ခွေးရုပ်ရှင် (ခေတ်သစ်ရုပ်ပြသရော်စာ)

သမ္မတရုပ်ရှင်ရုံဘေးက မှတ်တိုင် ယောက်လမ်းမှတ်တိုင်မှာ ခွေးကျားကြီးတစ်ကောင် ရှိပါတယ်… တော်တော်အိုနေပြီဖြစ်တဲ့ ခွေးကျားညစ်ပတ်ကြီးဖြစ်ပါတယ်…
သူက ဘယ်လူ့ကိုမှ ဂရုမစိုက်ပါဘူး…. မှတ်တိုင်တည့်တည့်မှာ ဒီလိုလေး လှဲအိပ်နေပါတယ်… လူတွေက သူ့ကို မနင်းမိအောင် ကွင်းရှောင်သွားရပါတယ်…..
ကားတွေ လာဆိုက်ပေမယ့်လည်း သူအေးဆေးပါပဲ… အိပ်မက်ထဲမှာ ခွေးမချောချောလေးတစ်ဖက်ငါးရာနဲ့ ဇိမ်ကျနေပါတယ်…. လမ်းဘေးမှာ အိပ်တဲ့ခွေးလည်း နတ်သမီးအိပ်မက်ကိုမက်ခွင့်ရှိတယ်လို့ သူက ခံယူထားပါတယ်…. (တာရာမင်းဝေစာအုပ်တွေတော့ သူမဖတ်ဖူးပါဘူးတဲ့)
အိပ်မက်ပြီးဆုံးချိန်မှာ သူ တက်ကြွစွာနိုးထလာခဲ့ပါတယ်… လူတွေကို ခဏအကဲခတ်ပါတယ်….. အင်း….. လောကကြီးက ပုံမှန်ပါပဲလား လို့ သူတွေးမိတာပေါ့…..
နေ့လည်ခင်းအိပ်မက်ကနိုးထတော့ ဝါးခနဲတစ်ချက်သမ်းဝေရင်း သူအပျင်းကြောဆန့်ပါတော့မယ်….
အားလုံးကိုဘောပဲကွာ လို့ ဒီလိုသရုပ်ဖော်ပြလိုက်ပါတယ်… ဒီကောင်ကြီးဟာ အထီးကြီးဖြစ်ကြောင်း ပုံကိုကြည့်ပြီး အားလုံး သဘောပေါက်လောက်ပါပြီနော်… း))
အပျင်းဆန့်ရင်း ကိုယ်ကိုတစ်ပတ်လှည့်ပါတယ်…. အောက်ခံဘောင်းဘီဝတ်ဖို့မေ့သွားတယ်ကွာ… ဒါပေမယ့်ငါကခွေးပဲလေ.. ရပါတယ်တဲ့…. သူကတွေးတယ်…
ဟော… သူမသင်္ကာဖြစ်သွားပါပြီ… တစ်စုံတစ်ယောက်က ခွေးကျင့်ခွေးကြံနဲ့ သူ့ကို ဓာတ်ပုံခိုးရိုက်နေတာကို သူရိပ်မိသွားပါတယ်….
အဲဒီနောက်မှာတော့ ဓာတ်ပုံရိုက်နေတဲ့ကျနော့်ကိုသူမြင်တွေ့သွားပြီး ရှက်သွားပါတယ်… မကြားဝံ့မနာသာတွေဆဲဆိုရေရွတ်ပါတော့တယ်… ဒါဟာ ခွေးအခွင့်အရေးကိုချိုးဖောက်တာပဲလို့ အော်ဟစ်ပါတယ်…. ကျနော်လည်း ခပ်သုတ်သုတ်ပဲ လစ်ပြေးခဲ့ရပါတယ်ခင်ဗျာ…. း))

ဓာတ်ပုံ-ဥက္ကာကိုကို။ နေရာ-ယောက်လမ်းမှတ်တိုင်၊ ယောမင်းကြီးလမ်းထိပ်၊ သမ္မတရုပ်ရှင်ရုံနံဘေး၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

10 comments

  • kai

    February 9, 2011 at 11:30 pm

    အံ့ဖွယ်သုတပါတကား..။
    ခွေးဇတ်လမ်းခင်းတတ်တာကို ပြောတာပါ..။ 🙂

    Reply

  • nigimi77

    February 10, 2011 at 3:21 am

    ကောင်းတယ်။ ဆက်လုပ်။

    Reply

  • bigcat

    February 10, 2011 at 3:35 am

    ကြောင်အကြောင်းလည်း လုပ်ပါအုံး၊ လမ်းပေါ်အိပ်တာမဟုတ်ဘူး၊ ကားစီး တိုက်ကြီးပေါ်နေတဲ့ ကောင်မလေးရင်ခွင်ထဲက ကြောင်ကြီးတကောင်အကြောင်း ကဗျာဓါတ်ပုံစပ်ပါဗျို့။
    ဥက္ကာကိုကို (သံတွဲ) ရဲ့ကဗျာအစွမ်းအစကို အရင်ထဲက သတိပြုမိပါတယ်။ ထခါထဲဂုဏ်ပြုလိုက်ပါရစေ..

