ဒေါ်အောင်ဆန်းစုကြည် Update

dassk-speech1

မဇ္ဈိမသတင်းဌာန | တနင်္ဂနွေနေ့၊ နိုဝင်ဘာလ ၁၄ ရက် ၂၀၁ဝ ခုနှစ် ၁ဝ နာရီ ၄ရ မိနစ်

mizzima.com မှာတင်ထားတဲ့ ပုံအချို့ကို ဝေမျှလိုက်ပါတယ်။

credit: http://www.irrawaddyblog.com/
အသုဘပို့သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်
လူတွေက အများကြီးပဲ၊ ပြည်တွင်က ဂျာနယ်တွေကလည်း လာကြတယ်၊ လူတွေသိပ်တိုးတယ်၊ လက်ခုပ်တွေတီးကြ ဒေါ်စုကျန်းမာပါစေအော်ကြ တခြားမသာ ပို့လာတဲ့သူတွေလဲ
အဲဒီကိုရောက်လာကြတယ်။

ဦးလွင်မိန်းမရဲ့အလောင်းကားကို ကျော်သူမောင်းလာတယ်၊ အလောင်းကားဝင်လာပီး ခဏကြာတော့
ဒေါ်စုကားဝင်လာတယ်၊ လူတွေ ကဝုန်းဆိုအုံခဲသွားတယ်၊ ဒေါ်စု ကားထဲကတော်တော်နဲ့ထွက်မရဘူး
ကာပေးထားတဲ့ အန်အယ်ဒီတွေလဲ မနိုင်မနင်းဖြစ်သွားတယ်။

ကားထဲကထွက်လာတော့ လူတွေဝိုင်းအော်ကြ လက်ခုပ်တီးကြလုပ်တယ်၊ ဒါ နာရေးဖြစ်လို့ အဲလိုတွေမလုပ်ဖို့ စဉ်းကမ်းရှိကြဖို့ ပြောပေမဲ့ မရဘူး။

ဒေါ်စုက အခေါင်းနဲ့ အတူလိုက်သွားပီး မီးစက်ထဲအထိလိုက်ဝင်သွားတယ် တံခါးကိုပိတ်လိုက်တယ်၊ တစ်ချို့လူတွေက အဲဒါဘာလုပ်တာလဲကွ တို့ဘာတို့ အော်ကြတယ်။ တံခါးပိတ်လိုက်တာကိုး အပြင်သံစကာတံခါးပါပိတ်လိုက်တာ မစိုးရိမ်ကြပါနဲ့ ခဏနေပြန်ထွက်လာမှာပါလို့ပြန်အော်ကြတယ်
လူစုက သံတံခါးနားမှာ ကြိတ်ကြိတ်တိုးသွားတယ်၊

ပြန်ထွက်လာတော့ ခုဏကထက်ပိုပီး တိုးခွေ့ကြတယ်၊ ဒေါ်စုကို မနဲ ကာပေးထားကြရတယ်၊ ပီးတော့ကားထဲကိုတစ်ခါထဲပြန်ဝင်သွားတယ်၊ ကားကထွက်သွားပီး လမ်းပေါ်ရောက်ရောက်ချင်း ကိုက်ငါးဆယ်လောက်ဘဲမောင်းရသေးတယ်၊ လမ်းပြန်ပိတ်သွားတယ်၊ ဒေါ်စုကားက ရှေ့တိုးမရ နောက်ဆုတ်မရဖြစ်နေတယ်၊ ဆယ်မိနစ်လောက်အဲနားမှာ ဒီတိုင်းဖြစ်နေတယ်၊ လူတွေက ကားနားကို ပြန်အုံလာကြပြန်တယ်၊ ဒေါ်စုက ကားထဲကနေလူတွေထဲကို လက်ပြန်ပြတယ်။

လူတွေကလက်ခုပ်တွေ ဝိုင်းတီးကြပြန်တယ်၊ ကားကိုဝိုင်းကာထားတဲ့ အန်အယ်ဒီ ဝိုင်းသားတွေကတော့ လမ်းဖယ်ပေးကြပါ၊ နောက်တော့ အိမ်မှာလာကြည့်လဲရပါတယ်လို့ ပြန်အော်ပြောနေရတယ်။

