တူနီးရှား စစ်တပ် က အာဏာပြန်သိမ်းဖို ့ကြိုးစားတဲ့ သမ္မတ ကိုယ်ရံတော်တပ် ကို ချေမှုန်းပြီ

ဂ်စ္စူJanuary 17, 20111min04

နိုင်ငံကို ၂၃ နှစ်ကြာ အုပ်ချုပ် ခဲ့သည့် အာဏာရှင် သမ္မတ ဘင်အလီ ရဲ ့ကိုယ်ရံတော် တပ်တွေ
ကို ဒီနေ ့မြို ့တော် တူနစ်က သမ္မတ နန်းတော် နဲ ့ဗဟိုဘဏ် အနီး ၎င်း တို ့တပ်စွဲ ထားရာမှ စတင်
ချေမှုန်း နေပြီ ဖြစ်ပါတယ်။ အစိုးရ အဖွဲ ့အစည်း သစ် စတင် ဖွဲ ့စည်းတာ ကို ဆန် ့ကျင်ပြီး အာဏာရှင် သမ္မတ ကို သစ္စာ ခံ
တဲ့ အတွက် စစ်တပ် က ၎င်း တို ့ဘာသူ တာဝန်သိစိတ် နဲ ့ချေမှုန်းနေတာ ဖြစ်ပါတယ်။နောက်
ဆုံးရ သတင်းတွေ အရ ယခင်ပြည်ထဲရေး ဝန်ကြီး နဲ ့ကိုယ်ရံတော် တပ် ရဲ ့တပ်မှုး ဖြစ်သူ ကို
စစ်ရဲ တပ် ဖွဲ ့က ၎င်း ရဲ ့အိမ်ကနေ သမ္မတ နန်းတော် ကို အလာမှာ ဖမ်းဆီးလိုက်ပါတယ်။

ကိုယ်ရံတော် တပ်ဖွဲ ့ခေါင်းဆောင် အလီ ဆီရီယာ တီ နဲ ့အခြား စစ်တပ် အရာရှိ လေး ဦး နဲ ့
ထောက်လှမ်းရေး အရာရှိ သုံးဦး ကို အဏာပြန်သိမ်းရန် ကြိုးပမ်းမှု နဲ ့ဖမ်းဆီးလိုက်တာ ဖြစ်
ပါတယ်။

ကိုယ်ရံတော် တပ်ဖွဲ ့မှာ ခောတ်မှီ လက်နက် တွေရှိပြီး ၊ တပ်ဖွဲ ့ဝင် ခြောက်ရာ ကျော်လောက်
ရှိပါတယ်။ ဒီတပ်ဖွဲ ့ဝင်တွေ ဟာ သာမန် စစ်သားတွေ ထက် လစာ ပိုရပါတယ်။ဘင်အလီ ကတော့
ဇန်နဝါရီလ ၁၄ ရက်နေ ့မှာ နိုင်ငံက ထွက်ပြေးသွားပြီ ဖြစ်ပါတယ်။

Src:FNG


4 comments

  • လင်းဝေကျော်

    January 17, 2011 at 5:07 am

    တိုင်းပြည်ကိုချစ်မှာလား ဆရာကိုချစ်မှာလား ဇာတ်လမ်းပါပဲ

    Reply

  • cobra

    January 17, 2011 at 9:11 am

    တိုင်းပြည်ကိုချစ်သင့်ပါတယ်…လူတိုင်းကိုပြောတာပါ..။

    Reply

  • unclegyi1974

    January 17, 2011 at 4:42 pm

    လစာဆိုတာပြည်သူကပေးတာပါ
    စစ်တပ်ကပေးတာမဟုတ်ပါဖူး

    Reply

  • rocky

    January 18, 2011 at 7:10 am

    ဒီမှာလဲအုပ်ချုပ်နေတာနှစ် ၂ဝ ကျော်နေပြီ။အပေးအယူလေးတွေနဲ့ အာဏာမသိမ်းအောင် တော်တော်လေးထိန်းထားနိုင်တာကတော့ ဆရာဘဲ။

    Reply

Leave a Reply

Your email address will not be published.