ဝဋ်လိုက်မှာ စိုးတယ်

moethidasoeNovember 14, 20101min09

မိဘနှစ်ပါး သင်ပေးခဲ့တာ .. ဘဘုန်းကြီး မှာကြားခဲ့တာ .. ဝဋ် ဆိုတာ ရှိတယ် ..
အဲဒီ ဝဋ် ဆိုတာ သိပ်ကြီးရင် အခုဘဝမှာလဲ ပြန် ခံစားရတတ်တယ် .. အရင်ဘဝ ဘဝတွေက ဆည်းပူးခဲ့တဲ့ ကုသိုလ်တရားတွေ များခဲ့လို့ ယခုဘဝမှာ ဝဋ် မလိုက်ဖြစ်တာတောင်မှ နောင် ဘဝဘဝဆက်တိုင်း ဒီဝဋ်က လွတ်မှာ မဟုတ်ဘူး .. ဘုရားရဟန္တာသော်မှ ဝဋ် ဆိုတာကို ပေးဆပ်ခဲ့ရတာ ..
ဒါကြောင့် ငါးပါးသီလကို ပါးစပ်က ရွတ်ဆိုရုံနဲ့တော့ ပြန် ပေးဆပ်လို့ မရဘူး .. ကိုးပါးသီလ စောင့်ပါတယ်ဆိုပြီး ခါးကြားက သေနတ် မချ .. ခေါင်းက ပန်း မဖြုတ် .. မျက်နှာမှာ သနပ်ခါး အဖွေးသား .. လည်ပင်းမှာ ဆွဲကြိုးကြီးနဲ့ ဆိုရင်လဲ ရလာမယ့် ကုသိုလ်က အနည်းသား ..
ဒါကြောင့် နောက်ကြောင်းအေးချင်ရင်တော့ .. အနည်းဆုံး ငါးပါးသီလ (သူ့အသက် မသတ်၊ သူ့မဲ မခိုး၊ သူများအိမ်ရာ မကျူးလွန်၊ လိမ်မပြော၊ အရက်သေရည် ရှောင်) ဆိုတာလောက်ကို .. လူကြီးလူငယ် မရွေး ရှောင်ကြဉ်ကြဖို့ ..

9 comments

  • bigcat

    November 14, 2010 at 5:22 am

    အန်တီမိုး ဘာကိုပြောချင်တာလဲဆိုတာ သိပ်မရှင်းပါ “သီလ စောင့်ပါတယ်ဆိုပြီး ခါးကြားက သေနတ် မချ”

    Reply

  • moethidasoe

    November 14, 2010 at 5:38 am

    မြင်ဘူးကြမှာပါ .. ရုပ်မြင်သံကြား သတင်းတွေ
    အဲဒါတွေ ကြည့်မိလို့ အဆီအငေါ် မတည့်တာ မြင်ပြီး ဒီလို ရေးမိတာပါ ..

    နောက်တစ်ချက်ကလဲ ဝဋ်လိုက်မှာ မကြောက်ဘူးဆိုပြီး မဆင်မခြင် လုပ်နေကြတဲ့လူတွေများ ပြင်နိုင်မလားလို့ပါ .. (မထင်)

    နောက်ပြီး ပြင်ဆင်ချက်လေး လုပ်ချင်ပါတယ် ..
    ငါးပါးသီလ ဆိုတာ စောင့်ထိန်းရမှာ .. (မှားပြီး ရှောင်ကြဉ်ရမယ် လို့ ရေးမိပြီး ပြန်ပြင်မယ် လုပ်တဲ့အချိန် connection လေး ကောင်းတုန်း တင်လိုက်မယ် ဆိုတဲ့ အတွေးက လက်ကိုအလိုအလျောက်နှိပ်မိသွားတယ် .. ခွင့်လွှတ် သည်းခံ နားလည်ပေးပါ ..