နောက်တော့မှလမ်းနဲနဲရှင်းလို့ရသွားပီး ကားကဖြည်းဖြည်းချင်းပြန်ထွက်သွားရတယ်၊ ပြန်အထွက် လမ်းတစ်လျှောက်လုံးမှာလဲ လူတွေဘယ်က ဘယ်လိုသတင်းရသွားလဲမသိ၊ လမ်းဘေး တစ်ဘက်တစ်ချက်မှာရပ်ပီး လက်ပြနှုတ်ဆက်နေတဲ့လူအုပ်တွေရှိနေပြန်တယ်

တစ်ချို့သုံးသပ်ကြတယ်၊ ရေဝေးကအခြေအနေမျိုးက ဒေါ်စုအတွက်အန်ဒရာယ်ရှိတယ်လို့
ဘယ်သူဘယ်ဝါမှန်း မသိရတဲ့လူမျိုးလဲ အနားအထိကပ်သွားလို့ရတဲ့ အခြေအနေမျိုးရှိနေတာကိုး။

ဒီလိုနေရာမျိုးကို မလာသင့်ဘူးလို့ တစ်ချို့သုံးသပ်ကြတယ်၊ လူတွေကို လုံးဝထိမ်းလို့မရတဲ့ အခြေအနေမျိုး
ဖြစ်လာနိုင်တယ်လေ၊ အသုဘပို့ရောက်လာတဲ့ အခြားကားတွေ လမ်းပိတ်သွားတာတွေ့တယ်၊
ကျေနပ်ဖို့ကောင်းပေမယ့် စိုးရိမ်ရတယ်လို့ သုံးသပ်တဲ့လူလဲရှိတယ်။

13 နာရီ 29 မိနစ် – မြန်မာစံတော်ချိန်
ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ဝတ်ဆင်မှုက
”ထမီက ချိတ်ထမီဗျ။ စိမ်းပြာရောင်နဲ့ပါ။ အင်္ကျီကလည်း စိမ်းပြာရောင်လေးပါပဲ။ ပန်းကတော့ အနီ၊ အဖြူနဲ့ အဝါ နှင်းဆီပန်းကို ပတ်လည်ပန်ထားတယ်ဗျ”
13 နာရီ 00 မိနစ် – မြန်မာစံတော်ချိန်
ဒေါ်အောင်ဆန်းစုုကြည်၏ ဟောပြောပွဲပြီးဆုုံး
12 နာရီ 58 မိနစ် – မြန်မာစံတော်ချိန်
တိုးပေါက်မလွယ်တဲ့ လူအုပ်ကြီး
ကျမ လုပ်ဖော်ကိုင်ဘက်တွေ၊ ထောင်ထဲက ဒီမိုကရေစီ လုပ်ဖော်ကိုင်ဘက်တွေကို ဂုဏ်ပြုချင်တယ်။ မြန်မြန်လွတ်လာပါစေလို့။

ဒေါ်စုက ဟောပြောပွဲအပြီး သတင်းစာရှင်းလင်းပွဲလုပ်မယ်၊ ၂နာရီမှာ အတွင်းရေးမှူးဦလွင်ရဲ့ ဇနီးအသုဘပို့လိမ့်မယ်။

ကိုကျော်သူဒေါ်အောင်ဆန်းစုကြည်ကိုသွားရောက်ဂါဝရပြုတွေ့ဆုံ၍လက်ဆောင်ပန်းချီကားပေးအပ်
Source:http://www.naytthit.net/

ဒီဗွီဘီကနေ တိုက်ရိုက်ထုတ်လွင့်ချက် http://www.livestation.com/channels/66-democratic-voice-of-burma-burmese

Credit: http://soneseayar.blogspot.com/
ဆုံဆည်းရာ ၁၄ ရက် နိုဝင်ဘာလ ၂၀၁ဝ

နံနက် (၁၁ နာရီ ၄၅) ရွှေဂုံတိုင်လမ်းပေါ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်နဲ့ ရုံးရှေ့မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမှာကို စောင့်ဆိုင်းနေတဲ့ ပြည်သူလူထု ၁၀၀၀ဝ ကျော်ဖြစ်လာပြီလို့ သိရှိရပါတယ်။