    Reply

  • R Ga

    February 10, 2011 at 8:47 am

    7 Day ဂျာနယ်ရဲ့ သတင်းထောက်ကြီး ရဲ့ ခွေးပုံပြင်ကတော့ …၂၀၀ရ စက်တင်ဘာတုန်းက လူကိုကိုက်တဲ့ ခွေးတွေများ သတိရမိ..သေး..။

    Reply

  • ဆူး

    February 10, 2011 at 1:28 pm

    ခွေးဇတ်ခင်း တာ ဖတ်ပြီး ကြောင် ဇတ်ခင်းပုံ တောင်းဆို နေကြပြီ
    ခွေး ခွေး ကိုရီးယားက လူတွေ များ ကြည့်ပြီး အသည်းယားနေမလားဘဲ။

    Reply

  • kai

    September 21, 2018 at 8:51 am

    မြန်မာ့ဂဇက်ရဲ့ မင်န်ဘာတယောက်ဖြစ်တဲ့ ဥက္ကာကိုကို စက်တင်ဘာ ၂ဝရက်နေ့က.. ရန်ကုန်ဆေးရုံကြီးမှာကွယ်လွန်သွားကြောင်း.. သိရပါတယ်..။ May 24, 2010 ကနေ.. Apr 19, 2011 အထိ.. မြန်မာ့ဂဇက်မှာ.. ပို့စ်ပေါင်း ၃ဝ ရေးသွားခဲ့သူတဦးပါ..
    သူ့စာတွေကို.. အောက်က.. မြန်မာဂဇက်လင်ခ့်ကတဆင့်.. ဖတ်နိုင်ပါတယ်..။

    မီဒီယာသမားတယောက်မို့.. မည်သို့သော အယူအဆ.. ရှိသည်/ကွဲလွဲသည်ဖြစ်စေ…အသက်ငယ်ငယ်နဲ့ ကွယ်လွန်ခြင်းအတွက် စိတ်မကောင်းဖြစ်ရပါတယ်..။
    သူ့အခြေအနေ.. အဖြစ်အပျက်.. ရပ်တည်ချက်..စာတွေက.. ကျန်ရစ်သူတွေ..စာဖတ်ပရိသတ်တွေကို .. သင်ခန်းစာတခုကောင်းစွာပေးနိုင်ခဲ့မယ်လို့ မျှော်လင့်ပါတယ်..။ အဲဒီသင်ခန်းစာတွေဟာ.. သူ့ရဲ့ မြန်မာနိုင်ငံကို အကောင်းဆုံးအကျိုးပြုသွားခြင်းမဟုတ်ပါလား..။

    ဥက္ကာကိုကိုကွယ်လွန်ခြင်းအတွက်.. အမေရိကအခြေစိုက် ပုံနှိပ်မီဒီယာမှ..
    ကျန်ရစ်သူမိသားစုနဲ့အတူ ထပ်တူဝမ်းနည်းရပါကြောင်း..
    ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
    ဥက္ကာကိုကို
    အသက် (၂၉)နှစ်
    ဒုတိယနှစ်၊ ဒသနိကဗေဒ

    (ဦးကိုကိုသော်)+ဒေါ်ထက်ထက်ဝင်းတို့၏ အကြီးဆုံးသား၊
    ရဲရင့်ကိုကို၊သီဟကိုကို တို့၏အစ်ကို၊(ဦးရန်ကြီး+ဒေါ်ယဉ်ကျော့) ၊(ဦးမောင်မောင်ခင်+ဒေါ်နီနီခင်) တို့၏မြေး၊7day News Journal အကြီးတန်းသတင်းထောက်ဟောင်း ကိုဥက္ကာကိုကိုသည် ၂၀၊၉၊၂၀၁၈ ရက်နေ့ မနက် ၈နာရီ၊ ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်သွားပါသဖြင့် ၂၂၊၉၊၁၈ ရက်နေ့ မွန်းလွဲ ၁နာရီ ရေဝေးသုဿန်သို့ ပို့ဆောင် မီးသဂြိုဟ်မည်ဖြစ်ပါကြောင်း ဆွေမျိုးမိတ်ဆွေများအား အသိပေးအကြောင်းကြားအပ်ပါသည်။ (ဒေါပုံမြို့နယ် ကန်သာယာ ၂လမ်းထိပ်နှင့် ၃၃လမ်းနှင့်ဗိုလ်ချုပ်လမ်းထိပ် ဝဇီရာရုပ်ရှင်ရုံထိပ်မှ ကားများ မနက် ၁၁ နာရီတွင် ထွက်ခွာပါမည်။

    Reply

    • Foreign Resident

      September 21, 2018 at 10:50 am

      ဥက္ကာကိုကိုကွယ်လွန်ခြင်းအတွက်
      ကျန်ရစ်သူမိသားစုနဲ့ ထပ်တူဝမ်းနည်းရပါကြောင်း

      Reply

  • aye.kk

    September 21, 2018 at 7:18 pm

    စိတ်မကောင်းဖြစ်ရပါတယ်။

    Reply

  • manawphyulay

    September 26, 2018 at 4:27 pm

    စာပေအနုပညာ ဝါသနာပါသူတစ်ဦးကတော့ သွားနှင့်လေပြီ….

    Reply

Leave a Reply

Your email address will not be published.