူးိစားနေသူတွေ တွေ့လာရတာပဲ။ ဝမ်းနည်းစရာကောင်းတာက တစ်ချိူ့လူငယ်တွေကတော့ ဗိုလ်ချူပ်မွေးနေ့ဘယ်နေ့မှန်း သိကြပုံတောင်မရပါဘူး။ စကားမစပ် ခု ကျောင်းသင်ခန်းစာထဲမှာ အဲဒီ အောင်ဆန်းဇာနည် ကဗျာလေး ပါသေးရဲ့လားမသိဘူးနော်။ Reply
etoneFebruary 14, 2011 at 5:16 am မနေ့က လက်ဆောင်ခြင်းပေးစရာရှိလို့ သွား ဝယ်ပါတယ်တော်… ရှောပင်းစင်တာမှာ ဗယ်လင်တိုင်းဒေးအတွက် အကြီးကျယ်ကိုပဲ ကောင်တာဖွင့်ပြီးရောင်းနေတာ … ။ ကောင်လေးတွေ ၊ ကောင်မလေးတွေကလည်း ဝယ်လိုက်ကြတာ ခြင်္သေ့တွေ ၊ ဆင်တွေ တရွတ်ရွတ်ထွက်သွားတာမြင်လိုက်ရသေးတယ်… ။ အဲ့ဒီ ကောင်တာ ဘေးက ပိုက်ဆံရှင်းမလို့ ရပ်စောင့်နေတာ ရုံးက တယောက်ယောက်များမြင်သွားမလား ဆိုပြီးတောင် ရှက်မိတယ်… ဆယ်ကျော်သက်တွေ အများဆုံးလုပ်တဲ့ အလုပ်ပါ ….။ 😀 Reply
moethidasoeFebruary 14, 2011 at 6:08 am အမြင်ကျယ် တယ် ဆိုတာကို တလွဲဆံပင်ကောင်းကြတဲ့ လူငယ်တွေအတွက် ရင်လေးလွန်းပါတယ် (တလွဲအဓိပ္ပါယ် မကောက်နဲ့နော်) .. ခေတ် ရေစီးကြောင်း ဆိုတာကိုလဲ အဲဒီ လူငယ်တွေရဲ့ မိဘတွေ သုံးသပ်နေတာလဲ လွဲနေတယ် .. ငါ့သမီး ခေတ်မီတယ် လို့ ပြောရတာကို အရသာတွေ့နေတတ်တယ် .. ခေတ်မီမီ .. ဗိုက်ထွက်လာမှာကို ကြို မမြင်တတ်ဘူးလဲ ဖြစ်နေတယ် .. Reply
pitiFebruary 14, 2011 at 6:43 am အခုခေတ် လူငယ်တွေကို မြန်မာနိုင်ငံအမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ကို မေးကြည့်ရင် သိတဲ့သူ အတော်ရှားသွားပီ ဒါပေမယ့် အနောက်တိုင်းက တင်သွင်းလာတဲ့ ဗယ်လင်တိုင်းဒေး Valentine Day လို့ ခေါ်တဲ့ ချစ်သူများနေ့ဆိုတာကြီးကိုတော့ ဘယ်သူ့မေးမေး သိနေတယ်ဗျာ…. ဗိုလ်ချုပ်ကို ဂုဏ်ပြုပြီး မြန်မာ့ကလေးများနေ့ သတ်မှတ်ထားတာ ရှိတယ်လေ… အဲဒီနေ့ကို ဘယ်သူကမှ အရေးမလုပ်တော့ဘူးဗျာ အရမ်းဝမ်းနည်းစရာကောင်းတယ်နော် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့ အဲဒီနေ့ကို နိုင်ငံကိုချစ်သူတွေ မမေ့သင့်တဲ့နေ့လို့ ယုံကြည်ပါတယ်…. ခင်ဗျားတို့ရော သတိရပါရဲ့လား……. Reply
interesting news siteFebruary 14, 2011 at 8:55 am အခုလိုဆိုက်တွေမှာကိုယ်တတ်နိုင်သလောက်ရေးပေးကြတော့ကောင်းပါတယ် မေ့နေလဲသတိရသွားတာပေါ့ Reply
