Repair လုပ်ကြည့်ပါ….

manawphyulayNovember 21, 20101min01

အင်ဂျင်နီယာ—–“ဘာများ ဝန်ဆောင်ပေးရမလဲ ခင်ဗျာ။”

ဧည့်သည်——–“နှလုံးသားမှာ အချစ်ကို တပ်ဆင်မလို့ ဆုံးဖြတ်ထားပါတယ်။ ဘယ်လို တပ်ဆင်ရမလဲဆိုတာကို တဆင့်ခြင်း ပြောပြလို့ရမလား။

အင်ဂျင်နီယာ—–“ရပါတယ်. . .တပ်ဆင်ဖို့အဆင့်သင့်ဖြစ်ပြီလား။”

ဧည့်သည်———“ဟုတ်ကဲ့။ အဆင်သင့်ဖြစ်ပါပြီ.ဒါပေမဲ့ နည်းပညာတွေကို သိပ်နားမလည်လို့ ပထမဦးဆုံး ဘာလုပ်ရမလဲ ဆိုတာကို ပြောပြပါလား။”

အင်ဂျင်နီယာ—-“ပထမအဆင့် အနေနဲ့ ရင်ဘတ်ကို ဖွင့်လိုက်ပါ။ နှလုံးသားကို ရှာတွေ့ပြီလား။”

ဧည့်သည်——“တွေ့ပါပြီ။ ဒါပေမဲ့ တချို့ပရိုဂရမ်တွေ အလုပ်လုပ်နေတာ တွေ့ရတယ်။ သူတို့ အလုပ်လုပ်နေတဲ့ အချိန် အချစ်ကို တပ်ဆင်ရမှာ အခက်အခဲ ရှိနိုင်လား။”

အင်ဂျင်နီယာ—-“ဘာပရိုဂရမ်တွေ အလုပ်လုပ်နေသလဲ။”

ဧည့်သည်——–“အင်း… ဒဏ်ရာဟောင်း၊ တစ်ကိုယ်ကောင်းဆန်စိတ်၊ မနာလို ဝန်တိုစိတ်၊ နာကျည်းစိတ်တွေက အလုပ်လုပ်နေပါတယ်။

အင်ဂျင်နီယာ—–“ကိစ္စမရှိပါဘူး. . .အချစ်ကိုတပ်ဆင်လိုက်တာနဲ့ အချစ် ဒဏ်ရာဟောင်းကို စစ်စတန်(system) ကနေ ဖျက်လိုက်မှာပါ။ အဲဒီ ဒဏ်ရာဟောင်းက မှတ်ဉာဏ် (memory)ထဲမှာ ကျန်ချင်ကျန်ခဲ့လိမ့်မယ်။ ဒါပေမဲ့ တခြား ပရိုဂရမ်တွေကိုတော့ အနှောင့်အယှက် မဖြစ်စေပါဘူး။ အချစ်မှာ ရှိတဲ့ ကိုယ်ချင်းစာစိတ်က တစ်ကိုယ်ကောင်းဆန်စိတ်ကို ဖုံးသွားလိမ့်မယ်။ မနာလိုစိတ်နဲ့ နာကျည်းစိတ်တွေကို အရင်ပိတ်ပစ်ရဦးမယ်။ နို့မဟုတ်ရင် အချစ်ကို တပ်ဆင်ရာမှာ အခက်အခဲ ရှိလိမ့်မယ်။ သူတို့ကို ပိတ်ပစ်နိုင်မလား ”

ဧည့်သည်——-“သူတို့ကို ဘယ်လိုပိတ်ရမလဲ? ပြောပြနိုင်မလား”

အင်ဂျင်နီယာ—-“ရပါတယ်… ခွင့်လွတ်စိတ်ကို ရွေးပြီး ရမ်း(run)လိုက်ပါ။ မနာလိုဝန်တိုစိတ်နဲ့ နာကျည်းစိတ်တွေ လုံးဝပျောက်သွားတဲ့အထိ ထပ်တလဲလဲ (run) ပေးပါ”

ဧည့်သည်——–“ကောင်းပြီလေ…အချစ်ကို တပ်ဆင်လို့ ပြီးပါပြီ။ ဒါပုံမှန် ဟုတ်ပါသလား”

