အိမ်လွမ်းသူ

‘ပျော်ရာမှာမနေ တော်ရာမှာနေ’ တဲ့။

ပျော်နေသင့်ပါပြီ အခုတော့…

နေသားတောင်မကျသေးဘူး။

ငါကပဲ ပျော့ညံ့တာလား…

ကိုယ့်ကိုကိုယ်အထင်ကြီးခဲ့တာ

တစ်ယောက်တည်း နေနိုင်မယ်လို့လေ။

တကယ်တမ်းတော့…

ဝိုင်ဝိုင်းရဲ့ ‘အိမ်လွမ်းသူ’ က ငါ့အတွက်များလား။

ဟင်းကောင်းတွေရှေ့ချပြီး

အိမ်က ငါးပိရည်ကို လွမ်းမိတယ်။

မနက်စာမေ့နေတာကြာပြီ

အိမ်နားက မုန့်ဟင်းခါးပဲ စားချင်လို့။

ဘတ်စ်ကားတွေ တိုးမစီးချင်ဘူး

စက်ဘီးလေးနဲ့ လျှောက်လိမ့်ချင်တယ်။

နီယွန်မီးတွေအောက်မှာ မနေချင်ဘူး

လရောင်အောက်ကညကို တမ်းတမိတယ်။

တစ်ယောက်တည်း ပင်ပန်းနေချိန်

အမေ့ရင်ခွင်ကို လွမ်းလိုက်တာ

အလိုလိုနေရင်း ငိုချင်တယ်။

ငါ အရမ်း ပျော့ညံ့ပါတယ်…

ဒါပေမယ့်လည်း…

ထပ်တူမကျနိုင်တော့တဲ့ ဘဝခရီးလမ်းကိုတော့

အားတင်းလို့ ဆက်လျှောက်ရဦးမယ်…။ ။

8 comments

  • naywoonni

    January 30, 2011 at 10:51 am

    နေဝင်ညကို ကူးဖြတ်ပြီးမှ ရောင်နီလာတယ်နေ့သစ်ကိုရောက်မယ်…. သံသရာခရီးဟာမချောမွေ့တတ်တော့ ရင်ဆိုင်ရင်ခွန်အားဖြည့်ရှေ့ဆက်လှမ်း…….. အရှုံးမပေးနဲ့မိငယ်(မိမွန်)ရေ…….. ရုန်းထွက်လို့ကျော်ဖြတ်သွား အများအကျိုးတွက် တာဝန်ထမ်းရွက်တဲ့အခါ တစ်ကယ် ကိုယ်ကျိုးစွန့်နိုင်မှ ××××××××
    အဆိုတော် ခင်မောင်တိုးလားမသိဘူး……. သူ့ရဲ့သီချင်းဆိုပြတာနော် ဘာပဲဖြစ်ဖြစ်အားမလျော့ပါနဲ့ အားလျော့ချင်စိတ် မမွေးမိပါစေနဲ့….. ကိုယ်ကိုတွန်းအားပေးမဲ့ သီချင်း အားပေးမဲ့ သူငယ်ချင်း ရှာပြီး အားယူပါလို့ပြောချင်တယ် နော်

    Reply

  • ဆူး

    January 30, 2011 at 12:00 pm

    အိမ် လွမ်း တာလည်း တကယ်မလွယ်ဘူး။
    အိမ်ကို အမြန်ပြန်နိုင်ပါစေ။

    Reply

  • monmon

    January 30, 2011 at 12:35 pm

    ဦးနီနဲ့ မဆူးတို့ကို ကျေးဇူးတင်ပါတယ်။
    မွန်လည်း အားတင်းထားပါတယ်…

    Reply

  • kopauk mandalay

    January 30, 2011 at 3:11 pm

    ဘဝအသစ်ထဲတိုးဝင်ဘို့
    ခြေလှမ်းတွေမစခင်က
    ယုံကြည်ချက်တွေအပြည့်။
    “အားလုံးကို ချန်ထားနိုင်မယ်”
    “တစ်ခုလိုချင်ရင် တစ်ခုတော့စွန့်နိုင်မှ
    တရားမျှတယ်မယ်”
    ဆိုတဲ့အသိတွေနဲ့ပေါ့။

    “တစ်ရွာမကောင်းသူကောင်းမဖြစ်၊
    ပျော်ရာမှာမနေ တော်ရာမှာနေရမယ်”
    “ဒိန်ခဲအဟောင်းကိုပစ်မှ ဒီန်ခဲအသစ်ကိုရမယ်”
    ဆိုရိုးစကားတွေ က လည်း ရှေ့ဆက်ရမယ့်ခရီးအတွက်
    တွန်းအားပေးထားတဲ့စကားဆိုလည်းမ မှားပြန်ဘူး။