kopauk mandalayFebruary 14, 2011 at 11:46 am အရင်ကတော့ ဒီဗယ်လင်တိုင်းဒေးဆိုတာကို ခေတ်မီတဲ့ပညာတတ်အသိုင်းအဝိုင်းမှလူများ တိုးတိုးတိတ်တိတ်လေးလုပ်ခဲ့ကြပါတယ်။ မှတ်မှတ်ရရ 2000ပြည့်နှစ်ကစလို့ နှစ်သစ်ကူး ရော ဗယ်လင်တိုင်းရော မြန်မာလူငယ်များရဲ့ ယဉ်ကျေးမူ့ထဲကို ထဲထဲဝင်ဝင် ဝင်ရောက်လို့လာခဲ့ပါတယ်။ တစ်နှစ်ထက်တစ်နှစ် ဒီရေမြင့်လာပါတယ်။ သူများ ဓလေ့ သူများယဉ်ကျေးမူ့ကို ကိုယ်လူတွေက သွားပါတ်သက်နေတယ်ဆိုတော့ သူများဓလေ့ထုံးစံ ယဉ်ကျေးမူ့ကိုတော့ ပစ်ပစ်ခါခါသွားပြောလို့တော့ မတင့်တယ်ပါဘူး။ ကဲကျနော်မေးမယ်ကျနော်အပါအဝင်ပေါ့ဗျာ ခုခေတ်လူငယ်တွေ မြန်မာ့သမိုင်းရဲ့ သိသင့်သိထိုက်တာတွေ ကို နီးစပ်ရာလူငယ်တွေကို ဘယ်နှစ်ယောက်ကို ဘယ်နှစ်ကြိမ်လောက် ကိုယ့်ပါးစပ်ကနေ ပြောပြဘူးသလဲဆိုတာ ကို ပြန်စဉ်းစားမိပါသလား။ ကျနော်တို့ ခင်ဗျားတို့အားလုံး ခေတ်နဲ့ ခလေးတွေကို သာအပြစ်တင်ဘို့ မြင်မိနေတယ် သူတို့ကို ကျနော်တို့ က သိသင့်သိထို်က်တာတွေကို ပြောပြရမယ့် တာဝန်ရှိတယ် ဆိုတာကိုတော့ မေ့နေကြပါတယ်။ သူတို့နားမထောင်ချင်ရင်တောင်မှာ ကိုယ်က စည်းရုံးပြီးပြောပြရမှာလေ။ ကဲအခုကစလို့ ကျနော်အပါအဝင်ခင်ဗျားတို့အားလုံးနီးစပ်ရာ ကလေးတွေကိုသိသင့်သိထိုက်တာ ပြောပြဘို့ ကျျနော်တို့ကိုယ်တိုင် ကြိုးစားကြည့်လိုက်ကြရအောင်ဗျာ……….. Reply
unclegyi1974February 14, 2011 at 4:41 pm ဆရာကြီးဦးသန်းထွန်းကသမိုင်းသင်တယ်ဆိုတာ မအအောင်လို့တဲ့ သမိုင်းတွေတဖြည်းဖြည်းမှိန်ကုန်တော့လူတွေလဲ တဖြည်းဖြည်းအလာမှာပေါ့နော် နောက်တော့ ….. Reply
phantomFebruary 15, 2011 at 4:29 am သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်းပြောခဲ့သလိုပါပဲ သမိုင်းသင်တယ်ဆိုတာ မအ အောင်လို့ ဆိုတာ မှန်ပါတယ် အခုကလေးတွေ ဘာသာရပ်တွေခွဲလိုက်တော့ ဘယ်သူမှ စာအများကြီးကျက်ရမယ့် သမိုင်းကိုမယူချင်ကြပါဘူး ဘာပဲဖြစ်ဖြစ် လူအထင်ကြီးအောင် သိပ္ပံတွဲလေးတော့ ယူလိုက်မယ်ဆိုတဲ့ လူကများပါတယ်။ ဒါနဲ့ပဲ သမိုင်းကပျောက် ပြီး လူအလေးတွေ ပေါလာပါတယ်။ နောက်ဆုံးတော့ ခုလို လွတ်လပ်ရေးရဲ့ဖခင် ဗိုလ်ချုပ်မွေးနေ့ ဖေဖော်ဝါရီ ၁၃ ရက် ကို မသိပဲ နောက်မှ ဘယ်ကမှန်းတောင်မသိတဲ့ ဗယ်လင်တိုင်းရဲ့နေ့ကိုကျတော့ ၃ တန်းကလေးကအစ သိပြီး နှင်းဆီပန်းတွေ အရုပ်တွေနဲ့ အလုပ်ရှုပ်နေတော့ အနာဂတ်က ရင်မောစရာပဲဖြစ်လာပါတယ်။ Reply
thidakywewa1February 15, 2011 at 7:16 am သူ့တိုကို သူတို့ မြန်မာလိုရော မှတ်ရဲလားမသိဘူး။ လွတ်လပ်ရေးရတာ ဘယ်သူကြောင့်လဲ ။ ကျေးဇူးမသိတတ်တဲ့ အလကားဟာတွေ။ Reply
