ပွင့်၍ အန်၍ ထွက်ကျလာသော (သို့) ကြွေး

panpanNovember 9, 20101min00

ရေစီးသံလား ရေကျသံလား
သိတဲ့သူ သိတယ်။

ကိုယ်ချင်းစာခြင်း၊ မစာခြင်း
သူများချင်းစာခြင်း၊ မစာခြင်း
တကယ့်အရေးကျ
ဒီစကားတွေ လုံးဝအသုံးမဝင်ဘူး။

ကိုယ့်အကြောင်းနဲ့ကိုယ်
ကိုယ့်အပြစ်ကိုယ်ခံ
ဘယ်သူ့ဘယ်သူမှ အပြစ်တင်စရာမရှိ။

ဘယ်သူက ကယ်တင်မှာလဲ
ဘယ်သူက ဆွဲခေါ်မှာလဲ
ဘယ်သူ့ကိုယုံပြီး ဘယ်ဆူးပုံကို နင်းရဦးမလဲ။

နောက်ဆုံးတော့
ဖြစ်သမျှ အကောင်းချည်း။

(လိုအပ်ချက်တွေရှိနေပါလိမ့်မယ်။ စိတ်ထဲရှိတဲ့အတိုင်းရေးလိုက်တာပါ။)

Leave a Reply

Your email address will not be published.