ဝန်ကြီးစာရင်း ၃၀

moethidasoeFebruary 9, 20111min013

အခုကလေးတင် သိလိုက်ရတယ် .. မြှားနတ်မောင်က ကူးပေးလိုက်တယ်

ဒီကနေ့ ဝန်ကြီးစာရင်းထွက်လာပါပြီ ဘယ်ဌာနတွေမှာလဲဆိုတာတော့ သောကြာနေ့မှာ သိရပါမယ်

(၁) ဦးကိုကို
(၂) ဦးလှမင်း
(၃) ဗိုလ်ချုပ်သိန်းထွေး
(၄) ဝဏ္ဏမောင်လွင်
(၅) ဦးမြင့်နိုင်
(၆) ဦးကျော်ဆန်း
(၇) ဦးဝင်းမြင့်
(၈) ဦးတင့်ဆန်း
(၉) ဦးခင်မောင်မြင့်
(၁၀) ဦးသိန်းထွန်း
(၁၁) ဦးလှထွန်း
(၁၂) ဦးသိန်းထိုက်
(၁၃) ဦးဉာဏ်ထွန်းအောင်
(၁၄) ဦးတင်နိုင်သိန်း
(၁၅) ဦးဝင်းထွန်း
(၁၆) ဦးအောင်ကြည်
(၁၇) ဦးအုန်းမြင့်
(၁၈) ဦးကျော်စွာခိုင်
(၁၉) ဦးစိုးသိန်း
(၂၀) ဦးသန်းဌေး
(၂၁) ဦးအောင်မင်း
(၂၂) Dr. မြအေး
(၂၃) Dr. ဖေသက်ခင်
(၂၄) ဦးအေးမြင့်
(၂၅) သူရမြင့်မောင်
(၂၆) ဦးခင်ရီ
(၂၇) ဦးဇော်မင်း
(၂၈) ဦးခင်မောင်စိုး
(၂၉) ဦးသိန်းညွန့်
(၃၀) ဦးစိုးမောင်
http://mmcpcommunity.net/showthread.php?11427-jrefrmjynfrS-aumvm-mvrsm-%284%29/page79

13 comments

  • နိုင်နိုင်

    February 9, 2011 at 8:57 am

    D လူတွေက အရင် လူတွေပဲမလား 😀 အရမ်းပြောင်းလဲ သွားနိုင်တယ်နော် သီချင်းတစ်ပုဒ် သတိရလိုက်တယ် မယ်လိုဒီဝေါ မှာ နောင်နောင် ဆိုတဲ့ သီချင်းလေး
    ” အရာရာ အရင်တိုင်းပဲ” သီချင်းလေးပေါ့….

    Reply

  • kai

    February 9, 2011 at 9:07 am

    ဒါက သမ္မတတင်တဲ့ စာရင်းပေါ့နော..။
    ဆရာကြီးအုပ်စုဖြစ်တဲ့.. ဦးအောင်သောင်၊ ဦးသောင်း၊ ဦးလွန်းသီ တို့ သွားရှာပြီထင်တယ်..။
    တပ်ချုပ်ကတင်မဲ့ စာရင်းတော့ မပါသေးဘူးထင်တယ်..။
    ကာကွယ်ရေး။ ပြည်ထဲရေး နဲ့ နိုင်ငံခြားရေး ဌာနဝန်ကြီးတွေလေ..။

    တပ်ချုပ်လည်း မရွေးရသေးဘူး ယူဆရတယ်.။
    ဆိုတော့ … တိုင်းပြည်ရဲ့ .. ၁၁ဦး ဥသျှောင်အဖွဲ ့လူစာရင်း မသိရသေးဘူးပေါ့..။

    Reply

  • phantom

    February 9, 2011 at 9:19 am

    အရင်တုန်းက ကာတွန်းလေးတွေကို သတိရတယ် ဝန်ကြီးတွေ ခေါင်းပေါင်းစလေးတလူလူနဲ့ ဒီလိုပါပဲ နောက်ဆုံးတော့ ဘာပြောပြော ဘာဆိုဆို ချိုမိုင်မိုင် ကပြီး တို့လူလေးများညီသလေ့ ဆိုပြီး ယောယိမ်းလိုက် ကြတာပေါ့