R GaFebruary 15, 2011 at 11:00 am ဖေဖော်ဝါရီ ၁၄ ရက်ဆိုတာ မနေ့ကကျော်လွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ လောက် ဘယ်နေ့က မြန်မာလူမျိုးတွေအတွက် ပိုပြီးသတိရသင့်သလဲ….တော်တော်များများ မြန်မာလူငယ်တွေ ဖော်ဖော်ဝါရီ ၁၃ ဆိုတာဘာနေ့မှန်း မသိကြတော့ပါဘူး…၁၄ ဆိုတဲ့ နေ့ကိုအာရုံထားပြီး ပျော်မြူး ဖို့စဉ်းစားနေကြတာ ဝမ်းနည်းစရာကောင်းလှပါတယ်….DVB မှ အမ မသီတာပြောသွားတာ သတိထားမိလိုက်ပါတယ် ဖော်ဖော်ဝါရီ ၁၃ လား ၁၉ လား ဆိုတာတောင် မသိတဲ့လူငယ်တွေ ရှိနေတော့ အင်မတန်ဝမ်းနည်းဖို့ ကောင်းပါတယ်…. ကိုဟယ်ရီ ရေးသားထားတဲ့ စာသားလေးတွေကို သေချာဖတ်ရင်း ဗိုလ်ချုပ်ရဲ့မွေးနေ့ ဖေဖော်ဝါရီ ၁၃ရက်နေ့ဟာ ၁၄ ရက်နေ့ထက် ဘယ်လောက်ကွာခြားတယ်ဆိုတာ မြန်မာလူမျိုးမှန်ရင် တန်ဖိုးထားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်… ဒီနေ့ .. ဖေဖေါ်ဝါရီ ၁၄ရက် ”ချစ်သူများနေ့” တဲ့လား ညီမလေးရေ … ရင်ခုန်နေသလား ကဒ်ကလေးတွေ၊ ပန်းကလေးတွေ .. ချောကလက်လေးတွေ၊ … တွေ၊ …. တွေ ဟိုက သည်က အများကြီး အများကြီး .. မင်းရနေသလား … လူငယ်တွေလဲ … အုတ်အုတ်ကျက်ကျက် လူလည်တွေလဲ … ရှုပ်ရှုပ်ယှက်ယှက် လူလတ်တွေလဲ ကသုတ်ကရက် လူတတ်တွေကလဲ ဗရုပ်ဘယက်၊ အော် … တကယ်တော့ … ဒီနေ့ဟာ … ဂရေဂိုရီယံ ကမ္ဘာသုံး နေပြက္ခဒိန်ရဲ့ ၄၅ ရက်မြောက်နေ့ … ‘ကလောဒီယပ်စ်’ ဆိုတဲ့ သဘောမကြီးမြတ်တဲ့ ပဒေသရာဇ် ဧကရာဇ်ဘုရင်ယုတ်ရဲ့အမိန့်ကို လစ်လျူသွေဖည်ပြီး ချစ်သူတွေကို တိတ်တဆိတ် လက်ထပ်ပေးတဲ့ တာနီမြို့က Saint Valentinus ဆိုတဲ့ သူတော်စင်ပုဂ္ဂိုလ်ကြီး ရောမမှာ .. နှိပ်စက်ပြီးခေါင်းဖြတ်ခံရတဲ့နေ့ပါ …. သူတို့ဟာသူတို့ ဂုဏ်ပြုရင်ပြုပါစေ … တို့တွေနဲ့ အဝေးကြီးပါကွယ် … ညီမလေးရယ် တစ်ခုလောက် သေသေချာချာ စဉ်းစားပါဦး မနေ့က … ဖေဖေါ်ဝါရီလ ၁၃ရက်နေ့လေ လွန်ခဲ့တဲ့ ၉၄နှစ်ကာလက နွေအကူး … လေရူးတွေ ဝေနေတဲ့ အဲဒီနေ့ …. စနေနေ့ မနက် အရုဏ်တက်လို့ မိုးသောက်ကျင်းတဲ့အချိန်မှာ …. ‘ထိန်လင်း’ ဆိုတဲ့ ကလေးငယ်ကလေး … ဟိုး အညာက နတ်မောက်မြို့မှာ .. မွေးဖွါးခဲ့တယ် သူက … စာပေကိုချစ်တယ် အမှန်တရားကို ချစ်တယ် ချစ်သူကိုချစ်တယ် ရင်သွေးတွေကို ချစ်တယ် အဲဒါတွေ အားလုံးထက်ပိုပြီး … တို့တိုင်းပြည်ကို ချစ်သတဲ့ ယောက်ျားကောင်းတို့ရဲ့ သတ္တိ၊ ယောက်ျားကောင်းတို့ရဲ့ သမာဓိ၊ ယောက်ျားကောင်းတို့ရဲ့ သီလ၊ ယောက်ျားကောင်းတို့ရဲ့ စာဂ ယောက်ျားကောင်းတို့ရဲ့ သိက္ခာ၊ ယောက်ျားကောင်းတို့ရဲ့ ပညာ၊ ယောက်ျားကောင်းတို့ရဲ့ သစ္စာ၊ သူ့မှာ အကုန်ရှိသတဲ့ …. နောက်ဆုံး … အဲဒါတွေအကုန်လုံး တိုင်းပြည်ကိုပေးပြီး ဘာမှ ယူမသွားရှာလေတဲ့ …. ချစ်သူကောင်းတစ်ယောက် ယောက်ျားကောင်းတစ်ယောက် ဖခင်ကောင်းတစ်ယောက် အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့် တို့ရဲ့ … မျိုးချစ်သူရဲကောင်းတစ်ယောက်ကိုတော့ ချစ်ဖို့မေ့နေကြတာ ရင်နာလိုက်တာကွယ် ‘ဖေဖေါ်ဝါရီဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ။ တထောင့်ကိုးရာတဆယ့်ငါး၊ ရှေ့နေဦးဖာ သား။ ဇာတိနတ်မောက် မကွေးခရိုင်၊ သိကြများခုတိုင်။ ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား၊ မိခင်ဒေါ်စု သား …’ ငယ်ငယ်က ဆိုခဲ့ရတဲ့ ကဗျာလေး … အခုတော့ ဘယ်မှာလဲ ကိုယ်နဲ့ ဘာမှမဆိုင်တဲ့ အီတလီက သူတော်စင်ကို သူတို့ဟာသူတို့ ဂုဏ်ပြုကြရာက ဖြစ်လာတဲ့ ‘ဗယ်လင်တိုင်းနေ့’ ဆိုတာထက် .. အဲဒီနေ့မတိုင်ခင် တနေ့ဟာ တို့တွေအတွက် .. ပိုပြီး လေးနက်ပြန့်ကျယ်တဲ့ အဓိပ္ပာယ် ရှိပါတယ်ကွယ် … ဒီနှစ်တော့ ရှိပါစေတော့ ညီမလေးရယ် …. အခုခေတ် မြန်မာပြည်က လူငယ်အများစုဟာ ဖခင်ဗိုလ်ချုပ်ကို မေ့နေကြပါပြီ … ဘာမဟုတ်တဲ့ ဗယ်လင်တိုင်းနေ့ဆိုတာကို … သူတို့ ရင်ခုန်နေကြတယ် … ကျနော်လည်း မြင်တိုင်းရင်နာရပါတယ်။ Reply
Yin Nyine NwayFebruary 15, 2011 at 3:30 pm ဟုတ်ပါတယ် တို့လည်းရင်နာရတယ် တကယ်ဆိုရင် ဗိုလ်ချုပ်မွေးနေ့ကိုပဲ အရေးထားနေရမှာ Reply
char too lanFebruary 16, 2011 at 3:23 am ကျနော့်အဖွားပြောသလိုပဲ ပြောလိုက်ချင်တော့တယ် ဂျပန်အဆင်း အင်္ဂလိပ်အတက်မှာ မွေးလာတဲ့ဟာလေးတွေဆို့တော့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ဘယ်သိကြတော့မလဲ သူတု့ိပထွေးတွေဆီက ဆင်းသက်လာတဲ့ အစဉ်အလာတွေပဲသိကြတာပေါ့နော့် ခုရက်တွေအတွင်းတွေ ့မိတာအဲ့ဒီရောဂါက ကလေးတွေတင်မဟုတ်ဘူး လူကြီးတွေပါကူးစက်နေပီ ၁၃ရက်နေ့ကဘာနေ့လဲမေးတော့ယောင်ဝါးဖြစ်နေတယ် ၁၄ရက်နေ့ကျတော့ ငေါက်ခနဲ့ဘာနေ့ဆိုပီးပြောတယ်လေ တချို ့ကျတော့လဲ ကိုအာဂပြောသလို ၁၃ – ၁၉ မှားနေသေးတာ.. နရင်းကြီးပဲအုပ်ပစ်ချင်တယ် ဖေဖော်ဝါရီ ၁၃ရက်နေ့က ဗိုလ်ချုပ်မွေးနေ့လဲဖြစ်တယ် မွန်အမျိုးသားနေ့လဲဖြစ်ပါတယ်။ Reply
14 comments
moethidasoe
February 14, 2011 at 3:25 am
တကယ်က ဗိုလ်ချုပ်အောင်ဆန်းကို ပစ်ပယ်ချင်တာထက် အောင်ဆန်း ဆိုတဲ့ နာမည် ကြောင့် .. သူတို့ရဲ့ အတ္တကြောင့်ပါ .. ဒါနဲ့ပဲ ဗိုလ်ချုပ်ကို သိခဲ့တဲ့လူတွေ .. သိနေသေးတဲ့လူတွေ ..မေ့ပစ်အောင် ကြိုးစားနေကြတယ် .. မသိသေးတဲ့လူတွေ ဘယ်တော့မှ မသိအောင်လို့ ကြိုးစားနေကြတာပါ ..
ဗယ်လင်တိုင်း ဆိုတဲ့အတိုင်း လင်တွေ တိုင်းတာဖို့ လုပ်တဲ့ နေ့လို့ ရွဲ့လိုက်ပါရစေ
cobra
February 14, 2011 at 4:05 am
တကယ်ရွံဖို့ကောင်းပါတယ်….
