အမျိုးသားနေ့အတွက် အမှတ်တရ ကဗျာ ..

weiweiNovember 30, 20101min05

ဒီကဗျာလေးက မဆလ ခောတ်က အမျိုးသားနေ့အကြို သီတာဝင်းအငြိမ့် တီဗီမှာ လွှင့်တုန်းက လူရွှင်တော် ဇာဂနာ ရွတ်ပြခဲ့တာလေးပါ … ကျွန်မစိတ်ထဲမှာ ယနေ့အထိ အလွတ်ရနေလို့ အမှတ်တရချရေးလိုက်ပါတယ် … စာသားလွဲတာရှိရင်တော့ ကျွန်မ၏မှတ်ဉာဏ်ချို့ယွင်းမှုသာ ဖြစ်ပါသည် ….

ကျက်သရေတိုးတဲ့ လက်ဖက်ရည်အိုးနဲ့

မလိုင်တဖန် စားလို့မကုန်သော်လည်း

ပြိုင်စံရှားလို့ အဖုံဖုံ

စူရကီအထည်နဲ့ နိုင်ငံခြားကကုန်ဆိုလျှင်

အတူအညီမဝယ်ပဲ

မြူနီစီပါယ် မြို့ရွာအသစ်ပြင်လျှက်

တို့မြန်မာ တို့ချစ်ခင်

ဓန အသပြာသုံးလို့ အရိုင်းမသင်ကြပါနဲ့

လသာတုန်းမှာ ဗိုင်းငင်ဆိုတာလို

သမိုင်းဝင် ကချင် မွန် မြန်မာတစ်ခုတို့က

ဝံသာနု အထူးခောတ်တကယ်ကြုံရလို့

ဦးချစ်ဖွယ်ကလဲ အစုံစုံအဖွယ်ဖွယ် အထူးကောင်းတာကြောင့်

မြန်မာ စကူးကျောင်း ပညာဆွယ်ရလျှင်

အင်္ဂါကြယ်ကို လက်လှမ်းလို့မှီလိမ့်

ယက်ကန်းသူ မိန်းကလေးတစ်ခုတို့က

ငြိမ်းအေးခြင်းအသွင် အထူးဆောင်လျက်

စာရေးသူ မောင်သင်က မှာလိုက်

နောင်တစ်ချိန်မှာ အကိုင်းအပင်မညှိုးရအောင်

သမိုင်းတွင် အကျိုးကိုဖွင့် ………

သေသေချာချာမမှတ်မိတော့ပါ … လွန်ခဲ့သော (၂၅) နှစ်ခန့်မှ ဖြစ်ပါသည် ….

အမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုလျက် ……..

5 comments

  • weiwei

    November 30, 2010 at 7:54 pm

    အင်တာနက်မှာ ရှာကြည့်တာလဲမတွေ့လို့ မှတ်မိသလောက်ချရေးလိုက်တာ … စာကြောင်းတွေလိုနေသေးတယ် … ဘယ်လိုမှ ထပ်စဉ်းစားလို့မရတော့လို့ … သိတဲ့သူရှိရင် ပြင်ပေးပါ ….
    စဉ်းစားတိုင်း ကိုဇာဂနာ့မျက်နှာကြီးပဲ ပေါ်ပေါ်လာတယ် … 🙂
    မှတ်မှတ်ရရ (၈) တန်းနှစ်တုန်းက ကြည့်လိုက်ရတာ …. 88 နောက်ပိုင်း တစ်ခါမှ ပြန်မပြတော့ဘူး …

    Reply

  • kai

    November 30, 2010 at 9:30 pm

    မသိပါခင်ဗျား.။
    ကိုဇာဂနာလွတ်မှ သွားမေးရမလို ဖြစ်နေပြီ..။ 🙂

    Reply

  • ဆူး

    December 1, 2010 at 1:44 am

    အဲဒီ အချိန်တုန်းက ဆူး ပုခက်တော်မှာ စက်တော်ခေါ်နေလို့.. ရွှေနားတော် နားမစိုက်မိလို့.. မသိလိုက်ပါ အမတော်…

    Reply

  • weiwei

    December 1, 2010 at 3:14 am

    အမျိုးသားရေးအတွက် ရည်ရွယ်ပြီး 1920 ပတ်ဝန်းကျင်က ဝံသာနု ဦးချစ်ဖွယ် တို့ လက်ထက်က ရေးစပ်ခဲ့တဲ့ ကဗျာတွေထဲက တစ်ခုပါ … ဗမာတွေကို ပြည်တွင်းဖြစ်ကို သုံးစွဲဖို့ … နိုင်ငံခြားပစ္စည်းတွေကို အထင်မကြီးဖို့ … မြန်မာ့ပညာရေးက အင်္ဂါကြယ်ကိုတောင် လက်လှမ်းလို့မှီတယ်ဆိုပြီး အမျိုးသားစိတ်ဓါတ်တက်ကြွလာအောင် ဆော်ဪပေးတဲ့ ကဗျာလေးမို့ ကြိုက်လွန်းလို့ အလွတ်ကျက်ပြီး မှတ်ထားခဲ့တာပါ … နှစ်တွေကြာလွန်းလို့ ဒီလောက်ပဲ မှတ်မိတော့တာ ..

    Reply

Leave a Reply

Your email address will not be published.