Gas pipeline exploded in ShwePyiThar -ကျပ်သိန်း ၁၂ဝ ဆုံးရှုံး

ဂ်စ္စူNovember 19, 20101min03

Nov 8, ’10 3:45pm
ဒီကနေ့မနက် ၃နာရီခန့်က ရွှေပြည်သာမြို့နယ် မော်တော်ယာဉ်တပ် လထ ၄ အဝင်ဂိတ်အနီး အမှတ် ၄ လမ်းမဘေးမှာ ဂက်စ်ပိုက်လိုင်းပေါက်ကွဲပြီး ကိုက် ၆ဝ လောက်မှာရှိတဲ့ မိသားစုက အိပ်နေတဲ့ကလေးတဦး ပွဲချင်းပြီးသေဆုံးသွားပါတယ်။ ၃ ဦးဆေးရုံတင်ထားရတယ်လို့လည်းသိရပါတယ်။ အခုတော့ ပိုက်လိုင်းကို အားချင်းပြင်ဆင်နေတယ်လို့ မျက်မြင်ဒေသခံတဦး အပြောအရ သိရှိရပါသည်။
အညာနွေတမာမြေ

November 19,2010

themyanmarpost က ဒီနေ ့ထပ်သိခဲ့ရတဲ့ နောက်ဆက်တွဲ ဆုံးရှုံးမှုလေးဖြစ်ပါတယ်

ရွှေပြည်သာ မြို့နယ်၊ ဘုံရွှေဘုံ ကျေးရွာ အနီး၊ ရွှေပြည်သာ – လှော် ကား သို့ ပေးသည့် ဂက်စ် ပိုက်လိုင်း ဆက်ကြောင်း ၁၃ ပေ ပွင့်ထွက်ပြီး နိုဝင် ဘာ ၈ ရက် နံနက် ၃ နာရီ တွင် မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မီးသတ် ဦးစီး ဌာနမှ သိရသည်။

အဆိုပါ မီးလောင်မှု ကြောင့် ၁ဝ လက်မ ဂက်စ်ပိုက်လိုင်း ၂၉ ပေ ခန့် မီးလောင်၍ ကောင်းကင် ကေ ဘယ်ကြိုး၊ ဓာတ်တိုင် များနှင့် ကုန်စုံ ဆိုင် တစ်ဆိုင် မီးလောင်ပြီး ကုန်စုံ ဆိုင် မှ မိသားစု လေးဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း၊ မီးလောင်မှု ကြောင့် ကျပ် သိန်း ၁၂ဝ ဖိုး ဆုံးရှုံး ခဲ့ကြောင်း ရန် ကုန်တိုင်း ဒေသကြီး မီးသတ် ဦးစီးဌာန မှ သိရသည်။

“ကျွန်မတို့ မိသားစု အိပ်နေ တာ နံနက် ၃ နာရီလောက် မှာ အသံအကျယ်ကြီး ကြားလိုက် တယ်။ ခဏ နေတော့ ဘေးအိမ်တွေ ကလည်း နိုးလာပြီး မီးလောင်တယ် ဆိုတာ သိ လိုက်တယ်။ ကျွန်မတို့ နေတဲ့ ရပ်ကွက် နဲ့ ဝေးပေမယ့် ကောင်းကင်မှာ လင်း ထိန် လိုက်၊ ပြန်မှိန် လိုက်နဲ့ တွေ့နေရ တယ်။ ရပ်ကွက် ထဲက တချို့က စက်ဘီးနဲ့ အဲဒီ နေရာကို သွားကြည့် ကြတယ်” ဟု ရွှေပြည်သာမြို့နယ် အတွင်း နေထိုင်သူ အိမ်ရှင်မတစ်ဦး က ဆိုသည်။

မီးလောင်ရာ သို့ မီးသတ်ယာဉ် ၂၀၊ အုပ်ချုပ်မှု ယာဉ်ရှစ်စီးနှင့် သန္ဓေ တပ်ဖွဲ့ဝင် ၁၂၈ ဦး၊ အရန်တပ်ဖွဲ့ဝင် ၅ရ ဦးတု့ိက ဝိုင်းဝန်း မီးငြှိမ်း သတ် ခဲ့ပြီး မီးလောင်မှုမှာ နံနက် ၃ နာရီ တွင် စတင် လောင်ကျွမ်း ပြီး နံနက် ၄ နာရီတွင် မီးငြိမ်း သွားကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုမှာ အလိုအလျောက် လောင်ကျွမ်းသော မီး ဖြစ်၍ အမှုဖွင့် အရေးယူ ထားခြင်း မရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး မီးသတ် ဦးစီး ဌာနမှ သိရသည်။

3 comments

  • ဆူး

    November 19, 2010 at 9:49 am

    ဖြစ်ချင်တော့လည်း ကြံဖန်ပြီး အိပ်ရေရင်းနဲ့ ဆေးရုံရောက်တဲ့ လူက ရောက်.. သေတဲ့ ကလေးကလည်း သေ.. စိတ်တောင် မကောင်းဘူး.. ဂစ်တွေ က ကောင်းတာလည်း ရှိသလို ဒီလို ဆိုးတာတွေကိုလည်း ကာကွယ်ဖို့ နည်းလမ်းတွေ ရှာထားသင့်တယ်

    Reply

  • ဖက်

    November 20, 2010 at 4:27 pm

    အစိုးရကသူတို့အတွက်ပဲကြည့်တာလေ
    ပြည်သူတွေဘာဖြစ်ဖြစ်ပေါ့
    သူတို့မိသားစုအမျိုးတွေကောင်းစားရင်ပီးပီပေါ့လို့ခံယူနေတဲ့အဆင့်အတန်းမရှိတဲ့အမျိုးတစ်စုကောင်းစားနေချိန်ပေါ့

    Reply

  • moethidasoe

    November 21, 2010 at 2:34 am

    ပြည်တွင်းပိုက်လိုင်း .. ပြည်တွင်းပညာရှင်တွေက ဆက် .. ပြည်တွင်းလုံခြုံရေးက စောင့်နေတဲ့ကြားက တဒိုင်းဒိုင်းနဲ့ ပေါက် .. ကွဲ .. ပြတ် ..
    ရခိုင်ကနေ ပြည်တွင်းကို ဖြတ်ပြီး တရုတ်ကို သွားမယ့် ရေနံလိုင်းနဲ့ ဓါတ်ငွေ့လိုင်းကို သူတို့ နည်းနဲ့ သွယ် .. ဆက် .. သူတို့ လုံခြုံရေး စောင့်မယ် ဆိုရင် ..
    ဘာတွေများ ထူးလာမလဲ ကြည့်ချင်တယ် ..

    Reply

Leave a Reply

Your email address will not be published.