ဒီခေတ်လူငယ်တွေကလည်းဘယ်လိုမှ
ပြောပြမတတ်အောင်အပျော်အပါးမက်လွန်းကြပါတယ်…
လူငယ်တော်တော်များသိကြတာလည်း
၁၄ရက်နေ ့ဗင်လင်တိုင်းဆိုတာကိုပါ
၁၃ရက်နေ့ကဘာလဲစိတ်မဝင်စားကြပါဘူး
စိတ်ဝင်စားအောင်လည်းဘာမှလုပ်ခွင့်မရှိတော့ပိုဆိုးတာပေါ့လေ။
shwepyithu
February 14, 2011 at 4:29 am
ဝမ်းသာစရာကောင်းတာကတော့ ဟိုဟိုဒီဒီ ဟိုဆိုက်ဒီဆိုက်လေးတွေနဲ့ Forward mail တွေမှာ ဗိုလ်ချုပ်ကဗျာလေးတွေ ပြန်လည်ဖော်ပြလာပြီး တို့ ဗိုလ်ချုပ်မွေးနေ့ကို အမှတ်ရအောင် ကျူးိစားနေသူတွေ တွေ့လာရတာပဲ။
ဝမ်းနည်းစရာကောင်းတာက တစ်ချိူ့လူငယ်တွေကတော့ ဗိုလ်ချူပ်မွေးနေ့ဘယ်နေ့မှန်း သိကြပုံတောင်မရပါဘူး။ စကားမစပ် ခု ကျောင်းသင်ခန်းစာထဲမှာ အဲဒီ အောင်ဆန်းဇာနည် ကဗျာလေး ပါသေးရဲ့လားမသိဘူးနော်။
etone
February 14, 2011 at 5:16 am
မနေ့က လက်ဆောင်ခြင်းပေးစရာရှိလို့ သွား ဝယ်ပါတယ်တော်… ရှောပင်းစင်တာမှာ ဗယ်လင်တိုင်းဒေးအတွက် အကြီးကျယ်ကိုပဲ ကောင်တာဖွင့်ပြီးရောင်းနေတာ … ။ ကောင်လေးတွေ ၊ ကောင်မလေးတွေကလည်း ဝယ်လိုက်ကြတာ ခြင်္သေ့တွေ ၊ ဆင်တွေ တရွတ်ရွတ်ထွက်သွားတာမြင်လိုက်ရသေးတယ်… ။ အဲ့ဒီ ကောင်တာ ဘေးက ပိုက်ဆံရှင်းမလို့ ရပ်စောင့်နေတာ ရုံးက တယောက်ယောက်များမြင်သွားမလား ဆိုပြီးတောင် ရှက်မိတယ်… ဆယ်ကျော်သက်တွေ အများဆုံးလုပ်တဲ့ အလုပ်ပါ ….။ 😀
moethidasoe
February 14, 2011 at 6:08 am
အမြင်ကျယ် တယ် ဆိုတာကို တလွဲဆံပင်ကောင်းကြတဲ့ လူငယ်တွေအတွက် ရင်လေးလွန်းပါတယ် (တလွဲအဓိပ္ပါယ် မကောက်နဲ့နော်) .. ခေတ် ရေစီးကြောင်း ဆိုတာကိုလဲ အဲဒီ လူငယ်တွေရဲ့ မိဘတွေ သုံးသပ်နေတာလဲ လွဲနေတယ် .. ငါ့သမီး ခေတ်မီတယ် လို့ ပြောရတာကို အရသာတွေ့နေတတ်တယ် .. ခေတ်မီမီ .. ဗိုက်ထွက်လာမှာကို ကြို မမြင်တတ်ဘူးလဲ ဖြစ်နေတယ် ..
piti
February 14, 2011 at 6:43 am
အခုခေတ် လူငယ်တွေကို မြန်မာနိုင်ငံအမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ကို မေးကြည့်ရင် သိတဲ့သူ အတော်ရှားသွားပီ
ဒါပေမယ့် အနောက်တိုင်းက တင်သွင်းလာတဲ့
ဗယ်လင်တိုင်းဒေး Valentine Day လို့ ခေါ်တဲ့ ချစ်သူများနေ့ဆိုတာကြီးကိုတော့ ဘယ်သူ့မေးမေး သိနေတယ်ဗျာ….
ဗိုလ်ချုပ်ကို ဂုဏ်ပြုပြီး မြန်မာ့ကလေးများနေ့ သတ်မှတ်ထားတာ ရှိတယ်လေ…
အဲဒီနေ့ကို ဘယ်သူကမှ အရေးမလုပ်တော့ဘူးဗျာ
အရမ်းဝမ်းနည်းစရာကောင်းတယ်နော်
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့
အဲဒီနေ့ကို နိုင်ငံကိုချစ်သူတွေ မမေ့သင့်တဲ့နေ့လို့ ယုံကြည်ပါတယ်….
