to admin

fattyDecember 1, 20101min012

ဆရာတို့ခင်ဗျား … mandalay တွင် ရေးထားသော အသံလွှင့်အတွေ့အကြုံများကို
Malaysia တွင် ထုတ်နေသော Lifestyle & Art journal မှ ဝယ်ယူနေပါသဖြင့် ….
ခွင့်တောင်းခြင်း ပြုပါသည်။ အချက်အလက်များကို style တမျိုးနှင့် ရေးသားပေးရမည်ဖြစ်သဖြင့် ဒီမှာ တင်ထားသော post နှင့် ထပ်တူတော့ မဖြစ်ပါခင်ဗျား။
မည်သို့ပင်ဆိုစေ .. ဒီမှာ အရင်ရေးသားထားပြီးဖြစ်ပါရျ် ခွင့်ပြုချက်တောင်းခံပါသည်။

12 comments

  • bigcat

    December 1, 2010 at 6:16 am

    ဂုဏ်ယူပါတယ် အသံလွှင်ဆရာကြီး ဦးဖက်ရေ။ ဘိုးတော်များ အကြောင်းလဲ လုပ်ပါအုံး။ သူတို့အကြောင်း တပိုဒ်လောက်ရေးလိုက်တာနဲ့ အခု အမစ ခံရပြီမှတ်လား။ ပိုရေးရင် ပိုမလိမ့်မယ်။

    Reply

  • fatty

    December 1, 2010 at 7:25 am

    dear bigcat ….ကျနော် ကိုကြောင်ကြီး ကိုနဲနဲစိတ်ဝင်စားတယ် ဘာကြောင့်လဲဆိုတော့ ကိုကြောင်ကြီးရဲ့ ….
    သရော်စာ … မထိခလုပ်ထိခလုပ် ရေးနိုင်တဲ့ စာတွေကြောင့်ပါ ..။ ကျနော်တခါကပြောဘူးသလိုပါဘဲ ကျနော်တို့
    စာ စ ရေးတုန်းက မဂ္ဂဇင်းတခုမှာပါဘို့ … အနဲဆုံး စာမူ အပုဒ် ၅ဝ .. ၁၀ဝ လောက်အပယ်ခံရပြီးမှ … နောက်ဆုံး အရွေး
    ခံရတာပါ ..။ ဒါပေမဲ့ အခက်ဆုံးက ဟာသ .. သရော်စာပါ ။ အခုခေတ် စာပေစစ်ဆေးရေးမူအရ ဆို သရော်စာ …
    ရေးဖို့က လုံးဝ မဖြစ်နိုင်တာကြောင့် satire လို့ခေါ်တဲ့သရော်စာ ပုံစံမျိုးပျောက်နေပါပြီ။ ကိုကြောင်ကြီးကိုရေးစေချင်ပါတယ် ..။

    Reply

    • bigcat

      December 2, 2010 at 2:39 am

      သိပ်လည်းမမြှောက်ပါနဲ့ဗျာ၊ မန်းလေးဂေဇက်အွန်လိုင်းက လူတိုင်းအတွက် ဖွင့်ပေးထားတာပါ။ ဘာပဲဖြစ်ဖြစ် ကိုခိုင်ကိုတော့ အခုလိုစီစဉ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စကားစပ်လို့ ဦးဖက်ရဲ့ အိမ်မက်ထဲမှာ ကိုခိုင်က ရွာသားတွေကို တန်ဖိုးရှိတဲ့ လက်ဆောင်တွေ ပေးနေတယ်ဆိုတာနဲ့စပ်လို့ တွေးမိတယ်။ အခုလို ဦးဖက်တို့ မဝေတို့ တခြားပုံနှိပ်ထုတ်ဝေသူတွေနဲ့ အဆက်သွယ်ရတာ၊ ကျန်တဲ့သူတွေ အတွက်လဲ ကလောင်သွေးစရာ၊ ကိုယ်ပိုင်အတွေးတွေကို အန်ထုတ်စရာ နေရာရကြတာတို့ကိုများ ရည်ညွှန်းလေရော့သလားလို့။
      ကျနော်ကိုလဲ ဂြိုလ်သားတွေကများ သူတို့ဆီမှာ စာရေးဖို့ လာပြောလေမလားလို့ ညဖက် ကောင်းကင်ကနေ အလင်းတန်းကျလာတိုင်း အပြင်ဖက်ထွက်မျှော်မိတယ်။ ပန်ကန်ပြားပျံတော့ မဟုတ်ဘူးဗျို့၊ ညဖက် ပတ္တရောင်လှည့်တဲ့ ရဲဟယ်လီကော်ပတာပေါ်ကထိုးတဲ့ ဆလိုက်မီးဖြစ်နေလို့ အိမ်ထဲပြန်ဝင်ပြေးရတယ်။
      အန်တီဝေနဲ့ ဦးပေါက်ရေ ကွန်ဂရက်ကျူလေးရှင်းပါဗျာ။

      Reply

  • editor

    December 1, 2010 at 8:02 am

    ဝမ်းမြောက်ဝမ်းသာစွာ ခွင့်ပြုပါသည်၊ ဖြစ်နိုင်လျှင် ..မန္ဆလေးဂေဇက်ကိုပါ ခရက်ဒစ်ပေးစေလိုပါသည်။