    Reply

  • kai

    February 9, 2011 at 9:58 am

    အင်း…
    လက်တွေ့ကျကျပြောရရင်…
    ဟိုလိုအော်ကြ..ဒီလိုလုပ်ကြနဲ့…
    ဒီတလမှာတင်… အဲဒီလူတွေဟာ ..၅နှစ်သက်တန်း… ဝန်ကြီးဌာနတွေကနေပြီး ..အုပ်ချုပ်ရေးတာဝန်ယူ… ပေါ်လစီတွေချ…
    လူထုနဲ့… ကိုယ့်အုပ်ချုပ်မဲ့သူတွေဖြစ်ဖို့ ဖြစ်သွားကြပြီ..။

    ဆိုတော့ … မကြာခင်… နည်းဥပဒေတွေ.. လုပ်ထုံးတွေ တန်းစီထွက်လာတော့မယ်..။
    အစိုးရဖြစ်သွားပြီမို ့.. ဘတ်ဂျက်နဲ ့ညှိလုပ်ကြရတော့မှာမို ့… ငွေလိုမှာသေချာတယ်..။

    ဒီတော့ .. လူထုကိုကောက်မဲ့.. အမြတ်ခွန်နဲ့ ပါတ်သက်တာတွေ ထုတ်ပြန်လာမယ်ထင်တယ်..။။
    စစ်မှုထမ်းဥပဒေလာမယ်…။
    မီဒီယာကို ဘယ်သူကိုင်မလည်း..ဘယ်လိုလုပ်မလည်း… ဥပဒေတွေလာမယ်..။

    နိုင်ငံသမ္မတသစ်မှာ ..အရေးအကြီးဆုံးလုပ်ပေးရမဲ့တာဝန်တခုက ..လွတ်ငြိမ်းချမ်းသာခွင့်ပဲ..။
    ထောင်ထဲက ..မင်းကိုနိုင်တို ့… ၈၈မျိုးဆက်ကျောင်းသားတွေအကုန် အပါအဝင်.. ရှေ့ ကစစ်တပ်အစိုးရနဲ့ အယူဝါဒ သဘောမတူညီလို့.. ထောင်ထဲရောက်နေသူတွေကို .. လွတ်ငြိမ်းချမ်းသာခွင့်ပေးသင့်တယ်..။
    ပြန်လွတ်ပေးဖို့ နိုင်ငံတော်သမ္မတမှာ ..အာဏာနဲ့..တာဝန်ရှိတယ်… လုပ်လည်း… လုပ်ပေးနိုင်တယ်..။
    တိုက်လည်းတိုက်တွန်းပါတယ်…။
    လူတွေကလည်း .. အချိန်ကိုက် ဝိုင်းအော်ပေးကြဖို့ကောင်းတယ်..ထင်တာပါပဲ..။

    Reply

  • photwenty

    February 9, 2011 at 10:39 am

    ဦးသိန်းညွန်.က NDF လား

    Reply

    • ms

      February 10, 2011 at 1:39 am

      အဲ့ဒိ လောက် သဘောထားမကြီးသေးဘူး

      Reply

  • ms

    February 9, 2011 at 11:10 am

    ဘယ်သူတွေဘဲ ဖြစ်ဖြစ် ကိုယ်တာဝန်ယူရတဲ့ဋ္ဌာန ကိုတာဝန် ခံနိုင်ရင်ပြီးတာဘဲ ဒါမှ မဟုတ်ဘဲ နအဖ လူကြီးတွေလို အသေးအဖွဲ ကအစ အထက်အမိန်.နာခံနေရင်တော့ တိုးတက်မှာမဟုတ်ဘူး

    Reply

  • fatty

    February 9, 2011 at 11:12 am

    ငယ်ငယ်တုန်းကကွဲ နေတဲ့ ငယ်သူငယ်ချင်းတွေနဲ့နာမည်တူ ၁၂ ယောက်ပါတယ်။ ဟဲဟဲ တောင်းသင့်တာတောင်းထားမှ ……
    ပထမဆုံးကတော့ လွတ်ငြိမ်းချမ်းသာခွင့်ပေါ့ ဒီကောင်တွေသာဆိုရင်ပြောမနာဆိုမနာတွေပါ။
    အတန်းထဲမျာ ဖင်ချွတ်အရိုက်ခံရတဲ့ကောင်တောင်ပါတယ်။
    သူတို့သာဆိုရင်တော့သံဃာစင်ကို ငြမ်းဆင်ရတော့မယ်ထင်တယ်။

    Reply

  • ဆူး

    February 9, 2011 at 12:04 pm

    ဦးဖက်တီးက ဓါတ်မဆီးဘဲ ပရောဂျက် သွားတောင်းတော့မလို့လား။ မှန်အောင် ပြောနိုင်ရင် သဂျီး က တကယ်ပေးမယ်နဲ့ တူပါတယ်။