ခင်ဗျားတို့ရော သတိရပါရဲ့လား…….
interesting news site
February 14, 2011 at 8:55 am
အခုလိုဆိုက်တွေမှာကိုယ်တတ်နိုင်သလောက်ရေးပေးကြတော့ကောင်းပါတယ်
မေ့နေလဲသတိရသွားတာပေါ့
kopauk mandalay
February 14, 2011 at 11:46 am
အရင်ကတော့ ဒီဗယ်လင်တိုင်းဒေးဆိုတာကို ခေတ်မီတဲ့ပညာတတ်အသိုင်းအဝိုင်းမှလူများ
တိုးတိုးတိတ်တိတ်လေးလုပ်ခဲ့ကြပါတယ်။
မှတ်မှတ်ရရ 2000ပြည့်နှစ်ကစလို့
နှစ်သစ်ကူး ရော ဗယ်လင်တိုင်းရော မြန်မာလူငယ်များရဲ့ ယဉ်ကျေးမူ့ထဲကို
ထဲထဲဝင်ဝင် ဝင်ရောက်လို့လာခဲ့ပါတယ်။
တစ်နှစ်ထက်တစ်နှစ် ဒီရေမြင့်လာပါတယ်။
သူများ ဓလေ့ သူများယဉ်ကျေးမူ့ကို ကိုယ်လူတွေက သွားပါတ်သက်နေတယ်ဆိုတော့ သူများဓလေ့ထုံးစံ ယဉ်ကျေးမူ့ကိုတော့ ပစ်ပစ်ခါခါသွားပြောလို့တော့ မတင့်တယ်ပါဘူး။
ကဲကျနော်မေးမယ်ကျနော်အပါအဝင်ပေါ့ဗျာ
ခုခေတ်လူငယ်တွေ မြန်မာ့သမိုင်းရဲ့ သိသင့်သိထိုက်တာတွေ ကို နီးစပ်ရာလူငယ်တွေကို
ဘယ်နှစ်ယောက်ကို ဘယ်နှစ်ကြိမ်လောက် ကိုယ့်ပါးစပ်ကနေ ပြောပြဘူးသလဲဆိုတာ ကို ပြန်စဉ်းစားမိပါသလား။
ကျနော်တို့ ခင်ဗျားတို့အားလုံး ခေတ်နဲ့ ခလေးတွေကို သာအပြစ်တင်ဘို့ မြင်မိနေတယ်
သူတို့ကို ကျနော်တို့ က သိသင့်သိထို်က်တာတွေကို ပြောပြရမယ့် တာဝန်ရှိတယ် ဆိုတာကိုတော့ မေ့နေကြပါတယ်။
သူတို့နားမထောင်ချင်ရင်တောင်မှာ ကိုယ်က စည်းရုံးပြီးပြောပြရမှာလေ။
ကဲအခုကစလို့ ကျနော်အပါအဝင်ခင်ဗျားတို့အားလုံးနီးစပ်ရာ ကလေးတွေကိုသိသင့်သိထိုက်တာ ပြောပြဘို့ ကျျနော်တို့ကိုယ်တိုင် ကြိုးစားကြည့်လိုက်ကြရအောင်ဗျာ………..
unclegyi1974
February 14, 2011 at 4:41 pm
ဆရာကြီးဦးသန်းထွန်းကသမိုင်းသင်တယ်ဆိုတာ
မအအောင်လို့တဲ့
သမိုင်းတွေတဖြည်းဖြည်းမှိန်ကုန်တော့လူတွေလဲ
တဖြည်းဖြည်းအလာမှာပေါ့နော်
နောက်တော့ …..
