လွမ်းရိပ်

manawphyulayNovember 12, 20101min00

လွမ်းစိတ်နဲ့ အိပ်၍မပျော်
သူခေါ်နေသံ နံရံချပ်များ
ပဲ့တင်ထပ်နေ
လွမ်းချင်းတစ်စ ရေးမရအောင်
ကျသည့်မျက်ရည် ဝေ့ဝဲနေခဲ့
ခွဲခွာနေတာ
ရက်များကြာလည်း
အသည်းရဲ့တစ်နေရာ
သူရှိမြဲကွယ်
လွမ်းလိုက်ရတာ
ပြောမပြတတ်လည်း
ကိုယ့်ရဲ့စိတ်က
လွမ်းနေဦးမယ်
လွမ်းရင်းနဲ့ချစ်
ချစ်ရင်းနဲ့လွမ်း
ကိုယ့်ရဲ့အလွမ်းက
မောင့်ရဲ့အချစ်နဲ့
ကျေပျက်နိုင်မယ်
ပြန်လာမယ့်ရက်
လက်ချိုးရေရင်း
အလွမ်းများနဲ့
စောင့်နေမယ်……

Leave a Reply

Your email address will not be published.