တရုတ်နိုင်ငံသို့ ဖမ်းဆီးသတ်ဖြတ် ပို့ဆောင်ခြင်းခံနေရတဲ့ မြန်မာ့ရှားပါး တိရိစ္ဆာန် ကျားသတ္တဝါများ..

နွယ်ပင်December 23, 20101min06


ဟူးကောင်းတောင်ကြား ဒေသမှ မြန်မာကျားတစ်ကောင်.. ယခုအချိန်မှာတော့ ကျားကောင်ရေ ၈ဝကျော်သာ ကျန်ရှိပါတော့တယ်..


တရုတ်နိုင်ငံမှာ ဈေးကောင်းရတဲ့ အတွက် အသတ်ဖြတ်ခံရပြီး ရောင်းစားခံနေရတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံက ကျားသတ္တဝါတွေပါ..

မြန်မာနိုင်ငံက ကျားရေခွံရောင်းဝယ်တဲ့ ဈေးကွက် အခြေအနေကို ဓာတ်ပုံတွေနဲ့ဖော်ပြထားပါတယ်…။ မြန်မာနိုင်ငံက ကျားရေခွံတွေကို တရုတ်နိုင်ငံက ဝယ်ယူတာဖြစ်ပြီး အရေခွံမပျက် ဦးခေါင်းပါ အပျက်အဆီးမရှိတဲ့ ကျားရေခွံတစ်ခုရဲ့ ရောင်းဈေးဟာ မြန်မာငွေ သိန်းတစ်ရာမှ ၁၅ဝထိ ဈေးရှိကြောင်း ပြည်တွင်းမှ ပေးပို့လာတဲ့ မြန်မာပြည်ကလာတဲ့စာ သတင်းတစ်ပုဒ်မှာ ဖော်ပြဘူးပါတယ်..။ ဒီကျားရေခွံတွေကို တရုတ်နိုင်ငံထဲ အထိသယ်ဆောင်ရာမှာ အကျင့်ပျက် ဝန်ထမ်းအဆင့်ဆင့် ကိုလာဘ်ပေး လာ်ယူ ပြုလုပ်ပြီး ဖမ်းဆီးသယ်ဆောင် ရတာဖြစ်ပါတယ်..။ ကျွန်တော်တို့ နိုင်ငံမှာ သယံဇာတတွေ ပေါများကြွယ်ဝတာတင် မကပဲ သဘာဝကပေးထားတဲ့ ရေမြေတောတောင် သဘာဝအလှတွေ၊ တောရိုင်းတိရိစ္ဆာန်တွေနဲ့ ပြည့်စုံတဲ့ တိုင်းပြည်တစ်ခုပါ..။

တိုင်းပြည်ကို မတရားတဲ့ အမိန့်အာဏာတွေနဲ့ အုပ်ချုပ်မင်းလုပ်နေသူတွေရဲ့ လွဲမှားချွတ်ချော်တဲ့ အုပ်ချုပ်ရေး ယန္တရားအောက်မှာ တိုင်းပြည်ဟာ တစတစ လုံးပါးပါးလာနေခဲ့ပါပြီ..။ ဆင်းရဲမွဲတေမှုရဲ့ အကျိုးဆက်.. အသိပညာချို့တဲ့မှုရဲ့ အကျိုးဆက်အဖြင့် လတ်တလော စားဝတ်နေရေး တစ်ခုတည်းကိုပဲ ဖြည့်ဆည်းဆောင်ရွက်နေရတဲ့ အခြေအနေအောက်မှာ တိုင်းပြည်ရဲ့ သဘာဝအမွေအနှစ် သယံဇာတတွေကို တန်ဘိုးထားရကောင်းမှန်း မသိတော့ပါဘူး..။

တရုတ်နိုင်ငံဘက်မှ မြန်မာ့တောရိုင်း တိရိစ္ဆာန် ရောင်းချရာ ဈေးကွက်..