phantom
February 15, 2011 at 4:29 am
သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်းပြောခဲ့သလိုပါပဲ သမိုင်းသင်တယ်ဆိုတာ မအ အောင်လို့ ဆိုတာ မှန်ပါတယ် အခုကလေးတွေ ဘာသာရပ်တွေခွဲလိုက်တော့ ဘယ်သူမှ စာအများကြီးကျက်ရမယ့် သမိုင်းကိုမယူချင်ကြပါဘူး ဘာပဲဖြစ်ဖြစ် လူအထင်ကြီးအောင် သိပ္ပံတွဲလေးတော့ ယူလိုက်မယ်ဆိုတဲ့ လူကများပါတယ်။ ဒါနဲ့ပဲ သမိုင်းကပျောက် ပြီး လူအလေးတွေ ပေါလာပါတယ်။ နောက်ဆုံးတော့ ခုလို လွတ်လပ်ရေးရဲ့ဖခင် ဗိုလ်ချုပ်မွေးနေ့ ဖေဖော်ဝါရီ ၁၃ ရက် ကို မသိပဲ နောက်မှ ဘယ်ကမှန်းတောင်မသိတဲ့ ဗယ်လင်တိုင်းရဲ့နေ့ကိုကျတော့ ၃ တန်းကလေးကအစ သိပြီး နှင်းဆီပန်းတွေ အရုပ်တွေနဲ့ အလုပ်ရှုပ်နေတော့ အနာဂတ်က ရင်မောစရာပဲဖြစ်လာပါတယ်။
thidakywewa1
February 15, 2011 at 7:16 am
သူ့တိုကို သူတို့ မြန်မာလိုရော မှတ်ရဲလားမသိဘူး။ လွတ်လပ်ရေးရတာ ဘယ်သူကြောင့်လဲ ။ ကျေးဇူးမသိတတ်တဲ့ အလကားဟာတွေ။
R Ga
February 15, 2011 at 11:00 am
ဖေဖော်ဝါရီ ၁၄ ရက်ဆိုတာ မနေ့ကကျော်လွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ လောက် ဘယ်နေ့က မြန်မာလူမျိုးတွေအတွက် ပိုပြီးသတိရသင့်သလဲ….တော်တော်များများ မြန်မာလူငယ်တွေ ဖော်ဖော်ဝါရီ ၁၃ ဆိုတာဘာနေ့မှန်း မသိကြတော့ပါဘူး…၁၄ ဆိုတဲ့ နေ့ကိုအာရုံထားပြီး ပျော်မြူး ဖို့စဉ်းစားနေကြတာ ဝမ်းနည်းစရာကောင်းလှပါတယ်….DVB မှ အမ မသီတာပြောသွားတာ သတိထားမိလိုက်ပါတယ် ဖော်ဖော်ဝါရီ ၁၃ လား ၁၉ လား ဆိုတာတောင် မသိတဲ့လူငယ်တွေ ရှိနေတော့ အင်မတန်ဝမ်းနည်းဖို့ ကောင်းပါတယ်….
ကိုဟယ်ရီ ရေးသားထားတဲ့ စာသားလေးတွေကို သေချာဖတ်ရင်း ဗိုလ်ချုပ်ရဲ့မွေးနေ့ ဖေဖော်ဝါရီ ၁၃ရက်နေ့ဟာ ၁၄ ရက်နေ့ထက် ဘယ်လောက်ကွာခြားတယ်ဆိုတာ မြန်မာလူမျိုးမှန်ရင် တန်ဖိုးထားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်…
ဒီနေ့ ..
ဖေဖေါ်ဝါရီ ၁၄ရက်
”ချစ်သူများနေ့” တဲ့လား
ညီမလေးရေ …
ရင်ခုန်နေသလား
ကဒ်ကလေးတွေ၊ ပန်းကလေးတွေ ..
ချောကလက်လေးတွေ၊
… တွေ၊ …. တွေ
ဟိုက သည်က
အများကြီး အများကြီး ..
မင်းရနေသလား …
လူငယ်တွေလဲ … အုတ်အုတ်ကျက်ကျက်
လူလည်တွေလဲ … ရှုပ်ရှုပ်ယှက်ယှက်
လူလတ်တွေလဲ ကသုတ်ကရက်
လူတတ်တွေကလဲ ဗရုပ်ဘယက်၊
အော် …
တကယ်တော့ …
ဒီနေ့ဟာ …
ဂရေဂိုရီယံ ကမ္ဘာသုံး နေပြက္ခဒိန်ရဲ့
၄၅ ရက်မြောက်နေ့ …
‘ကလောဒီယပ်စ်’ ဆိုတဲ့
သဘောမကြီးမြတ်တဲ့ ပဒေသရာဇ်
ဧကရာဇ်ဘုရင်ယုတ်ရဲ့အမိန့်ကို လစ်လျူသွေဖည်ပြီး
ချစ်သူတွေကို တိတ်တဆိတ် လက်ထပ်ပေးတဲ့
တာနီမြို့က Saint Valentinus ဆိုတဲ့
သူတော်စင်ပုဂ္ဂိုလ်ကြီး
ရောမမှာ ..
နှိပ်စက်ပြီးခေါင်းဖြတ်ခံရတဲ့နေ့ပါ ….
သူတို့ဟာသူတို့
ဂုဏ်ပြုရင်ပြုပါစေ …
တို့တွေနဲ့ အဝေးကြီးပါကွယ် …
ညီမလေးရယ်
တစ်ခုလောက်
သေသေချာချာ စဉ်းစားပါဦး
မနေ့က …
ဖေဖေါ်ဝါရီလ ၁၃ရက်နေ့လေ
လွန်ခဲ့တဲ့ ၉၄နှစ်ကာလက
နွေအကူး …
လေရူးတွေ ဝေနေတဲ့
အဲဒီနေ့ ….
စနေနေ့ မနက်
အရုဏ်တက်လို့
မိုးသောက်ကျင်းတဲ့အချိန်မှာ ….
‘ထိန်လင်း’ ဆိုတဲ့
ကလေးငယ်ကလေး …
ဟိုး အညာက နတ်မောက်မြို့မှာ ..
