တူမောင်သို့ပေးစာ

unclegyi1974November 24, 20101min06

တူမောင် ၁၂၃ ရေ ဦးကြီးစာရေးလိုက်ပါတယ် တူမောင်ရေးနေတဲ့စာတွေလဲ

ဦးကြီးဖတ်နေရပါတယ် အခုတလော တူမောင်ရေးလိုက်တဲ့စာ ၂ ပုဒ်က

ရွာထဲမှာအတော်ဆွေးနွေးလို့ကောင်းနေတာဘဲ တူမောင်ကိုဦးကြီးပြော

တယ်မဟုတ်လား ကိုယ်လျှောက်တဲ့လမ်းတည့်အောင်လျှောက်

ဘေးမရောက်စေနဲ့ အလုပ်တခုကိုစမိရင်တာဝန်ယူတတ်ပါစေ

လို့ပြောထားတယ်မဟုတ်လား

အခုတော့မင်းလုပ်ပုံမဟုတ်သေးဘူး

ပထမစာမှာ ဒေါ်စုမိသားစုပုံ နဲ့ လက်ထပ်တဲ့ပုံတင်ပြီး အမျိုးဖျက်

တယ် ဘာညာနဲ့ရေးပြီး သူများတွေကဝေဖန်ချက်တွေတင်လာမှ

မင်းယုံကြည်ရာမင်းပြန်မချေပဘဲ

ဒုတိယစာနဲ့ဝေဖန်သူတွေကဝိုင်းရန်တွေ့သလေ ကျွန်တော်နိုင်ငံရေး

စိတ်မဝင်စားပါဘူး ဘာညာနဲ့ မင်းရေးတာတွေကရှေ့နဲ့နောက်

မညီးဘူးဆိုတာသိရဲ့လားကွာ စာဆိုတာရမ်းမရေးရဘူးကွဲ့

ရေးချင်ရင်လဲမှတ်တမ်းမှတ်ရာတွေသေချာပြန်လေ့လာ

နောက်မျက်မှောက်ဖြစ်နေတာတွေနဲ့ချိန်ထိုးကြည့်

အခုတော့မင်းလုပ်ပုံကလူပြောစရာဖြစ်နေပြီ

မြန်မာ့နိုင်ငံရေးကိုလဲမင်းဘယ်အပိုင်းကမှီလိုက်သလဲ

ဖဆပလခေတ် ပြီးတော့အိမ်စောင့်အစိုးရခေတ် ပြီးတော့ တပါတီ

စံနစ် နောက်၈၈ နောက်၉ဝရွေးကောက်ပွဲ အထိဘဲမင်းသေချာလေ့လာ

ကြည့်ပါအုန်း စီးပွားရေး လူမှုရေး ပညာရေး မင်းနှိုင်းယှဉ်ကြည့်

လိုက်ရင်အဖြေတခုရလာမှာပါ မင်းစာကိုဝိုင်းမန်းကြတဲ့သူတွေ

ဘာဖြစ်လို့မင်းကိုဝိုင်းရေးကြတယ်ဆိုတာ

မင်းကဒေါ်စုလူမျိုးခြားနဲ့လက်ထပ်တာကိုမကျေနပ်ဘူး အမျိုးဖျက်

တယ်ဟုတ်လား ဒီစကားလုံးတွေကဦးနေဝင်းလက်ထက်ကတည်း

ကပြောနေတာရိုးနေပါပြီကွာ အခုခေတ်ကြီးကိုလဲအိပ်နေရာကနဲနဲလောက်

ထပြီးတော့ကြည့်လိုက်ပါအုန်း

အခုကအသားအရောင်ခေတ်ကုန်ပြီကွအမျိုးချစ်ပါ လူမျိုးခြားဘာညာ

တွေနဲ့စည်းရုံးရေးဆင်းတဲ့ခေတ်လဲမရှိတော့ဘူးကွ

အဓိက ကမင်းဘာလုပ်နိုင်သလဲ နိုင်ငံအတွက်မင်းဘယ်လောက်ပေး

ဆပ်နို်င်သလဲ နိုင်ငံတိုးတက်အောင်မင်းဘာလုပ်ပေးနိုင်သလဲ