    Reply

    • bigcat

      November 14, 2010 at 5:47 am

      အဲဂလိုလူမျိုးတွေ အန်တီမိုးတို့ဆီမှာ ရှိလို့လားဗျာ။ စကားပြောတာတော့ ကြိုက်သလိုပြောလို့ရတာပဲ၊ ဘယ်သူဘယ်ဝှာရယ်လို့ မပြောနိုင်ဘဲနဲ့တော့ ယုံဘူးဗျာ။

      Reply

  • ဆူး

    November 14, 2010 at 5:58 am

    ဝဋ် ဆိုတာ ယခုဘဝမှာ အတိတ်ကံ အားကြီးနေလို့ အကြွေး မဆပ်ရလည်း သံသရာ ကနေ ရုန်းမထွက်သူနိုင်သူ အဖို့ ဝဋ်မှာ အမြဲ ငရဲမှာ အပ ဆိုတဲ့ စကား မမေ့သင့်ပါဘူး။
    ဟိုတလောက ကြားမိတာလေး တခုပါ။ ငံပြာရည် စက်ရုံမှာ အလုပ်လုပ်တဲ့ အလုပ်သမားတွေ ထဲက အလုပ်သမား တယောက် ကြွက်တကောင် ဖမ်းပြီး အမြီးကနေ ကိုင်ပြီး ရေနွေးနဲ့ စိမ်သတ်နေတာ မြင်လို့ ဘေးက လူတွေက မင်းကလဲကွာ သတ်မယ်ဆိုလည်း အသေသတ်လိုက် လုပ်မနေနဲ့ ပြောတော့ ဒီလိုလေးမှ အရသာ ရှိတာဆိုပြီး.. လက်ကလေး နိမ့်လိုက် မြင့်လိုက်နဲ့ ရေနွေးထဲ အပူထိလို့ ကြွက်ကလေးကတော့ တဆာဆာ အော်နေလို့ နားထဲမှာ ကြားရတာ စိတ်မချမ်းသာလို့ ထွက်သွားတဲ့ သူက ထွက်သွားတယ်။ နောက် ၁ပတ်လောက်နေတော့ အဲဒီ အလုပ်သမား ငံပြာရည် ကြိုတဲ့ အိုးကြီးထဲ ခြေချော်ကျသွားတာ.. ဝိုင်းဆွဲ တဲ့ လူတွေက ဆွဲပေမဲ့.. ဆွဲလို့ မမှီတမှီ ဇြစ်လို့.. အပေါ်တက်အောင်ဆင်းနဲ့ နောက်ဆုံး ပြုတ်ကျပြီး သေသွားတယ် ဆိုပါတော့။ အနီးအနားက ကြားမိတဲ့ ဖြစ်ရပ်ပါ။ ဒီကိစ္စ ဘာတွေ နောက်ဆက်တွဲ ဖြစ်လဲတော့ မသိဘူး.. ကြားတဲ့ လူက ကြားတာလေး ပြန်ပြောပြလို့.. ကြားသလောက် ဝဋ်ဆိုတဲ့ အကြောင်း သံဝေဂ ရစရာ တဆင့် မျှဝေ လိုက်ပါတယ်။

    Reply

  • moethidasoe

    November 14, 2010 at 7:05 am

    ဖြည့်စွက်ပေးတဲ့ ဆူးကို ကျေးဇူးတင်ပါတယ် ..
    ကြောက်ရင် လွဲ .. ရဲရင် မင်းဖြစ် ဆိုတဲ့ စကားကို တလွဲ အသုံးမချမိစေဖို့တော့ ထပ်ဆင့် ရေးပါရစေ ..
    တို့တတွေ ကြောက်တာက အပါယ်လေးပါး ပါနော် ..