မွေးဖွါးခဲ့တယ်
သူက …
စာပေကိုချစ်တယ်
အမှန်တရားကို ချစ်တယ်
ချစ်သူကိုချစ်တယ်
ရင်သွေးတွေကို ချစ်တယ်
အဲဒါတွေ အားလုံးထက်ပိုပြီး …
တို့တိုင်းပြည်ကို ချစ်သတဲ့
ယောက်ျားကောင်းတို့ရဲ့ သတ္တိ၊
ယောက်ျားကောင်းတို့ရဲ့ သမာဓိ၊
ယောက်ျားကောင်းတို့ရဲ့ သီလ၊
ယောက်ျားကောင်းတို့ရဲ့ စာဂ
ယောက်ျားကောင်းတို့ရဲ့ သိက္ခာ၊
ယောက်ျားကောင်းတို့ရဲ့ ပညာ၊
ယောက်ျားကောင်းတို့ရဲ့ သစ္စာ၊
သူ့မှာ အကုန်ရှိသတဲ့ ….
နောက်ဆုံး …
အဲဒါတွေအကုန်လုံး
တိုင်းပြည်ကိုပေးပြီး
ဘာမှ ယူမသွားရှာလေတဲ့ ….
ချစ်သူကောင်းတစ်ယောက်
ယောက်ျားကောင်းတစ်ယောက်
ဖခင်ကောင်းတစ်ယောက်
အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်
တို့ရဲ့ …
မျိုးချစ်သူရဲကောင်းတစ်ယောက်ကိုတော့
ချစ်ဖို့မေ့နေကြတာ
ရင်နာလိုက်တာကွယ်
‘ဖေဖေါ်ဝါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တထောင့်ကိုးရာတဆယ့်ငါး၊
ရှေ့နေဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား၊
မိခင်ဒေါ်စု သား …’
ငယ်ငယ်က
ဆိုခဲ့ရတဲ့ ကဗျာလေး …
အခုတော့ ဘယ်မှာလဲ
ကိုယ်နဲ့ ဘာမှမဆိုင်တဲ့
အီတလီက သူတော်စင်ကို
သူတို့ဟာသူတို့ ဂုဏ်ပြုကြရာက
ဖြစ်လာတဲ့ ‘ဗယ်လင်တိုင်းနေ့’ ဆိုတာထက် ..
အဲဒီနေ့မတိုင်ခင် တနေ့ဟာ
တို့တွေအတွက် ..
ပိုပြီး လေးနက်ပြန့်ကျယ်တဲ့
အဓိပ္ပာယ် ရှိပါတယ်ကွယ် …
ဒီနှစ်တော့ ရှိပါစေတော့
ညီမလေးရယ် ….
အခုခေတ် မြန်မာပြည်က လူငယ်အများစုဟာ ဖခင်ဗိုလ်ချုပ်ကို မေ့နေကြပါပြီ …
ဘာမဟုတ်တဲ့ ဗယ်လင်တိုင်းနေ့ဆိုတာကို …
သူတို့ ရင်ခုန်နေကြတယ် …
ကျနော်လည်း မြင်တိုင်းရင်နာရပါတယ်။
Yin Nyine Nway
February 15, 2011 at 3:30 pm
ဟုတ်ပါတယ်
တို့လည်းရင်နာရတယ်
တကယ်ဆိုရင် ဗိုလ်ချုပ်မွေးနေ့ကိုပဲ
အရေးထားနေရမှာ
char too lan
February 16, 2011 at 3:23 am
ကျနော့်အဖွားပြောသလိုပဲ ပြောလိုက်ချင်တော့တယ် ဂျပန်အဆင်း အင်္ဂလိပ်အတက်မှာ မွေးလာတဲ့ဟာလေးတွေဆို့တော့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ဘယ်သိကြတော့မလဲ သူတု့ိပထွေးတွေဆီက ဆင်းသက်လာတဲ့ အစဉ်အလာတွေပဲသိကြတာပေါ့နော့် ခုရက်တွေအတွင်းတွေ ့မိတာအဲ့ဒီရောဂါက ကလေးတွေတင်မဟုတ်ဘူး လူကြီးတွေပါကူးစက်နေပီ ၁၃ရက်နေ့ကဘာနေ့လဲမေးတော့ယောင်ဝါးဖြစ်နေတယ် ၁၄ရက်နေ့ကျတော့ ငေါက်ခနဲ့ဘာနေ့ဆိုပီးပြောတယ်လေ တချို ့ကျတော့လဲ ကိုအာဂပြောသလို ၁၃ – ၁၉ မှားနေသေးတာ.. နရင်းကြီးပဲအုပ်ပစ်ချင်တယ် ဖေဖော်ဝါရီ ၁၃ရက်နေ့က ဗိုလ်ချုပ်မွေးနေ့လဲဖြစ်တယ် မွန်အမျိုးသားနေ့လဲဖြစ်ပါတယ်။