ထိုင်းနိုင်ငံရောက် ကိုရွှေရဲ ့အတွေး(၁)

bigbirdJanuary 3, 20111min013

အားလုံးမင်္ဂလာနှစ်သစ်ပါ.ကျနော် ငှက်ကြီး ပါ၊မန္တလေး

ဂေဇက်ကိုနေ ့တိုင်းလိုလိုဝင်ရောက်ဖက်ဖြစ်ပါတယ်။ကျနော်

ကစာဖက်ဝါသနာပါတယ်၊၊မဝေ၊ဆူး၊ကိုပေါက်၊နေဝန်းနီ၊

ကိုရင်မောင်၊ကိုကြောင်ကြီး၊အစရှိတဲ့ ကလောင်ရှင်တွေကို

မတွေ ့ဘူးပေမယ့် သူတို ့ရဲ ့ပိုစ့်တွေကိုဖက်ရင်းနဲ ့ရင်းနှီးသ

လိုရှိနေပါပြီး၊ဖက်တာများလာတော့ရေးချင်တဲ့စိတ်လေးပေါ်

လာပါတယ်။ဒါနဲ ့ပဲရေးဖြစ်တယ်ဆိုပါတော့၊ကျနော်ကထိုင်း

နိုင်ငံမှာအလုပ်လုပ်ပါတယ်၊ဒီတော့ ထိုင်း ကမြန်မာတစ်

ယောက်ရဲ ့ခံစားချက်နဲ ့ပက်သက်တာကိုပဲစာဖွဲ ့မိတယ်ဆိုပါ

တော့၊ဒီမှာ ည၈နာရီခွဲလောက်ဆို တီဗီလိုင်းတိုင်းလိုလို စီးရီး

ဇက်လမ်းတွဲတွေလွှင့်ပါတယ်။ထိုင်းစီးရီးတွေပါ၊ tv တွေမှာ

korea ထက် thai ကိုပိုပြီးဦးစားပေးတာတွေ ့ရပါတယ်၊

အလုပ်ပြီးထမင်းစားပြီးရင် tv ကြည့်ဖြစ်ပါတယ်၊နေတာကြာ

ပြီးဆိုတော့အားလုံးကိုနားလည်နေပါတယ်၊ကြည့်ရင်းနဲ ့သတိ

ထားမိတာတစ်ခုရှိလာတယ်၊ဇက်လမ်းတွေထဲမှာအိမ်ဖော်အ

ခန်း၊အခိုင်းစေ၊အစေခံနေရာတွေမှာဆိုရင်မြန်မာတွေအဖြစ်

အသုံးပြုလာတာတော်တော်များများတွေ ့လာပါတယ်၊ထိုင်း

တွေကသရုပ်ဆောင်ကြတာပါ၊သရုပ်ဆောင်တွေဟာမြန်မာ

တွေလိုမပီတပီပြောပြီးသရုပ်ဆောင်နိုင်လေပိုပြီးငှားကြလေ

ပါပဲ၊တစ်ချို ့ကားတွေမှာသနက်ခါးဘခွက်ကြားလေးတွေပါ

 ပါလိုက်သေးတယ်၊မမလေး အကိုလေး စသည်ဖြင့်တရိုတ

သေခေါ်ဆိုပြီးဒူးထောက်ခစားကြရပါတယ်၊ကျနော်တို ့ငယ်

ငယ်တုန်းကမြန်မာကားတွေမှာ ပီချေး သရုပ်ဆောင်တာထက်

အများကြီးပိုဆိုးပါတယ်၊အပြင်မှာလည်းသဌေးအိမ်တိုင်းလိုလို

မြန်မာမလေးတွေအိမ်ဖော်လုပ်နေကြတာကိုး၊ကျနော်ကအိမ်

သုံးဂက်(စ်)ပုံးတွေပို ့ရတာဆိုတော့တွေ ့နေမြင်နေကြပါပဲ၊

ဒီလိုအဖြစ်တွေကိုဘယ်သူကိုအပစ်ပြောရမလဲမသိတော့ပါ

ဘူး၊အမျိုးကောင်းသားသမီးတွေသူများနိုင်ငံမှာကျွှန်အဖြစ်နဲ ့

တစ်နေ ့တစ်ခြားပိုများလာတာကျနော်ရင်ထဲမှာဖော်မပြတက်

တဲ့ဝေဒနာတစ်ခု ခံစားရပါတယ်။ကြာရင်ပိုဆိုးလာလိမ့်မယ်

လို ့ကျနော်ထင်ပါတယ်၊သူငယ်ချင်းအားလုံးရောဘယ်လိုခံ

စားရပါသလဲ?..ကျနော် ငှက်ကြီး ဆက်လက်တင်ပြပါဦးမည်။

13 comments

  • kopauk mandalay

    January 3, 2011 at 4:16 pm

    စိတ်မကောင်းပေမယ့်လဲ ဘာမှ မတတ်နို်င်ဘူးလေ။
    ရုန်းထွက်နိုင်အောင်ကြိုးစားကြဘို့ဘဲလိုပါတယ်။

