မုဆိုး

အာဂJanuary 26, 20111min03

တစ် နေရာယူ
နှစ် အဆင်သင့် သုံး ကျည်ဆံထည့်
လေး မောင်းချိန် ငါး ပစ်နိုင်ပြီ …. စိမ်..။

ငယ်ငယ်ကလိုပေါ့ ဘဝဟာ ပုံသေနည်းကျကျနဲ့
မထုဆစ်ထား ပါဘူး။
နေရာမယူခင် စပြီး ပစ် ရတဲ့ တိုက်ပွဲတွေ ရှိနိုင်သလို
ကိုယ်က မောင်းချိန်ပြီးမှ တရစပ် အပစ်ခံရတဲ့
ကိစ္စတွေလည်း ရှိနိုင်တယ်..။

သေချာတာက……..။
ကိုယ်ပစ်မဲ့ ပစ်မှတ်ကိုထိဖို့
ကိုယ့်ကျည်ဆံ ဟာ ဖြောင့်သင့်တဲ့ အချိန်ဖြောင့်လို့
ကောက်သင့်တဲ့ အချိန်မှာ ကောက်ကွေ့ရမယ်…။
လူသားမုဆိုးရဲ့
အဓိက က ပစ်မှတ်ကိုထိဖို့ပဲလေ..။

3 comments

  • shweminthar

    January 26, 2011 at 12:22 pm

    wanted ထဲကလို ကျည်တွေကို ကွေ့ဝိုက်ပြီးပစ်လို့ ရတာ ဘဲ နော်။

    Reply

  • ဆူး

    January 26, 2011 at 2:47 pm

    ဦးအာဂ ဘယ်ကို ပစ်မလို့လဲ.. တွတ်ပီ ထဲကလို မရှောင်ရင်ကော လွတ်မှာလား။

    Reply

  • unclegyi1974

    January 27, 2011 at 3:25 pm

    မောင်းချိန်ပြီးတရစပ်မပစ်ရသေးခင်
    သူတို့ကချည်းတရစပ်ပစ်နေပါပေါ့လား
    အာဂါရေ

    Reply

Leave a Reply

Your email address will not be published.