လူထု နဲ့ ဒေါ်အောင်ဆန်းစုကြည်” အပတ်စဉ်အမေးအဖြေ အစီအစဉ်

နွယ်ပင်November 27, 20101min01

လူထုနဲ ့ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်ကို အာအက်ဖ်အေက အပတ်စဉ် သောကြာနေ့ ညတိုင်း တင်ဆက်နေပါပြီ။ ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေကြားပေးမှာ ဖြစ်ပါတယ်။ မေးမြန်းလိုသူတွေ အနေနဲ့ မိမိတို့ မေးခွန်းတွေကို ရန်ကုန်မြို့က အင်အယ်လ်ဒီ ရုံးချုပ်ကို တိုက်ရိုက် ပေးပို့နိုင်သလို၊ အာအက်ဖ်အေကိုလည်း အင်တာနက်ကနေ ပေးပို့ နိုင်ပါတယ်။ အာအက်ဖ်အေ အီးမေးလ် လိပ်စာကတော့ burmese@rfa.org ဖြစ်ပါတယ်။

မးခွန်းတွေကို တိုတိုနဲ့ လိုရင်းသာ ရေးသားစေလိုပါတယ်။ အဲဒီစာတွေကို အင်အယ်လ်ဒီရုံးချုပ်ကို တိုက်ရိုက် ပေးပို့သည်ဖြစ်စေ၊ အာအက်ဖ်အေကို ပေးပို့သည်ဖြစ်စေ၊ အမည် လိပ်စာ နဲ့ ဆက်သွယ်နိုင်မယ့် တယ်လီဖုန်း နံပါတ်တွေကို ဖော်ပြဖို့ လိုပါတယ်။ အဲဒီ တယ်လီဖုန်းနံပါတ်ကို အာအက်ဖ်အေက ခေါ်ယူ ဆက်သွယ်ပြီး ပြည်သူတွေရဲ့ မေးမြန်းစကားတွေကို အသံဖမ်းယူကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်နဲ့အတူ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

ဆက်သွယ်ရေး အခက်အခဲ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ များပြားလှတဲ့ အလုပ်တာဝန်တွေနဲ့ တခြား အခက်အခဲတွေကြားက အချိန်လုပြီး တင်ဆက်ရတာဖြစ်လို့ အားနည်း ချွတ်ယွင်းချက်တွေ ရှိပါလျှင် သည်းခံခွင့်လွတ်ဖို့ မေတ္တာ ရပ်ခံအပ်ပါတယ်

One comment

  • koyinmaung

    November 27, 2010 at 6:04 pm

    ပေါက်ဖေါ်တို့တိုင်းပြည်ကလဲဒို့တိုင်းပြည်နဲ့တောင်ပိုဆိုးသေးပါလာဝေ့ RFA facebook youtube တခုမှဝင်ကြည့်လို့မရပါ……

    Reply

Leave a Reply

Your email address will not be published.