Credit: http://www.irrawaddy.org/bur

ဒေါ်အောင်ဆန်းစုကြည် လူထု ကွန်ရက်ဖွဲ့စည်းမည်

ယမန်နေ့ညက ပြန်လည်လွတ်မြောက်လာပြီးနောက် NLD ဗဟို အလုပ်အမှုဆောင် အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် က ပထမဆုံး လူထု အသံကို နားထောင်ပြီး လူထုကွန်ရက်တခုဖြစ်ရန် ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား အရေးနှင့် ပတ်သက်၍ ဒုတိယ ပင်လုံညီလာခံ ပုံစံမျိုး ညီလာခံတခုဖြစ်လာစေရန် ကြိုးစားမည်ဖြစ်ကြောင်း၊ တပ်မတော် ခေါင်းဆောင်များနှင့် လည်း ဆွေးနွေး သွားမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲကာလ မဲလိမ်၊ မဲခိုး၊ မဲ မသမာမှု များကိုလည်း ဖော်ထုတ်သွားမည်ဟု ပြောဆိုကြောင်း သတင်းရသည်။

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး အထူးသတိထားရန်လို
၂၀၀၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် ဒီပဲယင်း လူသတ်ပွဲကြောင့် ယခုအခါ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို ပိုမိုပြီး အထူး သတိ ထား ရမည်ဖြစ်ကြောင်း NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း နားထောင်ရန် လူထုစောင့်ဆိုင်း

ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံရန်လာသည့် လူအုပ်ကြီးနှင့် ကားများမှာ အလွန်များပြားပြီး အုတ်လမ်း၊ လင့်ခ်လမ်းထိပ်အထိ ရောက်ရှိနေကြောင်း၊ လူများသည် ပူပြင်းသည့် နေရောင်အောက် လမ်းမပေါ်တွင် ထီးမဆောင်းဘဲ ငြိမ်သက်စွာ စောင့်ဆိုင်းနေကြောင်း သတင်းရသည်။

NLD ရုံးချုပ်သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်

ဒေါ်အောင်ဆန်းစုကြည် NLD ရုံးချုပ်သို့ ရောက်ရှိလာပြီး လူထုကြီးက “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဟု ကြွေးကြော်၍ လက်ခုပ်တီး ကြိုဆိုကြသည်။ လူထုကြီးမှာ များပြားသည့် အတွက် ရွှေဂုံတိုင် လမ်းမကြီးတလျောက် ကားအသွားအလာ ရပ်ဆိုင်းထားရပြီး NLD အဖွဲ့ဝင်များက လူထုကို နောက်သို့ဆုတ်ပေးရန် မေတ္တာရပ်ခံနေသည်။

ဒေါ်အောင်ဆန်းစုကြည်ကို “ We Love Suu” စာတန်းများကိုင်၍ ကြိုဆို
ဒေါ်အောင်ဆန်းစုကြည် ပြောကြားမည့် မိန့်ခွန်းကို နားထောင်ရန်အတွက် NLDရုံးချုပ်ရှေ့တွင် လူ တထောင် ခန့် လာရောက် စုဝေးနေပြီး “ We Love Su” ဆိုသည့် စာတန်းများကို ကိုင်ဆောင်၍ ကြိုဆိုနေကြကြောင်း၊ ပူပြင်းသည့် နေရောင်အောက်တွင် မြို့နယ်အသီးသီးမှ ထောက်ခံသူများက မိသားစုလိုက်၊ အုပ်စုလိုက် ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ နံနက် ၁၁ နာရီ ခန့်၌ နိုင်ငံတကာ သံတမန်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး ၁၂ နာရီတွင် NLD ရုံး ချုပ် ၌ လူထုကို ပထမဆုံး မိန့်ခွန်း စပြောမည်ဖြစ်သည်။ ထို့နောက် ပြည်တွင်းပြည်ပ သတင်းစာဆရာများနှင့် သတင်းစာ ရှင်းလင်း ပွဲ လုပ် မည်ဟု သတင်းရသည်။ထို့အပြင် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် NDFပါတီအပါအဝင် တခြားပါတီများ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် တွေ့ဆုံမည်ဖြစ်သည်။ ယခုအခါ NLD ရုံးချုပ်ရှေ့တွင် လူထု စတင်ရောက်ရှိ နေပြီဟု သိရသည်။ ရန်ကုန်မြို့ ဆင်ခြေဖုန်း ရပ်ကွက်များရှိ ပြည်သူများကလည်း ကားစင်းလုံးဖြင့် လာရောက်ကြကြောင်း သိရသည်။