    Reply

  • ကျွန်တော်လို တောသား ပြင်ပဗဟုသုတနည်းပါတယ်။ စာတွေ့ပဲသိတာ။ ဒါကြောင့် ကိုငှက်ကြီးရဲ့စာကို စောင့်ဖတ်ရတော့မယ်။ များများသာရေးပါ။ ကျေးဇူးတင်ပါတယ်။ တိုင်းပြည် ဒီလောက်ချွတ်ခြုံကျတာ လူအမှား မဟုတ်၊ ပေါ်လစီအမှားလို့ပဲထင်ပါတယ်။

    Reply

  • bigcat

    January 4, 2011 at 1:16 am

    ဒီတနေ့ထဲမှာတင် ကြွက်ကော ဌက်ရောတွေ့တယ်။ ကြောင်ကြီးတို့ စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲပြီထင်ပါ့။

    Reply

    • bigbird

      January 4, 2011 at 1:50 pm

      ကြောင်ကိုချီသွားမယ့် စွန်ငှက်မျိုးနဲ ့တွေ ့ရင် ချမ်းနေပါအုံးမယ်ကိုကြောင်ကြီး
      ရေ….ဟဲ.ဟဲ

      Reply

  • koyinmaung

    January 4, 2011 at 4:10 am

    နိုင်ငံတခုရဲ့ တိုးတက်မှု့ဆုတ်ယုတ်မှု့ကိုပြတဲ့ပြရုပ်တွေပါဘဲ တချိန်က ကုလါးတွေ တရုတ်တွေ ဒို့ဆီမှာလါပြီးအလုပ်ရှာလုပ်ကြရတာ ခုတို့ကသူတို့ဆီပြန်သွားနေရပြီလေ လူလိုမသိတဲ့သူရဲ့လက်ထဲအာဏာရှိနေသရွေ့ခံနေရအုံးမှာပါ ကိုယ်ကိုတိုင်လဲ သူတပါးနိုင်ငံမှာကျွန်ခံနေရဆဲပါ …..

    Reply

    • bigbird

      January 4, 2011 at 2:00 pm

      မှန်လိုက်လေ _ဗျာ…

      Reply

  • naywoonni

    January 4, 2011 at 6:12 am

    အမျိုးကောင်းသမီးလေးတွေ ကိုယ့်တိုင်းပြည်ကနေပြီး အတတ်ပညာ မပါပဲနဲ့ အပြင်ထွက်အလုပ်လုပ်ကြတာကို အားပေးနေတဲ့ သူတွေကရှိနေတော့ ပြောရတာမကောင်းဘူး
    ဒီမှာပြောနေကြတာတစ်ခုရှိသေးတယ် ကိုရွှေ (ထိုင်းကို သွားမယ်ဆိုရင် မီန်းမကောင်းလို့ မသတ်မှတ်ကြပါဘူး) ပြောတာတောင် “ထိုင်းပို့လိုက်ရမလား” လို့ပြောရင်နားလည်တဲ့သူတွေက ရိုက်တာထက်တောင်နာကြတယ် ။
    ဒါပေမဲ့ မပြေလည်တဲ့ စီးပွားရေးကြောင့် သွားနေကြရတာပါ အပြစ်လည်းမပြောသာဘူးလေ

    Reply

    • bigbird

      January 4, 2011 at 1:57 pm

      ဒါကြောင့်မို ့ဘယ်သူ ့ကိုမှအပြစ်မပြောတော့ပါဘူး ကိုနေ..ရာ
      သတ္တဝါတစ်ခု..ကံတစ်ခု လို ့ ကံကိုပဲပုံအောရတော့မလိုဖြစ်နေပြီး။

      Reply

  • Gipsy

    January 5, 2011 at 8:00 am

    တကယ်ပါ…အားလုံးအတွက်အဆင်ပြေအောင်ဆုတောင်းနေပါတယ်….တနေ့တော့ဖြစ်လာမှာပါ……

    Reply

  • နီလေး

    January 5, 2011 at 10:09 am

    ဆက်လက်အားပေးမယ်နော်

    Reply

  • unclegyi1974

    January 5, 2011 at 3:47 pm

    ကိုငှက်က ဘယ်လိုခံစားရလဲဆိုလို့
    မေတ္တပို့နေပါတယ်လို့
    ဘယ်သူ့ကိုလဲမမေးနဲ့တော့နော်

    Reply

  • winkyawaung

    January 5, 2011 at 4:01 pm

    ဒါ မြန်မာတွေအတွက် စိတ်မကောင်းစရာပါ။

    Reply

  • ဆူး

    January 8, 2011 at 3:23 pm

    မြန်မာတွေ သနားစရာ ဖြစ်နေတာတော့ အမှန်ဘဲ.. သူများနိုင်ငံတွေ ၅နှစ် ၆နှစ် အတွင်းမှာ တိုးတက်သွားတာ.. မှတ်မမိနိုင်လောက်အောင် တိုက်ကြီးကြီးတွေ ထိုးထိုးထောင်ထောင်နဲ့.. လူတိုင်း အလုပ်တွေ ပေါမှပေါ့.. မြန်မာ နိုင်ငံ ကတော့ မီးပိတ်ပြီး အိပ်နေတာ.. အခုထိ မနိုးသေးဘူး။ တိုးတက်မှုတွေ ရှိလာရင် အလိုလို အလုပ်အကိုင်တွေ ပေါများပြီး သူများနိုင်ငံမှာ ကျွှန်ဘဝ မရောက်နိုင်တော့ဘူး။

    Reply

Leave a Reply

Your email address will not be published.