Edit URLs in Firefox

Firefox ရဲ့ address bar ထဲမှာ လိပ်စာတစ်ခုကို ကလစ်နှိပ်လိုက်တဲ့အခါဆိုရင် လိပ်စာတစ်ခုလုံးကို Select ပေးနေတာကို တွေ့ရပါလိမ့်မယ်။ တစ်ခါတစ်လေ ကိုယ်က လိပ်စာရဲ့ တစိတ်တပိုင်းကို ရွေးချယ်ချင်တဲ့အခါ ဆိုရင် အဲဒါက စိတ်အနှောက်အယှက် ဖြစ်စရာ ကောင်းပါတယ်။ ဒါကြောင့် လေ့လာခဲ့တဲ့ နည်းလမ်းလေးတစ်ခု ကို ပြောပြချင်ပါတယ်။ အခုအချိန် စိတ်မဝင်စားသေးဘူးဆိုရင်တောင် နောင်တစ်ချိန် စိတ်ဝင်စားတဲ့အခါ သိရအောင် ပြောပြလိုက်ပါတယ်။

Firefox ရဲ့ Address bar ထဲမှာ about:config ကို ရိုက်လိုက်ပါ။ ပြီးတော့ browser.urlbar ဆိုတဲ့ setting ကို ရှာပြီး SelectsAll ကို ကလစ်နှိပ်ပါ။ True ကနေ False ကို ပြောင်းဖို့အတွက် အဲဒါကို ကလစ်နှစ်ကြိမ် နှိပ်ပါ။ ပြီးတော့ browser.urlbar.doubleClickSelectsAll ဆိုတာကို ရှာပြီး True ကနေ False ကို ပြောင်းဖို့အတွက် အဲဒါကို ကလစ်နှစ်ကြိမ် နှိပ်ပါ။

ဒါဆိုရင်တော့ Firefox ရဲ့ Address bar ထဲမှာ ကိုယ်စိတ်ကြိုက် နှစ်သက်သလို ပြင်ဆင်လို့ ရသွားပါပြီ။ ဥပမာ www.self40share.do.am/blog/index0567 ဆိုတဲ့ လိပ်စာလေးမှာ ကိုယ်က blog နေရာမှာ publisher ကို အစားထည့်ချင်တယ်ဆိုရင် blog ကို ကလစ် တစ်ချက် နှိပ်ပါ။ ဒါမှမဟုတ် လိပ်စာ တစ်ခုလုံးကို select ပေးချင်တယ် ဆိုရင်တော့ ကလစ် နှစ်ချက် နှိပ်လိုက်ပါ…

Leave a Reply

Your email address will not be published.