ကျပ် ၅သိန်းတန် GSM တယ်လီဖုန်းငှားရမ်းခြင်းနှင့် ပတ်သတ်၍

introFebruary 1, 20111min011

ဒီနေ့မနက်က အင်တာနက်ဂျာနယ်မှာ ဖတ်လိုက်ရတယ်… GSM ဖုန်းများ ၅သိန်းနဲ့ ချထားပေးနေပြီတဲ့… ရန်ကုန်နဲ့ မန္တလေးမြို့တွေအတွက် အလုံးရေ ၂သိန်းကျော် ချပေးတော့မယ်လို့ပြောပါတယ်… ပြီးတော့ ဖုန်းခေါ်ဆိုခက တစ်မိနစ်ကို ၅ဝ ကျပ်ပါတဲ့… ဖုန်းတွေကို ကြိုတင်ငွေပေးချေကဒ်တွေ သုံးပြီး အသုံးပြုနိုင်ပါတယ်… အင်တာနက်လဲ အသုံးပြုနိုင်ပါတယ်လို့ ဖော်ပြထားပါတယ်… ဖုန်းနံပါတ်တွေက 0941 ကစပြီး ဂဏာန်း ၉လုံး ပါဝင်မှာဖြစ်ပါတယ်လို့လဲ သိရပါတယ်… ဇန်နဝါရီလ ၃၁ ရက်နေ့က စတင် ချထားပေးခြင်းလဲ ဖြစ်ပါတယ်လို့ ဆိုထားပါတယ်…

အဲသည့်တော့ တစ်ချို့ GSM သမားတွေက ညည်းနေကြပါတယ်… GSM ဖုန်းသုံးစွဲသူအများစုမှာ မြန်မာကျပ်ငွေ  ၁၅သိန်းကျော် ပေးသွင်းပြီး သုံးစွဲခွင့်ရထားတာဖြစ်ပါတယ်… ပြီးတော့ CDMA သမားတွေကလဲ ညည်းငြူသံ သဲ့သဲ့ကြားနေရပါတယ်… ယနေ့ လက်ဖက်ရည် ဆိုင်တွေမှာလဲ အဲသည့် သတင်းဟာ တောရက်စ် ချဲလ်ဆီးကို ပေါင် သန်း ၅ဝနဲ့ ပြောင်းတဲ့ သတင်းထက် ပိုပြီး ပေါ်ပြူလာ ဖြစ်နေကြပါတယ်…

တစ်လောက GSM ဖုန်းပျောက်သွားတဲ့ အစ်ကိုတစ်ယောက်ကလဲ သူ့ sim ကဒ်ကို တစ်လအတွင်း ပြန်ရအောင် လုပ်ပေးဖို့ မြန်မာ့ဆက်သွယ်ရေးကို ၃သိန်း (ကဒ်ဖိုး ၁သိန်း၂သောင်း + ဝန်ဆောင်ခ) ပေးလိုက်ရတာ မတန်ဘူးလို့လဲ ပြောနေပါတယ်… အိမ်မှာ ရှိတဲ့ အဒေါ်ကလဲ သူ့ GSM ကို ဝယ်တုန်းက ၂၂သိန်းပေးဝယ်ခဲ့ရတဲ့အတွက် အင်မတန် နှမျောတသ ဖြစ်မိကြောင်း ပြောနေပါတယ်…

ဒီ့အပြင် ဒီလို ဖုန်းအသစ်တွေ ချပေးနေတာကြောင့် ဆက်သွယ်ရေးမှ ဝန်ထမ်းများ အထူးဝင်ငွေဖြောင့် နေကြောင်းလဲ သိရှိရပါတယ်… ဖုန်းတစ်လုံးအတွက် ဝန်ဆောင်စရိတ်ကို ပျမ်းမျှ တစ်သောင်းကျပ်ခန့် (တရားဝင်မဟုတ်) ရရှိတဲ့ အတွက် တစ်နေ့ကို ကျပ်သိန်းဂဏာန်းထိအောင် ဝင်ငွေကောင်းနေကြောင်းကိုလဲ သက်ဆိုင်ရာ ဝန်းကျင်မှ ပြန်လည် ကြားသိရပါတယ်….