အခုဟာကတော့ ကိုမိုးသီးဘလော့ကပါ။ http://komoethee.blogspot.com/
လွတ်မြောက်ရေး စောင့်ဆိုင်းနေသော လူထုကြီး အခြေအနေ
တက္ကသိုလ်ရိပ်သာလမ်း တွင် လုံထိန်းကား လေးစီး နေရာယူထားကြောင်း သတင်းရရှိ။

မနက်ပိုင်းကတည်းက လမ်းပလက်ဖောင်း တဖက်စီတွင် အစောင့်စစ်သားများနှင့် ပြည်သူလူထု မျက်နှာချင်း ဆိုင်ရှိနေကြခဲ့ကြသည်။ ယ္ခုကန့်သတ်မြေဘက်သို့ မျက်နှာမူပြီး စောင့်နေသော ပြည်သူလူထုများ တစတစ တိုးပွားလာနေသည်။

”ချက်ချင်းလွတ်” ကြွေးကြော်သံ များကို NLD လူကြီးပိုင်းမှလည်း လက္ခံကြောင်းနှင့် စည်းကမ်းတကျရှိကြရန် သာမေတ္တာရပ်ခံ ကြကြောင်း PAC မှသတင်းရရှိသည်။ ရုံးချိန် လေးနာရီခွဲ ပြည့်ရန်လည်း အချိန်ပိုင်းသာလို တော့သဖြင့် အခြေအနေမှာ အရေးကြီးလာနေကြောင်း သိရသည်။
sources
PAC 16:20 13.11.2010

ချက်ချင်းလွှတ်ကြွေးကြော်သံနှင့် ယ္ခု ဆန္ဒပြနေကြပြီ
ယ္ခုညနေ 14:50 တိုက်ရိုက်ကြားရသော အသံများအရ ဒို့အရေး အသံများဆူညံနေပြီဖြစ်သည်။

ကုက္ကိုင်းလမ်းဆုံ လုံးခြုံရေးကင်းအနီးတွင် ဆန္ဒပြမှုများ ဖြစ်ပွားနေပြီး လက်ခုတ်တီးသူးများနှင့် အားပေးသူများ ပိုမိုများပြားလာသည်။ စတင်ကြွေးကြော်သံမှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေဟူ၍ ဖြစ်သည်။ အရှိန်မြင့် အားအားကောင်းလာပြီး ဆက်လက်ကြွေးကြော်သံမှာ ……..
“ဒေါ်အောင်ဆန်းစုကြည်” ”ဒေါ်အောင်ဆန်းစုကြည်’
”ချက်ချင်းလွှတ် ချက်ချင်းလွှတ်”

ကျက်သီးဖျန်းမျှ ကြွေးကြော်သံများ ကြားနေရသော်လည်း ဒေါ်အောာင်ဆန်းစုကြည် လွှတ်မြောက်ရေးမှာ တိတိကျကျ မသိရသေးပါ။ ရုံးချုပ်တွင် ဦးဝင်းတင်၊ ဦးတင်ဦးတို့ လူကြီးများ အစည်းအဝေးထိုင်နေကြ ပါသည်။ ရုံးချိန်လွန်သည့်အထိ ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်သေးလျှင် ကြေငြာစာတမ်းထုတ်ရန် ပြင်ဆင် နေကြပါသည်။။