    Reply

  • ဆူး

    November 14, 2010 at 7:12 am

    ကလေးတွေ လှည့်နေတဲ့ ဘီးကလေးတွေ အင်ဂျင်မပါဘဲ လက်နဲ့ တွန်းတဲ့ ဘီးကလေးကို ပြောတာပါ။ ထိုဘီးကလေး.. လည်ပြီး လိမ့်နိုင်ဖို့ တွန်းအားတခု အဖြစ် လက်နဲ့ လှည့်ပေးရတယ်။ လက်နဲ့ လှမ်းမမှီလို့ မလိမ့်နိုင်တော့ရင်တော့ အရှိန်သေရင် ဘီးကလေး မထောင်နိုင်တော့ဘူး လဲကျသွားမှာဘဲ။ ထိုကဲ့သို့ပင် အတိတ်ကံအားကောင်းလို့.. ဘီးကလေး လိမ့်နေပေမဲ့.. ကုသိုလ်ကံ အားကုန်လို့ တွန်းအား မရှိခဲ့ရင်တော့.. ဘီးကလေး လဲပြီး ကျသွားမှာဘဲ။

    Reply

  • naywoonni

    November 14, 2010 at 12:47 pm

    ဘီးကလေးဘီးကလေး
    ဆူးမလှည့်တဲ့ဘီးကလေး
    ဘီးကလေးချားချာလည်
    ဘက်ထရီပါပါတယ်….။
    ဘက်ထရီကိုဆူးမဖြုတ်…
    ဘီးလေးသူငုပ်တုပ်..။
    ဘီးကလေးပြန်ပြောတယ်
    ဘက်ထရီပေးပါကွယ်
    ဆူးမရယ်တယ်မပေးဘူး
    ဘီးကလေးမလည်ရဘူး…။
    ဘာလို့မလည်လဲဘီးကလေးရယ်
    ကုသိုလ်အားကကုန်ပြီဟယ်..
    ပြောရင်းကနေသူလဲသွား
    ဆူးမကြည့်နေဗျား…။။

    Reply

  • ဆူး

    November 15, 2010 at 4:09 am

    စွမ်းအင်တခုခု ရှိမှ တွန်းအား ဆိုတာ ရှိတဲ့ အတွက်..
    ဘယ်နည်းနဲ့ မဆို.. သဘာဝ ကျကျ ဆက်သာ တွေးနိုင်ပါတယ်။

    ဆူး မ လှည့်တဲ့ ဘီး ကလေး နဲ့ စပြီး.. ဘက်ထရီ မပေးလို့ ဘီးမလည် ကုသိုလ် အားကုန်တယ်..
    ပြောရင်း လဲသွား ဆူး မ ကြည့်နေ ဗျား..

    ဆူး မ လှည့်တဲ့ ဘီးကလေး မဟုတ်ဘဲ..
    ဆူး မ ပြောတဲ့ ဘီးကလေး ဖြစ်ရင် ပိုကောင်းမလားလို့..
    ဘက်ထရီကို ဆူး မဖြုတ် နေရာမှာ
    ဘက်ထရီကို သူမဖြုတ် ပိုဖြစ်သင့်သလားလို့..

    ဒါမှ သံဝေဂ လင်္ကာ မြောက်မှာပေါ့ အဘနီ ရဲ့..
    တမင်ရေးတာ ဆိုရင်တော့ ဘယ်တုန်းထဲက ကြည့်မရတာ အခုလာ ဆော် သလဲ မသိဘူးနော်။

    Reply

  • naywoonni

    November 15, 2010 at 12:51 pm

    ကံကြမ္မာကိုညည်းနဲ့စကားလုံးဖလှယ်သုံးလိုက်တာ……
    ဆူးမဆိုတဲ့နေရာမှာကံကြမ္မာဆိုတာထည့်ဖတ်ြကြည့်ပါလား
    ဖတ်လို့မကောင်းတော့ဘူးလေ………..
    ထောက်တောင့်တောင့်ကြီးဖြစ်နေမှာပေါ့
    မဟုတ်ဘူးလား

    Reply

Leave a Reply

Your email address will not be published.