အမေ့အတွက်ကဗျာ

wathenmoeJanuary 21, 20111min01

အမေ့အတွက်ကဗျာ

မေမေ ရေ …
အရိုင်းအစိုင်းမာယာတွေနဲ့တွေ့တိုင်း ခေါ်နေမိတာ အကြိမ်ကြိမ်ပေါ့
မေမေကတော့
လောကဓံ ဘယ်နှစ်ပါးဖြစ်ဖြစ် ထမ်းထားမှာပဲ ဆိုတဲ့ လူမျိုး
လာမယ့် အန္တရာယ် ရင်ဆိုင်တွေ့ …
အဲဒီလို… ကျွန်တော့် ထမင်းပန်းကန်လေးကို ဖြည့်ဖြည့်ပေးခဲ့တာ ကြာပေါ့

ဒါပေမယ့်လေ
ကျွန်တော်ဆိုးသမျှက မေမေ့မျက်ရည်
ဒီလိုဆိုတော့လည်း မတရားဘူးနော် မေမေ…
မေမေ့ရင်ထဲကို ဆူးတွေထိုးထိုးသွင်းနေတဲ့ လူဆိုးလေးကျွန်တော်ပါ
မေတ္တာတရားကို တာဝန်မကျေခဲ့တဲ့ လူမိုက်ကျွန်တော်ပါ
အခုမှ နောင်တတွေနဲ့ မျက်ရည်ဝဲ
အဝေးကပဲ ရှိခိုး ဦးချနေရပါပြီ မေမေရယ်

“မေမေရဲ့သားနိုင်တယ်” ဇော်ဝင်းထွဋ်သီချင်းလေး ဆိုချင်တာပေါ့
အခုတော့ မေမေ့ မမြင်ကွယ်ရာမှာ အကြိမ်ကြိမ်ကျရှုံး
ဒါပေမယ့် ဘယ်တော့မှ လက်မမြောက်ခဲ့ပါဘူး
မေမေ့ရင်ထဲ ပျော်ရွှင်ခြင်းတွေပဲ ရွာသွန်းစေဖို့ ကျွန်တော်ကိုယ်တိုင် ရွာမယ့်မိုးပါ မေမေ
ဒီကဗျာလေးနဲ့ စ မယ်နော်။

အိမ်က ထမင်းဝိုင်းလေးလည်း နေရာတွေ လွတ်လို့ လပ်လို့ နေမှာ
တစ်နေ့နေ့ပေါ့ မေမေရယ်
အဲဒီတစ်နေ့နေ့မှာ မိသားစုကောင်းကင်ထဲ အတူတူ ပျံသန်းကြမယ်
ပျော်ရွှင်ခြင်း အတောင်ပံတွေ ဖြန့်လို့ပေါ့။
အဲဒီတစ်နေ့နေ့မှာ ကျွန်တော်ဟာ မေမေ့ရင်ခွင်ထဲမှာ ခိုနားနေတဲ့
သားလိမ္မာလေးဖြစ်နေလိမ့်မယ်
တစ်နေ့နေ့ပေါ့ မေမေရေ…

ဆုတောင်းခြင်းများ
မေမေ့ရဲ့ မေတ္တာဖြင့် ပြည့်ပါစေသား

One comment

  • manawphyulay

    January 21, 2011 at 11:49 am

    သားသမီးတို့ရဲ့ ရှေ့ဆောင်
    ဂုဏ်ရှိန်ဩဇာ စဉ်ထွန်းပြောင်
    မျက်နှာသာကြည် လရောင်ပမာ
    အမြဲရွှင်ပြုံး
    ကောင်းဆိုးကိုပင် ကြံ့ကြံ့ခိုင်၍
    မမှောင်အလင်း အရောင်ဆင်းနဲ့
    မှားခြင်း မှန်ခြင်း အမြင်ရှင်းအောင်
    ကောင်းခြင်းပေးဝေ အို… အမေ
    သက်တော်ရာကျော် ရှည်ပါစေ….

    Reply

Leave a Reply

Your email address will not be published.