လွတ်လပ်ခြင်းများနှင့်အတူ

saundNovember 13, 20101min01



မနက်မိုးလင်းတော့ ကိုယ့်ဘလော့ကို အရင် ဖတ်ရပါတယ်။ နောက် မန်းတလေးရတနာပုံ နဲ ့ ပျူနိုင်ငံ ကို ကြည့်ပါတယ်။ ပြုံးပျော် နေတဲ့ ချောမောလှပတဲ့ ကြက်သရေ အပေါင်းနဲ ့ ခညောင်းတဲ့ မစု ပုံကို ကြည့်ပြီ လွတ်လွပ်ခြင်း အရသာကို ခံစား လိုက်ရပါတယ်။ ကျမ အမ တယောက်က ဒေါ်အောင်ဆန်းစုကြည် နဲ ့ ရုပ်ဆင်ဆင် တူလို ့ မစုဘဲ ခေါ်လိုက်တယ်။ (ဒါပေမဲ့ ကျမ အမက အသားညိုပါတယ် း-)

ကြက်သရေ အပေါင်းနဲ ့ခညောင်းတဲ့ မစု… ချောလွန်းလှလွန်းယဉ်လွန်း ပါတဲ့ မစု… လေးစားရသော မစု … ပြည်သူတွေ အတွက် အရာရာကို စွန် ့လွတ်နိုင်တဲ့ မစု … ချစ်ခင်ရပါသော မစု … ဖအေတူသမီး မစု .. ဖခင်စိတ်ဓါတ် အဖိုး စိတ်ဓါတ် ကို ဆက်ခံထားသော မစု… ကို ကြည့်ရင်း … ဗိုလ်ချုပ်ပေးခဲ့တဲ့ လွတ်လပ်ခြင်းအရသာကို အဲဒီအချိန်က ပြည်သူတွေ ပျော်မြူးခဲ့ကြသလို မစုနဲ့ မစုကို ချစ်တဲ့ ကျမ အပါအဝင် ပြည်သူတွေ ပျော်ရွှင်မိပါတယ်..

လွတ်လပ်ခြင်းအရသာ ကို ခံစား ကြည်နူးမိပါတယ်။

ပုံကို မန်းတလေးရတနာပုံမှ မပြောဘဲ တိတ်တိတ်လေး သို လာခဲ့ပါသည် း-) ခွင့်လွှတ်ကြပါ။

ဟုတ်မဟုတ် မသိခဲ့တဲ့ ကြားဖူးတာလေး ပြောချင်ပါ သေးတယ် မဆလ ခေတ်က လျှမ်းလျှမ်း တောက် အာဏာရှိ ခဲ့တဲ့ ဒေါ်စန္ဒာဝင်းက မစုကို သေနတ်ချင်း ယှဉ်ပစ် ရအောင်လို့ စိမ်ခေါ်မှု့ကို မစုက သေနတ်မလိုဘူး ပြည်သူထဲကို တို ့၂ယောက် သေနတ်မပါဘဲ ယှဉ်လမ်းလျှောက် ရအောင် ဆိုတဲ့ စကားတခွန်း ဘဲ ပြန်ပြောခဲ့တာ မမေ့သေးပါဘူး။

One comment

  • bigcat

    November 13, 2010 at 4:22 pm

    မဆလ ခေတ်က လျှမ်းလျှမ်း တောက် အာဏာရှိ ခဲ့တဲ့ ဒေါ်စန္ဒာဝင်းက မစုကို သေနတ်ချင်း ယှဉ်ပစ် ရအောင်လို့ စိမ်ခေါ်မှု့ကို မစုက သေနတ်မလိုဘူး ပြည်သူထဲကို တို ့၂ယောက် သေနတ်မပါဘဲ ယှဉ်လမ်းလျှောက် ရအောင် ဆိုတဲ့ စကားတခွန်း ဘဲ ပြန်ပြောခဲ့တာ မမေ့သေးပါဘူး။

    Reply

Leave a Reply

Your email address will not be published.