၂၁ ရာစု ရဲ့ ဒုတိယဆယ်စု အစ

maungmoenyoJanuary 2, 20111min00

ဟောင်းနှစ် ကအညစ်
မကောင်းသမျှ၊ အဖြစ်သနစ်တွေကို
ကောင်းချက်အချိူ့ နဲ့ သင်ပုန်းချေလို့၊
စိတ်သစ်ကိုမွေး။

ဆယ်စုတခုရဲ့အစ (၂၀၁၁) မှာ
သားသမီးဘုစုခရု နဲ့ ခင်ပွန်းကညာ၊ ဖိုးဖိုးဇွားဖွား အပြင်
မျိုးဆွေသင်္ဂဟာ အပေါင်းပါမကျန်။
စိတ်ကိုယ် နှစ်ဖျာ ကျန်းမာရွှင်လန်းကြပါစေလို့။
ချွေဆုတောင်းလိုက်ပါရဲ့…။

ထိုမှတဖန်….ကမ္ဘာတဝှမ်းကျားမကြီးငယ်မရွေး၊ သတ္တဝါအပေါင်းပါမကျန်၊
ကလေးမိန်းမတွေအလေးထားလို့
ခံစားဝေဒနာ နဲ့ ဆင်းရဲမှုအပေါင်းက
လွတ်မြောက်စေကြောင်း…။

မန္တလေးဂေဇက် မိးသားစုဝင်အားလုံးကလည်း….
များများတွေး..များများရေးပြီး
မျာများလည်းငြင်းနိုင်ကြပါစေလို့…
စာပေတင့် ပြီး လူမျိုးမြင့်စေကြောင်း..
တောင်းဆုကိုချွေ….။

Leave a Reply

Your email address will not be published.