6 comments

  • လင်းဝေကျော်

    December 23, 2010 at 6:57 am

    တစ်ကောင်မှ သိန်း၁၅ဝ လောက်နဲ့ သတ်ဖြတ်နေကြတာကိုး။
    ထိမ်းသိမ်းနေကြတဲ့သူတွေဘက်က ဒီထက်မက ပိုကုန်နေတာ။
    ဝန်ထမ်းတွေကတော့ ပြောမနေနဲ့တော့။ ပြည်သူ့ဝန်ထမ်းမဟုတ်တော့ဘူး။
    တိုင်းပြည်အတွက်လုပ်နေတာမဟုတ်ဘူး၊ သူတို့စားရဖို့ နေရမြဲဖို့လုပ်နေကြတာ။

    Reply

  • nyimalay

    December 23, 2010 at 7:33 am

    ဆင်းရဲမွဲတေမှုရဲ့ အကျိုးဆက်.. အသိပညာချို့တဲ့မှုရဲ့ အကျိုးဆက်အဖြင့် လတ်တလော စားဝတ်နေရေး တစ်ခုတည်းကိုပဲ ဖြည့်ဆည်းဆောင်ရွက်နေရတဲ့ အခြေအနေအောက်မှာ တိုင်းပြည်ရဲ့ သဘာဝအမွေအနှစ် သယံဇာတတွေကို တန်ဘိုးထားရကောင်းမှန်း မသိတော့ပါဘူး..။

    That’s True !

    Reply

  • etone

    December 23, 2010 at 7:41 am

    ကိုယ်ကျိုးကို မျှော်ပြီး သတ်ဖြတ်တာပဲဖြစ်ဖြစ် ၊ပိုက်ဆံကောင်းကောင်း ရလို့ သတ်ဖြတ်တာပဲဖြစ်ဖြစ် ၊ သက်ရှိတစ်ကောင်ရဲ့အသက်ကို ကိုယ့်အကျိုးစီးပွားအတွက် သတ်ရက်တဲ့စိတ်တွေကို အံ့ဩမိပါရဲ့ … ။ ကံကံဧ။် အကျိုးပေးပါလိမ့်မယ် ။

    Reply

  • koyinmaung

    December 23, 2010 at 7:54 am

    တို့နိုင်ငံကပြည်တွင်းကသယံဇာတတွေကိုမသုံးဘဲလုပ်စားလို့ရတဲ့နိုင်ငံပါ ဖွံဖြိုးဆဲနိုင်ငံကြီးတွေအလယ်မှာ အရည်အချင်းရှိတဲ့ခေါင်းဆောင်ကောင်း ဆိုယင် နိုင်ငံရဲ့သဘာဝသယံဇာတတွေလဲမပျက်စီးရှားပါတိရစာ္ဆန်တွေလဲ မပျောက်ပျက်အောင်ကာကွယ်ပြီးတိုင်းပြည်တိုးတက်အောင် လုပ်လို့ရနိုင်ပါတယ် ခုခေါင်းဆောင်တွေကတော့ လုပ်လိုက်တဲ့စီးပွားရေး ပြည်တွင်းထဲကအလကားရတဲ့တန်ဘိုးရှိတဲ့သယံဇာတတွေကို ဈေးပေါးပေါးနဲ့ ရောင်း ဒါသူတို့လုပ်တတ်တဲ့စီပွားရေးပါ….

    Reply

  • MTY

    December 23, 2010 at 10:53 am

    ဖတ်ရတာတွေကလဲဗျာ..စိတ်ညစ်စရာချည်းဘဲ..comment တွေကိုပါ..ဟိုဘက်ကလဲအမျီုးမျီုးရေးတာပါဘဲ.ကျနော်တော့သတင်းဘဲဖတ်ချင်တော့တယ်

    Reply

  • narziparty2009

    December 23, 2010 at 11:58 am

    သူငယ်ချင်းများအားလုံးကူညီစေချင်ပါသည်။ကျွန်တော်စာတင်မလို.လာတိုင်းအမြဲလိုလို newpost ကိုနှိပ်ပြီးတာနဲ.
    http;//www.man…n/post-new.php error ဆိုပြီးဘာမှပေါ်မလာတော.လို.ပါအဲဒီနေ.မှာပဲသူများတွေတင်တော.ရတာတွေ.ရပါသည်
    ကူညီကြပါ
    မေးထဲပို.ပေးကြပါပို.စ်တင်တဲ.ပုံစံလေးကို
    narziparty2009@gmail.com ပါ

    Reply

Leave a Reply

Your email address will not be published.