အင်ဂျင်နီယာ—–“ဟုတ်ပါတယ်…ဒါပေမဲ့ ဒါဟာ အခြေခံအဆင့်ပဲ ရှိသေးတယ်။ အချစ်ကို တခြားနှလုံးသား တစ်ခုနဲ့ ဆက်သွယ်ပေးလိုက်မှ သူဟာ အဆင့် ထပ်တိုးသွားနိုင်တယ်။”

ဧည့်သည်——–“ဟာ မှားယွင်းနေကြောင်း အသိပေးချက် ပေါ်လာပါလား? အချစ်ပရိုဂရမ်ဟာ အခြားတစ်ခုမှာ အလုပ် မလုပ်နိုင်ဘူးတဲ့။ ဘယ်လိုလုပ်ရမလဲ?”

အင်ဂျင်နီယာ—–“စိတ်မပူပါနဲ့…အချစ်ဆိုတဲ့ အရာဟာ အတွင်းစိတ်ကနေပဲ အလုပ်စလုပ်တယ်လို့ ပြောတာပါ။ လွယ်လွယ် ပြောရရင် အချစ်ကို တခြားနှလုံးသားတစ်ခုနဲ့ မဆက်သွယ်ခင် ကိုယ့်ကိုယ်ကိုယ်အရင် ချစ်ဖို့ပါပဲ”

ဧည့်သည်——-“ဒါဆို ဘယ်လိုလုပ်ရမလဲ။”

အင်ဂျင်နီယာ—-“ကိုယ့်ကို လက်ခံတဲ့ ဖိုင်ကို ရွေးလိုက်ပါ။ ဒီဖိုင်ထဲက “ကိုယ့်ကိုု ခွင့်လွတ်မူ” “ကိုယ့်တန်ဖိုးကို ကိုယ်နားလည်မူ” နဲ့ “ကိုယ်လိုချင်တဲ့ ကန့်သတ်မူ” ဆိုတဲ့ ဖိုင်တွေကို ကော်ပီလုပ်ပြီး ရင်ဘတ်ထဲကို ထည့်လိုက်ပါ။ တူနေတဲ့ ဖိုင်တွေကို ဖုံးသွားမှာပါ။ ဝေဖန်တတ်တဲ့ စိတ်ကိုလည်း ဖျက်ပစ်လိုက်ပါ။ နောက်ပြီး(recycle bin)ထဲက ရှိသမျှအားလုံးကိုလည်း ဖျက်လိုက်ပါ”

ဧည့်သည်—–“အင်း..ကောင်းပါပြီ။ နှလုံးသားမှာ ဖိုင်အသစ်လေးတွေ ထွက်လာတာ မြင်နေရပြီ…စခရင် မျက်နှာပေါ်မှာ အပြုံးလေးတွေ တွေ့နေရပြီ။ “တည်ငြိမ်ခြင်း” နဲ့ “စစ်မှန်ခြင်း”က နှလုံးသားမှာ အပြည့် ကော်ပီကူးထားတယ်။ ဒါဟာ ပုံမှန် ဟုတ်ပါသလား”

အင်ဂျင်နီယာ—–“ပုံမှန်ပါပဲ…တခါတလေ ဒိလိုပဲ အဆင်ပြေသွားတတ်တယ်။ တခါတလေတော့လည်း စောင့်ရတတ်တယ်။ အခုဆိုရင် အချစ်ကိုတပ်ဆင်လို့ ပြီးသွားပြီ။ စတင် အလုပ်လုပ်နေပြီ။
တကယ်လို့သာ အဓိက အရင်းအမြစ် ဖြစ်တဲ့ Operating System အကြောင်းတော့ သိထားဖို့ လိုမယ်ထင်တယ်။ ဒါမှ ဘာကြောင့် ဘယ်လိုဆိုတာ သိရှိမှသာ ပြုပြင်သင့်တာတွေ ပြင်ဆင်မှသာ အရာရာ အဆင်ပြေမယ်လို့ ယူဆမိပါတယ်။
(အချစ်အကြောင်းတော့ သိဘူး။ ရမ်းသမ်းရေးကြည့်တာ ဟီး)

One comment

  • bigcat

    November 21, 2010 at 4:44 pm

    ကျနော့်မှာရှိတဲ့စက်က အိုးလ်ဒ်မော်ဒယ် လက်နှိပ်စက်ကြီး။ ပြင်လို့ရမှာလားဟင်။

    Reply

Leave a Reply

Your email address will not be published.