၂၀၁ဝ ပြန်တမ်း

manawphyulayDecember 25, 20101min00

(မောလျ မာန်ချသံနဲ့အတူ)
လူသားအားလုံး ကိုယ့်ဦးနှောက်ကို
ဖွင့်ဖောက် စစ်ဆေးကြ
ကိုယ့်အရေပြားကို
ပါးလွှာ သန့်ရှင်းကြ
ရိုးသား ပွင့်လင်းကြ
တန်ဖိုးထား လေးစားကြ
အရှေ့ အနောက်
တောင် မြောက် ဝဲယာ
စကြဝဠာတစ်ခွင်လုံး
လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး
အပြုသဘောဆောင်
ချစ်ခြင်း အနှောင်အဖွဲ့တွေနဲ့
အဆွေခင်ပွန်းကောင်းဖြစ်စေ
ရန်ဘက်တွေ ငြိမ်းအေးစေ
ဆန့်ကျင်ဘက်တွေ ပေါင်းစည်းစေ
ဝေးစေ အမုန်း
အငြိုး အတေး အမှတ်
သံသယ ကြက်ခြေခတ်တွေ
ကန့်သတ် ဘောင်ခတ်
အတိတ်ဆိုးတွေ လုံးဝ မရှိစေရ
ဥပဒေတစ်ရပ်
(မေတ္တာရပ်ခံ ပန်ကြားချက်တစ်ရပ်)
သတ်မှတ် ပြဋ္ဌာန်းလိုက်သည်
ဒီဇင်ဘာ ၃၁ ည ၁၂ နာရီသို့
တည်စေသော်။

Leave a Reply

Your email address will not be published.