    တကယ့်ဘဝအစစ်
    လောကရဲ့ကွေ့ကောက်ခြင်းများစွာနဲ့လမ်းတွေထဲ
    အဖော်မပါ တစ်ယောက်ထဲ
    လျှောက်လှမ်းဆဲအခါများ
    ပြောပြန်ရင်လဲ မသိသလိုနေတတ်တဲ့
    လောကဓံဆိုတဲ့ လူဆိုးလေးရဲ့
    ရိုက်ချက် ထိုးနှက်ချက်
    ရက်စက်လွန်းတဲ့အခါ။

    ရှုံးနိမ့်ခြင်းများ ကမပျက်မကွက်
    လက်မခံချင်ဘူးဆိုရင်လဲ
    လက်ဆောင်တွေဇွတ်ပေးသလို
    ိစိတ်ပျက်စရာနေ့ရက်များ
    ရက်ဆက်ကြုံလာရင်
    မေ့ထားနိုင်တယ်လို့
    ထင်ထားတဲ့ “အိမ်လွမ်းစိတ်”
    ရင်ထဲမှာ သိတောင်မသိလိုက်ဘဲ
    တိတ်တိတ်ကလေး
    ရောက်ရောက်နေတာ
    မျက်ရည်တွေက
    အချက်ပေးမှ
    လွမ်းနေတာကို သိလိုက်ရပါသတဲ့။

    (ဟုတ်ပါသလား မွန်မွန်ရေ)

    Reply

  • Yin Nyine Nway

    January 31, 2011 at 7:30 am

    ဟီး….နာလည်းလွမ်းလာပီနော်..(အိမ်ကို)

    Reply

  • zaw min

    January 31, 2011 at 7:51 am

    လောကကြီးကပေးတဲ့ သမိုင်းပေးတာဝန်တွေပါပဲ။ လွမ်းရေးထက် ဝမ်းရေးခက်တယ် ပြောလို့……အရူံးမပေးနဲ့ မွန်မွန်ရေ…ရဲရင့်မှ အောင်မြင်ထား…
    အများအကြီုးအတွက်..တာဝန်ထမ်းရွက်တဲ့အခါ…တကယ်ကိုယ် ကျိုးစွန့်နိုင်မှ…
    ဦးနီကို အားကျလို့ သီချင်းတက်ဆိုသွားတာပါ။

    Reply

  • kai

    January 31, 2011 at 9:22 am

    – အိမ်ကငပိရည် မှာပြိး ချက်စားပေါ့..။
    – မြန်မာပြည်ကလာတဲ့.. မုန့်ဟင်းခါးထုတ်တွေက ရေနွေးဖျောလိုက်ရင် ..အိမ်နားကနဲ့တော်တော်တူမှာပါ..။
    – စက်ဘီးလေးတစင်းဝယ်.. မနက်စောစော ကားနဲတဲ့အချိန် လျှောက်သွားကြည့်ဦး..။
    – ညဆိုလည်း .. လရောင်အောက်မှာ လျှောက်လို့ရပါတယ်..။ လက တိုင်းပြည်ဒေသမခွဲပဲ..နေရာမရွေးသာနေတာပါ..။
    – အလုပ်တွေကြိုးစား.. ပညာတွေဆည်းပူး..။ငွေစုပြီး .. အမေ့ကိုပါခေါ်ထားလိုက်နော..။

    ဘယ်တော့မှ စိတ်ဓါတ်မကျနဲ့.။
    လူငယ်ဆိုတာ .. အဲဒီလမ္ဘာပေါ်လည်း တက်နေချင်စိတ်ရှိနေရင် .. သွားနေလို့ရပါတယ်..။

    Reply

  • monmon

    February 3, 2011 at 12:47 pm

    ကိုခိုင်ရေ… မွန်က abroad မှာလို့ထင်နေတာလား…
    မွန်က မြန်မာပြည်မှာပဲ ရှိနေတာပါ… အမေက နယ်မှာနေတယ်… မွန်က ရန်ကုန်မှာပါ…

    အားလုံးက အားပေးတာကို ကျေးဇူးတင်ပါတယ်…
    နိုင်ငံခြားရောက်နေတဲ့သူတွေကိုလည်း ကိုယ်ချင်းစာမိပါတယ်.. ပိုဆိုးမှာပေါ့နော်…

    Reply

Leave a Reply

Your email address will not be published.