    Reply

  • zaw min

    February 9, 2011 at 1:20 pm

    အများသိစေရန်။ ။ အမှတ်စဉ် (၂၇) မှ ဦးဇော်မင်း မှာ ကျွန်တော်လုံးဝ မဟုတ်ပါကြောင်းသိစေအပ်ပါသည်။

    Reply

  • maungmoenyo

    February 10, 2011 at 2:52 am

    ဝဋ်ကြီးသော ဝန်ကြီးဆိုပေမဲ့ မဆလ နဲ့ နအဖ လက်ထက်နောက်ပိုင်းဝန်ကြီးဖြစ်ရသူတွေကတော့နိပိပ။
    တိုင်းပြည်အတွက်တော့မပြောတတ်ဘူး….သူတို့ကိုယ်ကျိုးတွေကတော့ အတကယ်ပြည့်စုံမှာအျမှန်ဘဲ။
    ကျန်းမာရေးဝန်ကြီးဖြစ်လောက်မဲ့ ဒေါက်တာဖေသက်ခင်က ထူးချွန်တဲ့လူတော်တယောက်ပါ။ ကျောင်းသားဘဝကတည်းက မဆလပါတီအကြီးအကဲတွေ ရဲ့သားသမီးများနဲ့အလွမ်းသင့်ပါတယ်။ လူရည်ချွန်(၆)ထပ်ကွမ်း ရပေမဲ့လဲ တခြားလူရည်ချွန်တွေနဲ့ကွာတာက ဘယ်လိုလုမျိုးနဲ့ပေါင်းရမယ်ဆိုတာကောင်းကောင်းသိပုံရပါတယ်။ ခု စစ်အစိုရခေတ်မှာလဲ၊ တပ်ချုပ်ကြီးသန်းရွှေ ရဲ့ဆေးမှူး (ကကဆေး) ဗိုလ်ချုပ်သန်းအောင်တို့၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်တို့နဲ့ အတော်ပလဲနံပ သင့်တာကလား။ ခုနောက်ပိုင်းအလားအလာရှိကြသူတွေ ကိုတက္ကသိုလ်ပါမောက္ခချုပ်တွေပေးပြီး ယာယီထားပြီးနောင်များမကြာင်ခင်မှာ ရာထူးကြီးတွေရတော့တာပါဘဲ။ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးတွေလဲ ဒီနည်းနဲ့ တိုင်းမှူးတွေ တိုက်ရိုက်ဖြစ်ကြတာပါဘဲ။ လူရည်ချွန်တော်တော်များများဟာ အစိုးရဆန့်ကျင်ရေး၊ အတိုက်အခံစတဲ့ အဖြစ်တွေရောက်ကုန်ကြလို့ မဆလခေတ်မှာတင် အဲ့ဒီစီမံကိန်းကြီးပျက်သွားပါတယ်။
    ဒုတိယဝန်ကြီးနေရာမှာ တပ်ချုပ်ကြီးရဲ့သမက်ဟောင်း (နေရွှေသွေးအောင် ခေါ် မြောက်လောင်းလေး) ရဲ့ အဖေ ဗိုလ်မှူးကြီးဟောင်း ဒေါက်တာနေစိုးမောင် (ယခင် ဒုကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်တင်စိန်ရဲ့သား) များဖြစ်နိုင်မလားဘဲ။ သူလဲအခုဆေးဘက်ဆိုင်ရာတက္ကသိုလ်တခုမှာ လပ်လပ်ဆပ်ဆပ်ပါမောက်္ခချုပ်ဖြစ်နေလေရဲ့…။

    Reply

  • thidakywewa1

    February 10, 2011 at 5:56 am

    ဟင် ငါနာမည်ကျတော့ မပါဘူးလား။ 31ယောက်မြောက်လေ ။

    Reply

  • fatty

    February 10, 2011 at 7:30 am

    နံပါတ်သုံးက ဗိုလ်ချုပ်သိန်းဌေးဖြစ်လိမ့်မယ် 78 RIT ဆင်းပါ။ ဘောင်းဘီကနေ ဘာလို့ပုဆိုးပြောင်းဝတ်တာလဲ
    မေးကြည့်တော့ ဘောင်းဘီအိပ်ထက် ပုဆိုးခါးပိုက်က ပိုကြီးလို့တဲ့။

    Reply

Leave a Reply

Your email address will not be published.