    ယခုကဲ့သို့ မြန်မာပြည်ပြင်ပတွင် စာစောင်ဂျာနယ်များထုတ်နေနိုင်ခြင်းကို များစွာဂုဏ်ယူပါသည်။
    မြန်မာပြည်မှ စာရေးသူများကို စာမူခပေး၍အသုံးပြုခြင်းကိုလည်း ကျေးဇူးတင်အားပေးပါကြောင်းလေးပါ Lifestyle & Art journal သို့ ဦးဖက်တီးမှ ကိုယ်စားပြုပြောပေးစေလိုပါသည်။

    Reply

  • weiwei

    December 1, 2010 at 8:18 am

    ဒီပို့စ်ထဲကနေပြီး မန္တလေးဂေဇက်ကို ကျေးဇူးတင်ကြောင်း ပြောပါရစေ ….
    အဲဒီ မဂ္ဂဇင်းကနေ ကျွန်မ၏ ခရီးသွားဆောင်းပါးများကိုလဲ ကမ်းလှမ်းလာပါသည် … ပုံများနှင့်အရေးအသားများကို ပြောင်းလဲပေးရမည်ဖြစ်သော်လည်း ဒီမှာတင်ထားတာကိုတွေ့ပြီး အခုလိုကမ်းလှမ်းခံရခြင်းဖြစ်လို့ မန္တလေးဂေဇက်ကို ကျေးဇူးတင်ပါတယ် …
    တခြားဝါသနာပါသူများအနေဖြင့်လည်း ဒီနေရာလေးကို လေ့ကျင့်ရေးကွင်းတစ်ခုလို သဘောထားပြီး ရေးသားကြပါလို့ တိုက်တွန်းချင်ပါတယ် …

    Reply

  • ဆူး

    December 1, 2010 at 8:46 am

    ရေးမှာဘဲ ရေးမှာဘဲ.. မပျင်းအောင်ကို ရေးမယ်.. ဒီမှာ မှမရေးရရင် ပျင်းလွန်းလို့ ဝင်ရေးတာ။
    ဒီဆိုက်မှာတောင် ၁သိန်းဆိုတာ.. ဘယ်တော့ ပြည့်မယ်မှန်း မသိဘူး ကွေးသောလက် မဆန့်ခင် ဆန့်သောလက် မကွေးခင်.. သေသွားမှဖြင့် ဒွတ်ခ.. မလာကြာရင်သေပြီလို့သာမှတ်..
    ပြောလို့သာ ပြောတာ ဒီဆိုက်မှာရေးတာ.. ဘာရေးရေး မပျင်းရဘူး.. မမြင်ဘူးပေမဲ့.. အားပေးကြတယ်။ အားပေးကြလို့.. ပိုပြီး ရေးချင်လာမိတယ်။ ကျန်တာ ဘာမှ မျှော်လင့်ချက်မထားဘူး

    Reply

    • kai

      December 1, 2010 at 8:52 am

      အဲလို .. မျှော်လင့်ချက်မထားပေမဲ့..နောက်ဆို ..ဆူးတယောက်..ဥရောပသွားရင်..ရုရှားကဆင်းတွေ့မဲ့ကိုကိုတို့..။
      ယူအက်စ်လာရင်.. ဒစ်စနေလင်န်းလိုက်ပို ့မဲ့ မောင်မောင်တို ့.. အပြည့်နဲ့ဖြစ်နေမှာပါနော..။
      ခါချ..ခါချ…။

      Reply

  • ဆူး

    December 1, 2010 at 9:01 am

    ဦးလေးနော်.. လူကြီးက လူကြီးလို မနေဘူး.. ကလေးတွေ ကြားသိပ်ပါတာဘဲ.. ယုံချင်ယုံ မယုံချင်နေ.. မေးထဲက လာကြူရင်တော့ ပြသနာ ရှာခံရတာ.. ပျားတုတ်လို့ ထွက်ပြေးရတာထက် ဆိုးလွန်းလို့.. ဘယ်သူမှ မကြူဘူး.. ကြူမိတဲ့ လူလည်း မခံနိုင်ဘူး.. ဒစ်စနေးမှာ ဆေးလိပ်သောက်လို့.. အဟောက်ခံရတာ မမှတ်မိသေးဘူး.. သမီးတို့ ဖထီးကြီး။ 😀

    Reply

  • fatty

    December 1, 2010 at 9:12 am

    ကိုပေါက် ကိုလဲ မကြာခင် ဆက်သွယ်ပါလိမ့်မယ် …။ အဲဒီ journal အယ်ဒီတာက အခု ရန်ကုန်ကို ရောက်နေလို့
    ကျနော်တို့တွေ့ပါမယ် … နိုင်ငံရပ်ခြားမှာ မြန်မာတွေအတွက် အခုလိုစာစောင်တွေထုတ်နိုင်ဖို့ ဆွေးနွေးကြမှာဖြစ်ပါတယ်။ကျနော်စာ ပြန်ပြီးရေးဖြစ်တာ mandalaygazette ရဲ့ကျေးဇူးပါ။ နို့မို့ဆို ကျနော်စာရေးခြင်း
    အလုပ်ကို ပြစ်ထားလိုက်ပါပြီ …။

    Reply

    • etone

      December 2, 2010 at 8:12 am

      အင်းလေ .. စာရေးတာခဏရပ်ပြီး မာဆက်လေးဘာလေးလိမ့်ဦးမှ 😀 နောက်တာပါ ။ Congratulation ပါ

      Reply

  • naywoonni

    December 1, 2010 at 2:46 pm

    2012 ဒီဇင်ဘာ4ရက်မတိုင်ခင် ကိုခိုင်ပေးမဲ့ငွေပြည့်ပါ့မလား
    ဟင်! တော်တော်ကြာ…………………….

    Reply

Leave a Reply

Your email address will not be published.