မြန်မာ့ဂျီအက်စ်အမ်ဖုန်းများကို

nyimalayJanuary 26, 20111min03

*ရန်ကုန်၊ ဇန်နဝါရီ ၂၁ – *မြန်မာ့ဂျီအက်စ်အမ်ဖုန်းများကို
တရုတ်နိုင်ငံအတွင်းတွင်လည်း ဆက်သွယ်ပြောဆိုနိုင်တော့မည်ဟု သိရသည်။ ယင်းကဲ့သို့
ဆက်သွယ်ပြောဆိုနိုင်ရန် အတွက် တရုတ်နိုင်ငံတွင်
ဆက်သွယ်ရေးနည်းပညာဝန်ဆောင်မှုနှင့် ပတ်သက်ပြီး ဆောင်ရွက်ပေးနေသည့် China Unicom
ကုမ္ပဏီသည် နှစ်နိုင်ငံတွင် အသုံးပြုလျက် ရှိသော ဂျီအက်စ်အမ်ဖုန်းများကို
မြန်မာနှင့် တရုတ်နိုင်ငံတို့တွင် အပြန်အလှန် သယ်ယူ ပြောဆိုခွင့် ရရှိနိုင်ရေး
စာချုပ်တစ်ရပ်ကို ယုံနမ်ခရိုင် ကူမင်းမြို့တွင် သဘောတူ
လက်မှတ်ရေးထိုးခဲ့ကြောင်း တရုတ်သတင်းတစ်ရပ်အရ သိရသည်။

China Unicom ကုမ္ပဏီနှင့် မြန်မာနိုင်ငံ ဆက်သွယ်ရေး၊ စာတိုက်နှင့်
ကြေးနန်းဝန်ကြီး ဌာနတို့က GSM နိုင်ငံတကာ လှည့်လည်သွားလာရေး ဝန်ဆောင်မှု
International Rorming Service ကို အဆိုပါ ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင်
ပထမဆုံးပြုလုပ်သော ဝန်ဆောင်မှုဖြစ်သည်ဟု သိရသည်။ “Rorming ဆိုတာက သက်ဆိုင်ရာ
နိုင်ငံတစ်နိုင်ငံ မှာသာ ပြောလို့ရတဲ့ဖုန်းကို မိမိနိုင်ငံမှာလဲ အလွယ်တကူ
ပြောလို့ရနိုင်အောင် ဆောင်ရွက်ပေးတဲ့ စနစ်ဖြစ်ပါတယ်။

ပြောရရင် အိမ်ရှင်တစ်ဦးအနေနဲ့ လာတဲ့ဧည့်သည်ကို တရားဝင် တည်းခိုလို့ရအောင်
ဧည့်စာရင်းတိုင်ပေးတဲ့ စနစ်ပါ။ ယခင်က မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဆယ်လူလာ
ဖုန်းတွေပေါ့။ ရန်ကုန် ဆယ်လူလာဖုန်းကိုင်တဲ့ လူတစ်ဦးဟာ မန္တလေးရောက်သွားရင်
မန္တလေးမှာလဲ ဒီဆယ်လူလာကို အလွယ်တကူ အသုံးပြုလို့ရအောင် မန္တလေး Exchange ကို
အကြောင်းကြားရတယ်။ အဲဒီကို အကြောင်းကြားပြီးမှ မန္တလေး Exchange က ရန်ကုန်
ဆယ်လူလာကို မန္တလေးမှာပြောလို့ရအောင် လုပ်ပေးခဲ့ရတယ်။

ဒါကလဲ ဒီစနစ်လိုပဲ။ ဒါပေမဲ့ ဒီ Rorming ရဲ့ အားသာချက်တစ်ခုက Exchange ကို
အကြောင်းကြားစရာမလိုတော့ဘဲ မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ 0950, 51, 20
အစရှိတဲ့ GSM ဖုန်းတွေ တရုတ်နိုင်ငံတွင်းကို ရောက်သွားတာနဲ့
တရုတ်နိုင်ငံအတွင်းမှာလဲ မြန်မာနိုင်ငံအတွင်းမှာလို တစ်ဦးနဲ့တစ်ဦး အလွယ်တကူ
ပြောဆိုလို့ရနိုင်သလို တရုတ်နိုင်ငံမှာ အသုံးပြုနေတဲ့ ဖုန်းလဲ
မြန်မာနိုင်ငံအတွင်းမှာ အလွယ်တကူ ခေါ်ဆိုနိုင်တဲ့ စနစ်ဖြစ်ပါတယ်” ဟု
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Share By Forward Mail

3 comments

  • ဆူး

    January 26, 2011 at 3:39 pm

    ကောင်းတော့ ကောင်းသားဘဲ။ တကမာ္ဘလုံး သုံးလို့ရရင် ပိုကောင်းမယ်။

    Reply

  • ကိုယ်တိုင် တရုတ်သွေးပါသူဖြစ်ပေမယ့် တရုတ်တွေဘာလုပ်လုပ် ဘဝင်သိပ်မကျဘူး။ သူတို့အနေနဲ့ မြန်မာနိုင်ငံကို ဝိုင်းကျဉ်ထားသင့်တယ်။

    Reply

  • yuyu

    January 27, 2011 at 5:34 am

    ွဟေး………မိုက်တယ် မိုက်တယ်GSM ပဲလား
    CDMA ပါရရင်ပိုအဆင်ပြေတာပေါ့ ဖြစ်ချင်တာကိုပြောတာပါ

    Reply

Leave a Reply

Your email address will not be published.