စိတ်ညစ်နေသော အိမ်ထောင်ရှင်များအတွက်

manawphyulayFebruary 1, 20111min08

မိန်းမ နဲ့ ယောက်ျား

လင်မယားနှစ်ယောက် ကားမောင်းလာရင်း အတော်ကြာတဲ့အထိ စကားမပြောကြဘူး။

ဖြစ်ပုံက ဒီလို… ကိစ္စတစ်ခုကို ငြင်းကြရင်း ဘယ်သူ့ဘက်ကမှ မလျှော့ကြတာနဲ့
စကားဆက်မပြောကြတော့ဘဲ တိတ်လာလိုက်တာလေ။

ခဏနေတော့ မြည်းခြံ၊ ဆိတ်ခြံ၊ ဝက်ခြံတွေကို ကားမောင်းရင်း ဖြတ်လာတော့
ယောက်ျားက ရိသဲ့သဲ့လုပ်ပြီး “မင်း အမျိုးတွေလား“ လို့ တင်စီးပြီး
စကားစလိုက်တယ်။

မိန်းမက တခွန်းပက်ကနဲ ပြန်ပြောတယ်။ “ဟုတ်တယ်၊ ယောက်ျားဘက်က ဟာတွေလေ“ တဲ့။

မိန်းမတွေရဲ့ ဂလဲ့စား

“ငွေသား၊ ချက်လက်မှတ်၊ အကြွေးကဒ် ဘာနဲ့ ပေးမလဲခင်ဗျ“

သူ(မိန်းမတစ်ယောက်)ဝယ်တဲ့ ပစ္စည်းတွေကို အိတ်ထဲထည့်ပေးရင်း
ကျွန်တော်(အရောင်းသမား)က မေးလိုက်တယ်။

အဲဒီမှာပဲ ပိုက်ဆံအိတ်ဖွင့်လိုက်တဲ့ မိန်းမရဲ့ လက်ကိုင်အိတ်ထဲမှာ
တီဗီရီမုတ်ကို တွေ့လိုက်ရတယ်။

“အပြင်သွားလည်း တီဗီရီမုတ် ယူလာသလားဗျ“ မေးကြည့်တော့

“ဟုတ်ပါဘူးရှင်၊ ယောက်ျားရေ… ဈေးလိုက်ခဲ့ပါလို့ ခေါ်တာ မရတာနဲ့
ခွင်ထဲက လုပ်လို့ရတဲ့ သူအနစ်နာဆုံး သင်ခန်းစာ ပေးရတာပါရှင်“ တဲ့ဗျာ။

စကားလုံးများ

ယောက်ျားက ဆောင်းပါးတစ်စောင် ဖတ်နေရင်း “မိန်းမတွေက တစ်နေ့ကို
စကားလုံးပေါင်း သုံးသောင်းလောက် သုံးစွဲ ပြောဆိုကြပေမယ့် ယောက်ျားတွေက
တစ်နေ့ကို
စကားလုံးပေါင်း တစ်သောင်းခွဲပဲ သုံးကြတယ်တဲ့ကွ“

မိန်းမလုပ်သူက “အဲဒါ ဘာဖြစ်လို့လဲ ရှင်သိလား၊ ဘာဖြစ်ဖြစ် ရှင်တို့ကို
နှစ်ကြိမ် ပြောပြောနေရလို့ပဲ“

“ဘာ“ (မိန်းမက နောက်တစ်ကြိမ် ထပ်ပြောရပြန်ရော)။

.ဖန်တီးမှု

ယောက်ျားက သူ့မိန်းမကို မေးပြော ပြောလိုက်တယ်။

“ဘာဖြစ်လို့ မင်းဟာ လှလည်းလှ တုံးလည်းတုံး ရသလဲ မသိပါဘူးကွာ“တဲ့။

မိန်းမက ပြန်ပြောတယ်။

“ရှင်းပြပါရစေ ကိုအဝှာ… ဘုရားသခင်က ကျွန်မကို ချောအောင်
ဖန်ဆင်းခဲ့တယ်၊ ဒါမှ ရှင်က
ကြိုက်တော့ မပေါ့။ ဒါပေမဲ့ ဘုရားသခင်နော်၊ အကုန်သိတယ်၊ ကျွန်မကို
ခပ်တုံးတုံး ဖြစ်အောင်လည်း လုပ်လိုက်တယ်၊ ဒါမှ ရှင့်ကို
ပြန်ကြိုက်မပေါ့ရှင်“ တဲ့။