လူတွေလိုချင်နေတာကိုမင်းမျက်ချေပြတ်ကျန်ခဲ့ပြီကွ

နောက်အရေးအကြီးဆုံးကမင်းကရွာဆိုပြီး ဘာမှမသိပါဘူးကွာ

လို့ထင်နေတဲ့ရွာကလူတွေကမင်းထက်ပိုသိနေတယ်ဆိုတာမမေ့ပါနဲ့

ရွာသားပေမဲ့လူအတယောက်မှမပါဘူးကွဲ့

ဒါကြောင့်နောက်ဆိုရင်လူကြီးတွေပြောတာကိုမှတ်ပါ နာယူပါ

ကိုယ်မသိလို့ပြောပြတာကိုဝိုင်းဆူကြတယ်လို့မထင်ပါနဲ့

ဆုံးမနေတယ်လို့မှတ်ပါ

တူမောင်နောင်တနေ့နိုင်ငံဝန်ထမ်ကောင်းတယောက်ဖြစ်ပါစေ

ဦးကြီး

6 comments

  • နေ ဘုန်းလျံ

    November 24, 2010 at 6:04 pm

    ကောင်း တယ် အန်ကယ်ကြီးရေ နိုင်ငံရဲ့ ရေး မပြောပါနဲ့ ခောတ်တခောတ် မှာ ၅ပြား၁ဝပြားနဲ့ မုန့်စားလို့ရတာ လေးတွေ သူတို့ သိမှာ မဟုတ်ဘူး သင်ပေးပါဦးထပ်ပြီးတော့ပေါ့……။

    Reply

  • နေ ဘုန်းလျံ

    November 24, 2010 at 6:08 pm

    အန်ကယ်ကြီးရေ ဒီလို လူမျိုးတွေ ကို သင်ပေးတာ ကြည့် သင်ပေးနော် အဟီး ဝက်ကို ပလာ တာကြွေးသလိုဖြစ်နေဦးမယ် ဘာအရသာ မှမသိရင်ခက်နေမယ်….။

    Reply

  • နေ ဘုန်းလျံ

    November 24, 2010 at 6:10 pm

    ကောင်း တယ် အန်ကယ်ကြီးရေ နိုင်ငံရဲ့ အရေး မပြောပါနဲ့ ဦး ခောတ်တခောတ် မှာ ၅ပြား၁ဝပြားနဲ့ မုန့်စားလို့ရတာ လေးတွေ သူတို့ သိမှာ မဟုတ်ဘူး သင်ပေးပါဦးထပ်ပြီးတော့ပေါ့……။

    Reply

  • etone

    November 25, 2010 at 1:48 am

    တူမိုက်ကလေးကို များများဆုံးမပါ ဦးလေး 😀

    Reply

  • kopauk mandalay

    November 25, 2010 at 2:09 am

    ကလေးတွေတွင်ကွက်ပြီးမဆုံးမနဲ့နော်။
    ကြီးမိုက်ကြီးတွေကိုလည်း ဆုံးမဘို့ မမေ့နဲ့ဗျ.

    Reply

  • sayargyi

    November 25, 2010 at 3:45 am

    အချို့ရက်ကွက်ထဲမှာ ကလေကချေ တွေအော်ကြီးဟစ်ကျယ်ရန်ဖြစ်ရင် မနှိင်နိင်အောင် ငယ်ကျိုးငယ်နာတွေဖေါ်ပြီး ဆဲတာတွေ့ဖူးမှာပေါ့
    သူ့အဆင့်အတန်းနဲ့သူ ဒီလိုဘဲပြောမှာပေါ့ ခွင့်လွှတ်လိုက်ပါ…

    Reply

Leave a Reply

Your email address will not be published.