ရွှေတိဂုံစေတီတော် အားဩခက်စထြာတီးဝိုင်းဖြင့် ပထမဆုံးအကြိမ် ပူဇော်မည်။

mGDecember 3, 20101min00

ဒီသတင်းကတော့ သေသေချာချာကို တွေ့လိုက်ရတာပါ။သေခြာတာတော့အမှန်ပဲဗျ။ဒါပေမဲ့ ရက်ကိုတော့လုံးဝမသိသေးဘူးဖြစ်နေတယ်။ရက်သိရင် Edit ပြန်လုပ်ပေးပြီးတော့ ရက်ကိုရေးပေးထားပါ့မယ်။

နာမည်ကျော် မြန်မာပြည် ကျောက်စိမ်းဆိုင်းဝိုင်း၊ တယောပညာရှင် ၁၀ဝ ခန့်နှင့် အဆိုတော်များကဩခက်စထြာ တီးဝိုင်းပုံစံမျိုးဖြင့် ရွှေတိဂုံဘုရား အောင်မြေနေရာတွင် မြတ်စွာဘုရားကို ဂီတဖြင့် ပထမဆုံးအကြိမ် ပူဇော်ကြမည်ဟု တယောကိုတင်ရီက ပြောသည်။

ယင်းသို့ ဂီတဖြင့် ပူဇော်ခြင်းကိုဒီဇင်ဘာလအတွင်း ကျင်းပမည်ဖြစ်ပြီး မြဝတီမင်းကြီးဦးစ၏ သီချင်းခန့် (ထူးမခြားနား ရောင်ခြည်တော်ဘွဲ့)၊ မြမန်းဂီရိ (ယိုးဒယား) ၊ တေဘုမ္မာ (ယိုးဒယား) အပါအဝင် တေးသီချင်း ၄ ပုဒ်တို့ကို တယောဦးတင်ရီ၏ အော်ဂက်စတာ တီးဝိုင်းဖြင့် ဒေါ်ရီရီသန့် အပါအဝင် အခြားမျိုးဆက်သစ် အဆိုရှင်များက သီဆိုပူဇော်ကြမည်ဟု သိရကြောင်း ၂၀၁ဝ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Leave a Reply

Your email address will not be published.