ယ္ခု 15:10 ခန့်တွင် တက္ကသိုလ်ရိပ်သာလမ်းသို့ ဦးနိုင်းနိုင်း ရောက်ရှိလာသည်။ နိုင်ငံခြားသားများ သတင်းထောက်များ နှင့်ဆန္ဒပြသူများနှင့် တွေ့ဆုံဆွေးနွေးနေကြောင်း အချိန်နှင့်တပြေးညီ သိရပါသည်။

နိုဝင်ဘာ၁၄ရက်နေ့မိန့်ခွန်းပြောစဉ်

24 comments

  • R Ga

    November 13, 2010 at 8:50 am

    ကိုဘစ်ကြောင်ရေ ကျေးဇူးပဲ အမြန်ပြေးသွားရင်မီပါ့ ဦးမလားမသိဘူး ။ မနေ့ကလည်း ကျွန်တော် ရွေဂုံတိုင်ရုံးမှာ သွားစောင့်နေတာ မတွေ့ဘူးဗျာ.။
    အဲသလို သာ ဆန္ဒပြနေရင် ဟိုခွေးတွေက ည ၁၂ ကျော်မှ လွတ်မလားမသိဘူး။

    Reply

  • PaukPhaw

    November 13, 2010 at 8:54 am

    အဲသလို ဒို ့အရေး များများလုပ်လေ အဘတို ့က ကြိုက်လေပဲ ဆိုတာ နားလည်ကြဘူးထင်တယ်..။

    Reply

  • နီလေး

    November 13, 2010 at 9:07 am

    ဟုတ်ပါ့နော် ပေါက်ဖော်ပြောသလိုပဲ ပြည်သူတွေကလဲ ဘာလို့လဲနားမလည်တာလား ဒါမှမဟုတ် သူတိုု့အကြံအစည်တွေပဲလား

    Reply

    • ငယ်လေး

      November 13, 2010 at 10:16 am

      အခြေအနေကြောင့် နိုင်ငံရေးကိုမလုပ်နိုင်တာ…အားလုံးကိုအသေသတ်ပစ်ချင်တယ်

      Reply

  • tunaung

    November 13, 2010 at 9:11 am

    ခွေးသခိုးတွေမျက်လှည့်ပြတာလူထုတွေခံနေရပြီထင်တယ်…

    Reply

  • mandalaythar

    November 13, 2010 at 9:13 am

    မသိလို့မေးပါရစေ ဦးနိုင်နိုင်းဆိုတာ ဘယ်သူလဲ။ ဘာလဲ။ အချုပ်ကားကို ပြောတာလား…

    Reply

    • bigcat

      November 13, 2010 at 9:31 am

      မနောက်ပါနဲ့ဦးရယ်။ ဦးနိုင်းနိုင်းဆိုတာ ပုဇွန်တောင်မြို့နယ် ၁၉၉ဝခုနှစ်ရွေးကောက်ပွဲနိုင် လွှတ်တော်အမတ်၊ ဘီဘီစီက အသံလွှင့်တင်ဆက်သူ မစုမြတ်မွန်ရဲ့ဖခင် ရဲရဲ့တောက် အန်အယ်ဒီ ခေါင်းဆောင်တဦးပါ။ ထောင်၁၅နှစ်လောက်ကျပြီး တလောကမှ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းတို့နဲ့ ရှေ့ဆင့်နောက်ဆင့် ပြန်လွတ်လာတဲ့သူပါ။

      Reply

  • tL

    November 13, 2010 at 9:59 am

    မြေခွေးထက်ပင်ရုပ်ညံ့သော သူတို.ကြား သူရဲကောင်းများ ကျမ်းမာပါစေ

    Reply

    • ငယ်လေး

      November 13, 2010 at 10:22 am

      ထာဝရအမြဲ ပျော်ရွှင်ချမ်းမြေ့ ကင်းလွတ်ခွင့်ရနေပါစေလို့ပါ
      ဒို့က tL နဲ့အတူ ဆုတောင်းပေးပါတယ်…

