0ffline

julykoDecember 5, 20101min06

မော်လမြိုင်မှာ ကော်နက်ရှင်တွေက သိပ်မကောင်းကြဘူး ။
ကောင်းပြန်တော့လည်း လူအရမ်းများလွန်းတော့ စောင့်နေရတယ် ။
အခုတော့ ကောင်းတစ်ချက် မကောင်းတစ်ချက်နဲ့ စိတ်ပျက်ဖို့ကောင်းတယ်။
ကိုယ်ပိုင် gtalk လေးတောင် အမြဲ offline ဖြစ်လွန်းလို့ သူငယ်ချင်းတောင်မရှိတော့ဘူး ။ 0nline တတ်ရတာလည်း ဘောလုံး
ကန်နေရသလိုပဲလေ ဟိုလိမ်ရ ဒီခေါက်ရနဲ့ ပင်ပန်းပါတယ်။ စိတ်ထဲမှာတွေးမိတယ် ငါပင်ပန်းမှာစိုးလို့ အမြဲ offline ဖြစ်နေတာလား လို့ပေါ့။

6 comments

  • kopauk mandalay

    December 5, 2010 at 11:56 am

    ဟိုတော့ ဒီတော့ နဲ့
    လက်ဆော့ မယ်ကြံတိုင်း။
    အွန်လိုင်းကမိတ်ဆွေ
    သတိရလို့ခေါ်မယ်ကြံတိုင်း
    စိတ်သွားတိုင်းကိုယ်မပါအောင်
    လုပ်ရက်တဲ့ ကွန်နက်ရှင်
    ပျက်ချင်တိုင်းပျက်
    ဆက်ချင်တိုင်းဆက်မရတော့
    ပျက်လိုက်ရတဲ့စိတ်
    သိပ်ကို ရက်စက်တာဘဲ …….သူ

    Reply

  • intro

    December 5, 2010 at 12:38 pm

    ကွန်နက်ရှင် မကောင်းတာများ အသားကျနေပါပြီဗျာ… ကျွန်တော်တို့ကတော့ လိုင်းမကောင်းရင် ဂိမ်းလေးဆော့လိုက်၊ လိုင်းကောင်းရင် လိုင်းပေါ်ပြန်တတ်လိုက်နဲ့….

    Reply

  • naywoonni

    December 5, 2010 at 12:54 pm

    သူ……
    ဘယ်သူလဲ..မသိ
    နာမယ်ဘယ်လိုခေါ်လဲ
    မေးဆဲခဏဝယ်
    ကျသွားတဲ့ကွန်နက်ရှင်ရယ်
    ဘယ်ထိအောင်လိုက်ကောက်ရပါ့
    ဟိုတစ်ခေတ်ကသီချင်းလေးလို
    ကွန်နက်ရှင်ကိုအကြွေးယူလို့ရရင်
    နောက်တစ်နေ့စာထဲက
    နဲနဲလောက်ချေးချင်တယ်
    ကော်နက်တင်းနဲ့
    အွန်လိုင်းတွေမြင်နေရ
    မကြင်ရတဲ့ဘဝကို
    …………………………

    Reply

  • ဆူး

    December 5, 2010 at 2:00 pm

    ဘွတူတွေ တွေ့နေကြပါ ပကောလား.. နက်နက် မကောင်းတော့.. ခဏခဏ အရိပ် အခြေကြည့်ပြီး တက်တာ စောင့်နေရတယ်

    Reply

  • yaunglone

    December 5, 2010 at 2:16 pm

    မော်လမြိုင်မှ ဟုတ်ပါဘူးဗျာ။ အင်တာနက်ဆိုင် မှန်သမျှ အကုန်လုံး အဲဒါမျိုးကြည့်ပါပဲ။ အထူးသဖြင့် နယ်တွေဆိုတော့ အမ်ပီတီလိုင်းတွေက ပိုဆိုးတယ်ဗျ.. မြန်မာပြည်မှာ အကောင်းဆုံးဆိုတာကတော့ ဘာမှ မလုပ်ဘဲ ထိုင်နေတာ နဲ့ စိတ်ပျက်ဖို့တွေက အကောင်းဆုံးပဲဗျ.။

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 5, 2010 at 7:18 pm

    အေးဗျာ အားလုံးတွက် စိတ်တော့မကောင်းဘူး
    အင်တာနက် တစ်ခါသုံးဘို ့ တော်တော်လုံးပန်းနေရတာဘဲနော် ဒါတောင် ပိုက်ဆံပေးပြီး
    ကျွန်တောကတော့ အင်တာနက်သုံးတာ တစ်ခါမှ ပိုက်ဆံ မကုန်ဖူးဘူးဗျ
    အိမ်ဘေးမှာ ကုန်တိုက်ရှိတယ် ဟော်တယ်တွေ ရှိတယ် တစ်ချို ့ဆို ဘယ်သူ ့ဟာမှန်းတောင်မသိဘူး
    ဝိုင်ယာလက်စ်ကို မလော့ခ် ထားဘူး ဘာသဘောလည်းတော့ နားမလယ်ဘူးဗျ
    ကိုကတော့ အလကားရတာဘဲသိတယ် တောင်ပြောရမလား မသိဘူး
    ဒါလဲ ပဒေသာပင် တစ်မျိုးဘဲ ဆိုရမလား

    Reply

Leave a Reply

Your email address will not be published.