11 comments

  • juttue.gyi

    February 1, 2011 at 12:33 pm

    ဟီးးးးးးးးး ကျတော်တို့ အေးတာဘဲ ဘယ်ဖုန်းမှမရှိဘူး မကောင်းဘူးလား။(မဝယ်နိုင်သေးလို့ပါ)

    Reply

  • weiwei

    February 1, 2011 at 1:55 pm

    ဖုန်းကိစ္စကတော့ စိတ်ပျက်စရာတော်တော်ကောင်းတယ် …. အင်တာနက်ကို cdma 800 နဲ့ပဲ သုံးလို့ရမယ်ဆိုလို့ အဲဒါကို ဝယ်လိုက်ရတယ် … ဝယ်ပြီးတော့ အင်တာနက်ကဒ်အတွက် သုံးသောင်းပေးပြီးလဲရတယ် … ပြီးတော့ handset က သူတို့သတ်မှတ်ထားတဲ့အမျိုးအစားနဲနဲလေးပဲရလို့ handset ရှိပြီးသားပေမယ့် အသစ်ထပ်ဝယ်လိုက်ရတယ် … ပြီးတော့ အဲဒီ handset နဲ့ ကွန်ပျူတာကို အင်တာနက်ချိတ်ဖို့ install လုပ်ခဆိုပြီး ၅၀၀ဝ ကျပ် ထပ်ပေးရသေးတယ် ..
    အားလုံးပြီးတော့လဲ အင်တာနက်လိုင်းက လိပ်နှုန်းနဲ့ပဲ ရတယ် ..

    အခုကျတော့ ၅ သိန်းတန် GSM တဲ့ …
    အမျိုးမျိုးပဲ .. 🙁

    Reply

  • Gipsy

    February 1, 2011 at 3:23 pm

    ဟုတ်ပါတယ်ဗျာ….ထောင်းလမောင်းကျေ စုတ်ပြတ်သတ်ကုန်ကြပါပြီ……..
    သူတို့ရဲ့ လုပ်ချက်တွေက ပင်လယ်ရေလှိုင်းလို..တစ်လုံးပီး တစ်လုံး…

    Reply

  • noob

    February 1, 2011 at 8:00 pm

    ကိုရွှေကြီး အကွက်ရွေ ့ချက်က 9 လောက်ရှိတယ်
    (အကောင်းဘက်ကကြည်ရင်) ဖုန်းမရှိသေးတဲ့ လူတွေအတွက်ကတော့ ကောင်းတာပေါ့
    လုပ်ပေါ့ဗျာ ကျနော် ကိုက နုံပြီး အကွက်ထဲဝင်ခဲ့မိတာကို

    Reply

  • shwe

    February 1, 2011 at 8:07 pm

    ဖုန်းဓျေး ၅၀၀၀ဝ လောက်ဆိုရင်တော့ ဝယ်နိုင်မယ်နဲ့တူုပါရဲ့။

    Reply

  • etone

    February 2, 2011 at 2:20 am

    အရူးတွေ ဆယ့်နှစ်မျိုးဟင်းချိုလုပ်နေတယ် ။ နောက်ဆုံး ဆက်သွယ်ရေးကလူတွေပဲ အောက်ဆိုက်ရကုန်တာ ။

    Reply

  • mindfulness

    February 4, 2011 at 5:01 am

    Above Amyarthar said absolutely right

    Reply

  • Sweethome

    February 4, 2011 at 8:58 am

    သုံးသိန်းတန်ဖုန်းတောင် ထပ်ချပေးမယ်ပြောနေတော့ စိတ်ရှည်ပြည်စိုး ဖို့တော့လိုမယ်ထင်တယ်…ဟင်းးးးးး

    Reply

  • intro

    February 4, 2011 at 9:10 am

    သုံးသိန်းတန် မပြောနဲ့ တစ်သိန်းတန်တောင် ချပေးဖို့ကောင်းတာ၊ လူတိုင်းစေ့ ကိုင်နိုင်ရင် ပိုပြီး မကောင်းပေဘူးလား ဗျာ…

    Reply

  • ဆူး

    February 4, 2011 at 2:18 pm

    နယ်က လာတဲ့ အသိ တယောက် ပြောတာ ဆိုရင် သူတို့ နယ်မှာ ဖုန်းတွေ ချပေးတယ် ဆိုလို့ပြီး ဖုန်းတွေ ဝယ်ကိုင်ကြတယ် မလုပ်တတ် လုပ်တတ်နဲ့ ဆိုတော့ ဖုန်း ကိစ္စ တော်တော် ပြသနာ များတယ် ဆိုဘဲ။ ဖုန်း အရူးတော့ တော်တော် ထ နေကြတယ်။

    Reply

Leave a Reply

Your email address will not be published.