      Reply

  • bigcat

    November 13, 2010 at 5:04 pm

    မနက်ဖြန် တနင်္ဂနွေနေ့ နေ့လည်၁၂နာရီ ရွှေဂုံတိုင်အဖွဲ့ချုပ်ရုံးရှေ့မှာ ဒေါ်စုမိန့်ခွန်းပြောဖို့ရှိတယ်။ သွားရောက်နားထောင်ကြ၊ မနာလိုသူ ဖျက်လိုဖျက်ဆီးလုပ်တဲ့သူများ စကားကိုနားမယောင်ကြနဲ့၊ မြန်မာပြည်ရဲ့ ၂၁ရာစုသစ် သမိုင်းမှတ်တိုင် စိုက်ထူတဲ့နေရာမှာ အုပ်တချပ်သဲတပွင့်အနေနဲ့ ပါဝင်ကြ။

    Reply

  • maungmoenyo

    November 13, 2010 at 8:34 pm

    ဒေါ်စုလွတ်တော့မြန်မာလူထုကဝမ်းသာကြပုံနဲ့နိုင်ငံတကာက ဝမ်းသာကြပုံလေးကွာပုံကိုပြောပြပါရစေ..။ ကမ္ဘာက..ဒီလိုလွတ်တော့သူမက ဘာမဆိုလွတ်လွတ်လပ်လပ်လုပ်နိုင်ပြီပေါ့လို့ထင်ပြီး အပေါ်ရံအတွေးနဲ့ဝမ်းသာကြပါတယ်။
    မြန်မာလူထုကတော့မျှော်လင့်ချက်နဲ့ဝမ်းသာကြရတာပါ။ သူမလွတ်တော့ကမ္ဘာဦါ်လူတို့နေနဲ့လကိုတွေ့ကြလို့ ဝမ်းသာကြသလိုဖြစ်ပေမဲ့ဆက်လက်အဖမ်းခံရဆဲနိုင်ငံရေး အထိမ်းသိမ်းခံတွေလွတ်မြောက်ရေးနဲ့လူထုသန်း(၆၀)ရဲ့နေ့စဉ်ထမင်းနပ်မှန်ရေး နဲ့ဘဝလုံခြုံရေးဆိုတဲ့အခြေခ ံလိုအပ်ချက်၇ရှိရေးတိုက်ပွဲဆက်လက်ရှင်သန်ရေး မျှော်လင့်ချက်နဲ့ဝမ်းသာကြရတာပါ..။ မပြီးသေးတဲ့အမျိုးသားရေးလိုအပ်ချက်က ိုဦးဆောင်တိုက်ပွဲဝင်ပေးမဲ့ခေါင်းဆောင်လူထုနဲ့ပြန်ဆုံခွင့်ရလို့ပါ…
    မောင်မိုးညိုကတော့..ဒေါ်စုအသက်အန္တရာယ်ကင်းရှင်းပြီး၊ လွတ်မြောက်တဲ့ကာလအဓွန့်ရှည်ကြာပါစေလို့။

    Reply

  • ကြယ်လေး

    November 14, 2010 at 5:50 am

    DVB က Live လွှင့်တာကို နားထောင်ချင်ရငhttp://www.livestation.com/channels/66-democratic_voice_of_burma_burmese

    Reply

  • ကြယ်လေး

    November 14, 2010 at 7:19 am

    ယနေ ့ နိုဝင်ဘာလ (၁၄) ရက်နေ ့တွင် မြန်မာပြည်သူလူထုအား ပြောကြားသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက် (အသံဖိုင် – ပထမပိုင်း) အား ဒေါင်းလုပ် လုပ်ရန်အတွက် – http://www.multiupload.com/UTF69JQ1RM

    Reply

  • ကျွန်တော် ဒီက သတင်းတွေကို ပြန်လည်ရှဲ ပါမယ် ဘယ်သူတင်တင် မူးရင်း ဘယ်သူဖြစ်ဖြစ် တစ်ခါတည်း တောင်းဆိုလိုက်ပါတယ် ခု လက်ရှိသတင်းတွေကို ကျွတော် စောင့်နေပါတယ် ကျွန်တော့် ဘလော့မှာ ပြန်ရှဲ ဖို့အတွက်ဖြစ်ပါတယ် ခွင့်ပြုပါလို့တောင်းဆိုလိုက်ပါတယ် လွတ်မြောက်မှုတ်ကို ဝမ်းသားရင်း အနာဂတ်ကို လှပအောင် ဖန်တီးပေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် အမေစု။ထာဝစဉ်လေးစားလျှက်ပါ…

