အပျော်အပါး မလိုက်စားသောယောက်ျား

zinmyotunNovember 28, 20101min00

စုတ်ပြတ် နုံချာနေသော အဝတ်အစားဝတ် လူတစ်ဦးသည်

လမ်းသွားလမ်းလာတို့ထံမှ ပိုက်ဆံတောင်းနေသည်။

သားနားခန့်ညားစွာ ဝတ်ထားသောလူတစ်ဦး လမ်းလျှောက်လာသည်။

“နောင်ကြီးရယ်၊ စားစရာမရှိလို့ပါ၊ စေတနာရှိသမျှ မ,စပါခင်ဗျာ”

“မပေးနိုင်ဘူး၊ မင်းကို ငါးဒေါ်လာလောက် ပေးကြည့်၊

ချက်ချင်းအရက်သောက်ပစ်မှာ မဟုတ်လား”

“ကျွန်တော်အရက်မသောက်တတ်ပါဘူး ခင်ဗျာ”

“မသောက်လည်း မင်း…ဖဲကစားပစ်မှာပေါ့”

“ကျွန်တော် အလောင်းအစား မလုပ်တတ်ပါဘူး ခင်ဗျာ”

“အို…ဒါ မဟုတ်လည်း မကောင်းတဲ့မိန်းမဆီ မင်းသွားမှာပေါ့”

“ဒါလည်းဝါသနာ မပါပါဘူးခင်ဗျာ…”

လူကြီးသည် သူတောင်းစားကိုခြေဆုံးခေါင်းဆုံးကြည့်ပြီး……

“OK…မင်းကိုငါ ငါးဒေါ်လာပေးမယ်… ဒါပေမဲ့ မင်းငါအိမ်ကို ခဏလိုက်ခဲ့ရမယ် ဘာအပျော်အပါးမှမလိုက်စားတဲ့ယောက်ျားတွေ

ဘယ်လိုဖြစ်တတ်တယ်ဆိုတာ

ငါ့မိန်းမကိုမြင်အောင်ပြချင်လို့….”

zawphyowai မှ ပြန်လည်မျှဝေပေးသည် ။

Leave a Reply

Your email address will not be published.