အားပါးတရ ရယ်လိုက်ပါ……… မရယ်ချင်လည်း နည်းနည်းတော့ ပြုံးလိုက်နော်…………. အင်း အဲလိုမှပေါ့၊ ကဲ ဘယ်နှယ့်လဲ ခု နည်းနည်းစိတ်ညစ်ပြေသွားပြီမလား………

8 comments

  • linnyones

    February 1, 2011 at 7:01 pm

    နည်းနည်း မဟုတ်ပါဘူး အများကြီး ပြုံးသွားပါတယ်
    တကယ် သဘောကျလို့ပါ ။

    Reply

  • noob

    February 1, 2011 at 7:30 pm

    ဘုရားသခင်က ကျွန်မကို ချောအောင်
    ဖန်ဆင်းခဲ့တယ်၊ ဒါမှ ရှင်က
    ကြိုက်တော့ မပေါ့။ ဒါပေမဲ့ ဘုရားသခင်နော်၊ အကုန်သိတယ်၊ ကျွန်မကို
    ခပ်တုံးတုံး ဖြစ်အောင်လည်း လုပ်လိုက်တယ်၊ ဒါမှ ရှင့်ကို
    ပြန်ကြိုက်မပေါ့ရှင်“ တဲ့။ ……………………………….
    အဲဒါစာသားလေးကိုတော်တော်ကြိုက်လိုက်တာ

    Reply

  • shwe

    February 1, 2011 at 7:58 pm

    ရီပါရီလိုက်တယ် နော် ။ တော်လိုက်တဲ့မနောဖြူ

    Reply

  • cherrywine

    February 2, 2011 at 6:26 am

    စကားများတဲ့မိန်းမတွေလို့ပြောချင်အုံး … 🙂
    အဲ့ဒီ ဟာသလေးကို အရမ်းသဘောကျတယ် ။
    ဖေ့ဘွစ်မှာ တင်ဖို့ကူးသွားတယ်နော် ။

    Reply

  • etone

    February 2, 2011 at 7:36 am

    တော်တော် ရယ်ရတယ် မနောရေ …။
    ပထမဆုံး မိန်းမပြန်ပြောလိုက်တာ သဘောအကျဆုံးပဲ ။

    Reply

  • nyimalay

    February 2, 2011 at 10:49 am

    နောက်ဆုံးမိန်းမကိုအရမ်းသဘောကျသွားပါတယ်မနောရေ……………
    ဒီစကားတွေကိုသေချာမှတ်သားထားရမယ်…….. ဒါမှတနေ့နေ့တချိန်ချိန်မှာပြန်သုံးလို့ရမှာ 😛
    ကျေးဇူးအများကြီးတင်ပါတယ်နော် …………
    ပျော်ရွင်ပါစေ…………….. 🙂

    Reply

  • kai

    February 2, 2011 at 10:57 am

    အင်း..
    တီဗီရီမုတ်အပြင်ယူသွားရင်…တော်တော့ကိုဒုက္ခရောက်မှာ …အသေအချာပဲ..။

    Reply

  • juttue.gyi

    February 2, 2011 at 1:37 pm

    ဟီးးးးးးးးး မိုက်တယ်ဗျာ တော်တော်ရီရတယ် မိန်းမတွေများ တတ်လည်းတတ်နိုင်ပါပေတယ်(ကျတော်အမေ မပါ ပါ)

    Reply

Leave a Reply

Your email address will not be published.