မဏ္ဍပ်များ သင်္ကြန်အပြီး သုံးရက်အတွင်း ဖျက်ရမည် စည်းကမ်း မလိုက်နာသော မဏ္ဍပ်များ အာမခံ စပေါ်ငွေ သိန်း ၃ဝ ကို သိမ်းဆည်းမည် ဖြစ်

BayoteApril 7, 20101min02

မဏ္ဍပ်ဆောက်လုပ်ခွင့်ရပြီးသောသူများအနေဖြင့် သင်္ကြန်တက်ပြီးသုံးရက်အတွင်း မဏ္ဍပ်များအား အပြီးအစီးသပ်ရပ်စွာ ဖျက်သိမ်းရမည်ဖြစ်ပြီး သင်္ကြန်ကာလအတွင်း စည်းကမ်းလိုက်နာမှုမရှိသော မဏ္ဍပ်များအား အာမခံစပေါ်ငွေအားလုံး သိမ်းဆည်းသည်အထိ အရေးယူ သွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းအထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းအပြင် သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခြင်းကြောင့် လမ်း သားစင်္ကြန်နှင့် ရေမြောင်းများ ပျက်စီးမှုဖြစ်ပေါ်ပါက ပြန်လည်ပြင်ဆင်ရန်အတွက် ပျက်စီးမှုအတိုင်းအတာအလိုက် ကျသင့်တန်ဖိုးငွေအား အင်ဂျင်နီယာဌာန(လမ်း/တံတား)သို့ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ်အတွက် သင်္ကြန်မဏ္ဍပ်များလျှောက်ထားရာတွင် ယမန်နှစ် က အမည်ပျက်စာရင်းတင်သွင်းခံထားရသည့် မဏ္ဍပ်များအား ခွင့်ပြုမည်မဟုတ်ဘဲ ဆောက်လုပ်ခွင့်ရမဏ္ဍပ်များအနေဖြင့်လဲ မိမိမဏ္ဍပ်မှ နေ့စဉ် ထွက်သော စက္ကူ၊ ပလတ်စတစ်စများနှင့် ကြွပ်ကြွပ်အိတ်၊ ဘူးခွံ၊ ပုလင်းခွံစသည့် အမှိုက်များကို တာဝန်ယူရှင်းလင်ေးပေးသွားရမည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ်အတွက် မဏ္ဍပ်အရွယ်အစားမှာ မဏ္ဍပ်မျက်နှာဖွင့်အကျယ် ၂၅ ပေအောက်ကို မဏ္ဍပ်အသေး၊ ၂၅ ပေအထက် မဏ္ဍပ် အလတ်နှင့် ပေ ၅ဝ အထက်ကို မဏ္ဍပ်အကြီးဟု သတ်မှတ်ထားကြောင်း၊ မဏ္ဍပ်ကြီးများအတွက် မျက်နှာဖွင့်အကျယ်မှာ ပေ ၁၀ဝ ထက် မပိုရန် ညွှန်ကြား ထားကြောင်း ၂၀၁ဝ ခုနှစ် ဧပြီလ ၈ ရက်နေ့ထုတ် ပြည်မြန်မာဂျာနယ်တွင် ဖော်ပြထားပါသည်။

2 comments

  • susunosuki

    April 17, 2010 at 2:55 pm

    ကောင်းပါတယ် ဒဏ်ကြေးငွေဆောင်ခိုင်းတော့
    စည်းကမ်းကောင်းလာမှာပေါ့
    ဒါပေမယ့်ကြိုတင် သတိပေးစာတော့ ထုတ်သင့်တယ်

    Reply

  • Aung Myat Way

    September 5, 2011 at 5:46 pm

    မြန်မာသကြန်အလှဟာတကယ်ပါ
    သိလျင်တော့ဆေးပဲမသိလျင်တော့ဘေး
    သကြန်ရက်တွေဆိုရင်မိဘတွေရင်မောရတာပေါ့
    ကိုယ့်မွေးထားတဲ့သားလေးဘယ်နားလဲနေမလည်းပေါ့

    Reply

Leave a Reply

Your email address will not be published.