    Reply

  • ကြယ်လေး

    November 14, 2010 at 8:29 am

    ယနေ ့ နိုဝင်ဘာလ (၁၄) ရက်နေ ့တွင် မြန်မာပြည်သူလူထုအား ပြောကြားသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက် (အသံဖိုင် – ဒုတိယပိုင်း) အား ဒေါင်းလုပ် လုပ်ရန်အတွက် –
    http://www.multiupload.com/3MIH2NAIGG

    Reply

  • zawthurain

    November 14, 2010 at 10:23 am

    ဒေါ်အောင်ဆန်းစုကြည် လွှတ်လာတဲ့အတွက် အရပ်းပဲဝမ်းသာပါတယ်

    Reply

  • hello! everybody

    November 14, 2010 at 1:19 pm

    a’:atmifqef;pkBunfrdef hcGeff;aNymawm.Nynfolu
    ol’dk hbmomvmw,f wcsdK hMuawmhMudKwifNyD;awm h
    10 tdrfacgif; 100 tdrfacgif;awGudkvlpkcdkif;&w,f
    bmuGmvJ[if/

    Reply

  • mandalaywith

    November 14, 2010 at 1:25 pm

    ကြယ်လေး

    Thanks share to file.

    Reply

  • mG

    November 14, 2010 at 6:19 pm

    အရမ်းကောင်းပါတယ်……….။အတွင်းထဲကနေတောင် တော်တော်ရိုက်ယူထားတာပဲ။အရမ်းကောင်းပါတယ်။
    ဒါဟာလည်း မန္တလေးကေဇက်အတွက် မင်္ဂလာတခုပါပဲ။အန်တီစု ရဲ့အကြောင်းတွေ သီတင်းမွှေးနေတာကြားရတော့
    အရမ်းကို ဂုဏ်ယူမိပါတယ်။ဒါနဲ့ ( အရက်သမားဂျော်နီငပု ) ဘယ်ရောက်နေပါလိမ့်……..။

    Reply

  • mogoke .z

    November 15, 2010 at 3:21 am

    အမေစု ..လွှတ်မြှောက်လာတဲ့အတွက် ဝမ်းသာပါတယ်။ အမေစု ကျန်းမာပါစေ ။လုပ်ကိုင်သမျှ အရာအားလုံးချောချောမောမော အနှောက်ယှက်ကြားမှ…………အောင်မြင်နိုင်ပါစေ ……………

    Reply

  • draungkyawkyawoo

    November 15, 2010 at 3:24 am

    မင်္ဂလာရှိလိုက်တာ ပြည်သူတွေပျော်နေကြတယ် ကြည့်ရတဲ့လူတောင် အပျော်တွေကူးစေပါတယ် ။ ပုံလေးတွေတင်ပေးတဲ့အတွက် ကျေးဇူးပါ ။

    Reply

  • doekalay

    November 15, 2010 at 8:09 am

    ကြောင်ကြီးရေစားမယ်ဆိုတာကြီးပဲ။အားလုံးတိုက်ပွဲဝင်နေကြပါတယ်။လုပ်သမျှအောင်မြင်ကြပါစေ။

    Reply

  • char too lan

    November 15, 2010 at 10:12 am

    ကျေးဇူးပါဦးကြောင်ကြီးရေ~~
    ကျနော်အသံဖိုင်လိုချင်ပါတယ် ရှိရင်ပို့ပေးပါလား ကြယ်လေး ပြောတဲ့ဆိုဒ်ထဲဝင်လိုက်တာ ဒေါင်းတွေအများကြီးပဲ ဘယ်ဟာဒေါင်းရမှန်းမသိလို့ပါ

    Reply

Leave a Reply

Your email address will not be published.