ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများ၏ ထူးထူးခြားခြားအချက်များ(၃)

အာဂNovember 10, 20101min01

အဓိပ္ပါယ်ရှိသော လှေကားထစ်

အမေရိကန်ပြည်ထောင်စု၏ (၁၆)ဦးမြောက်သမ္မတဖြစ်သည် အေဘရာဟင်လင်ကွန်း(၁၈၀၉ – ၁၈၆၅) အားရည်စူး၍ လင်ကွန်းအမှတ်တရ ခန်းမ ကိုသူ၏မွေးရပ်မြေဖြစ်သည့် ကင်တီပြည်နယ် ၊ဟော့ဒ်ဂျင်ဗယ်လီ အရပ်၌ ဆောက်လုပ်ထားသည်။ ထိုခန်းမ၏အောက်ခြေမှ အထက်သို့တက်ရန် လှေခါးထှစ်ပေါင်း ၅၆ ထစ်ရှိပြီး၊ အသက် ၅၆ နှစ်အရွယ်တွင် ကွယ်လွန်သွားသည့် သမ္မတ လင်ကွန်း၏ အသက်အားရည်စူး၍ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

အလောင်းမရှိသည့် အုတ်ဂူ

အင်္ဂလိပ်လူမျိုး နာမည်ကြီး စာရေးဆရာ လော့ရန့်စ်စတန်း(၁၇၁၃-၁၇၆၈)၏ အုတ်ဂူ၌ ၎င်း၏ အလောင်းသည် မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူ့ အားသင်္ဂြိုလ်ပြီး နှစ်ရက်အကြာ၌ လူသေ အလောင်းကို ဖော်ယူသူများက ယူသွားကြောင့်ပင်ဖြစ်သည်။

မိုင် (၁၅၀) အကွာအဝေးသို့ သယ်ယူရွှေ့ပြောင်းခဲ့သည့်အိမ်

ဩစတြီးယားလူမျိုး ဂီတစာဆို မိုဇတ်(၁၇၅၆-၁၇၉၁) သည် မျက်လှည့်ဆန်သည့် ပုလွေ အမည်ရှိ သီချင်းကို ရေးသားစပ်ဆိုခဲ့သည်။ ထိုသီချင်းကို သူသည် ဗီယင်နာမြို့ ရှိ အိမ်တစ်လုံး ၌ရေးသား စပ်ဆိုခဲ့ရာ နောင်အခါ၌ ထိုအိမ်ကို ဗီယင်နာမြို့ မှ မိုင် ၁၅ဝ ကွာဝေးသည့် မိုဇတ်၏ မွေးရပ်မြေဖြစ်သည့် ဆဲလ်ဇ်ဘတ်မြို့ သို့ အိမ်အလုံးလိုက် ရွေ့ပြောင်းသယ်ဆောင်ခဲ့ သည်၊

မြောက်အရပ်နှင့် အကျိုးမပေးသူ

ကမ္ဘာကျော် ဝတ္တုရေးဆရာကြီး ဖြစ်သည့် အင်္ဂလိပ်လူမျိုး ချားလ်စ် ဒစ်ကင်း(၁၈၁၂-၁၈၇၀) သည် ၎င်း၏ အိပ်ရာကို မြောက်ဘက်အရပ်သို့ ဦးတည်ထားပါက လုံးဝ အိပ်မရချေ။

ကြောင်ကပဲ ဇာတ်လမ်းကိုပြောတာလား

အမေရိကန်စာရေးဆရာ အက်ဂါအယ်လင်ပိုး(၁၈၀၉-၁၈၄၉) သည် သူ၏အကောင်းဆုံးစာ များကိုရေးသားသည့်အချိန်၌ သူ၏ပုခုံးပေါ်တွင်ကြောင်တစ်ကောင် ကိုတက်နေစေပြီးရေးသား လေ့ရှိသည်။

One comment

  • tunaung

    November 11, 2010 at 3:11 am

    အားပေးသွားပါတယ်……

    Reply

Leave a Reply

Your email address will not be published.