ငါ့တို့ ဟာ ဘယ်သူ့လက်တွေလဲ..ဟေ့

အာဂFebruary 11, 20111min03

“လှူတာလည်း လက် ယူတာ လည်း လက်”

သူဌေးတစ်ယောက်ရဲ့ လက် က
ဘူဇွာ တစ်ယောက်ရဲ့ လက်နဲ့တူသလို
ဟစ်တလာရဲ့ သေနတ်ပစ်တဲ့ လက်နဲ့လည်းခပ်ဆင်ဆင်။

အမေ့ရဲ့လက်က မာသာထရီဇာ လက်ဖြစ်ကာ
ချစ်သူက ပေါ်လီယာနာ ကလေးရဲ့ လက်
မင်းလက်ဝါး ရဲ့ လက်နဲ့ အဖေ့ လက်ဝါး တူညီတယ်။

မြို့စားကြီး ဒရက်ကူလာ ရဲ့ လက်တွေနဲ့
လက်ဖက်ရည် ဆိုင် အတူတူထိုင်ခဲ့ ဖူးသလို
ဝင်ပုလွေ လာဆင် လိုလက်တွေနဲ့လည်း
အရက် အတူတူ သောက်သုံးခဲ့ဖူးတယ်။

ဒီခေတ်မှာ ပေါများလှတဲ့ ငတက်ပြားရဲ့ လက်တွေ
အကြောင်းသိနေသလို
စတာလင်လို လက်မျိုး ပိုင်ဆိုင်ချင် သူတွေကိုလည်း မုန်းမိတယ်။
ဂနီ္ဒ ကြီးရဲ့ လက် ကရှားပါးသွားသလို
မွန်းရိုး လို လက်မျိုးတွေ ပေါပေါလာတယ်။

စာဖိုးမှုးတစ်ယောက်ရဲ့ လက်လို
ဘယ်အရာကို ဘယ်လို ပါးပါးလှီးရမလဲ ဆိုတာ
တွေး နေတဲ့ လက်တွေ ရှိသလို…

ဘုန်းတော်ကြီးတစ်ပါးရဲ့ တရားပေးတဲ့ လက်တွေလည်း ရှိတယ်။
ဒီတော့ လက်တွေ အကြောင်း ပြောရင်…အဆုံးမဲ့ ပုံပြင် …..။

“ယူတဲ့လက် ”

“လှူတဲ့လက် ”

“ခိုးတဲ့လက် ”

“ရိုက်တဲ့လက် ”

“သက်တဲ့လက် ”

“ဆိုးတဲ့လက် ”

….လက်…လက်…လက်…လက်..

“ကျွန်တော့်တို့လက်ကရော..ဘယ်သူလက်နဲ့..တူနေသလဲ.”..။

3 comments

  • mG

    February 11, 2011 at 2:01 pm

    အင်း…ဟုတ်တော့လည်…ဟုတ်တယ်နော်…တော်တော့ကို သေသေချာချာ ပြန်စဉ်းစားရတော့မှာပါပဲ…။
    ကျေးဇူးတင်ပါတယ်ဗျာ…ဒါဟာ…တရားပြသလိုမျိုး ကျွန်တော်တော့ ခံစားရတယ်ဗျ။..လူဆိုတာ..ကိုယ့်ကိုကိုယ် ပြန်မြင်ယောင်နိုင်ဖို့..တော်တော့ကို ခဲယဉ်းတယ်ဗျ…။အခုလိုပြောပြလိုက်လို့..ကျေးဇူးတင်ပါတယ်နော်…။

    Reply

  • Yin Nyine Nway

    February 11, 2011 at 6:28 pm

    ဟုတ်တယ် ကျေးဇူးပါ

    Reply

  • cobra

    February 12, 2011 at 7:43 am

    ကျွန်တော့်လက်ကတော့ဘာကလလဲမသိဘူး……
    သေသေချာချာစဉ်းစားတော့လဲ ကိုအာဂပြောသလိုပဲ
    ကိုလက်ကဘာလက်မှန်းတောင်မသိဘူး

    Reply

Leave a Reply

Your email address will not be published.