ရန်ကုန်တွင် NDF က ၁ရ နေရာ နိုင်ခဲ့ပြီ

Good IdeaNovember 8, 20101min08

လတ်တလော ရောက်ရှိလာသည့် သတင်းများအရ အမျိုးသား ဒီမိုကရေစီအင်အားစု – NDF ပါတီမှ ရန်ကုန်တိုင်းအတွင်း ၁ရ နေရာ အနိုင်ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

NDF ပါတီ ခေါင်းဆောင် ဦးသိန်းညွန့်က သင်္ဃန်းကျွန်း ပြည်သူ့လွှတ်တော်၊ ဦးဖုန်းမြင့်အောင်က အမျိုးသားလွှတ်တော်၊ ဦးကျော်နှင့် ဒေါ်စန်းစန်းမြင့်တို့က တိုင်းဒေသကြီး အမှတ် ၁ နှင့် ၂ တို့တွင် အနိုင်ရခဲ့သည်။

မြောက်ဥက္ကလာပ ပြည်သူ့လွှတ်တော်တွင် NDF ပါတီ ဗဟိုကော်မတီဝင် ဒေါက်တာ သန်းဝင်း၊ အမျိုးသားလွှတ်တော်တွင် ဒေါ်ခင်ဝိုင်းကြည်၊ တိုင်းဒေသကြီးလွှတ်တော် အမှတ် ၁ နှင့် ၂ တို့တွင် ဦးအောင်ဆန်းနှင့် ဦးသက်ထွန်းအောင်တို့က အသီးသီး အနိုင်ရခဲ့ပြီး တာမွေ အမျိုးသားလွှတ်တော်တွင် ဒေါက်တာ မြဉာဏစိုးက အနိုင်ရခဲ့သည်။

ထို့ပြင် လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော်တွင် ဦးခင်မောင်ဝင်း၊ သာကေတတွင် ဦးတင့်ဝေ၊ ကျောက်တံတားတွင် ဦးသန်းထွန်း၊ ရန်ကင်းတွင် ဦးမျိုးသန့်၊ အလုံတွင် ဦးခင်မောင်ရည်၊ မြောက်ဒဂုံတွင် ဒေါ်တင်နွယ်ဦး၊ လသာတွင် ဦးကြည်မြင့်နှင့် ဗဟန်းတွင် ဦးအောင်မြတ်ထွန်းတို့ အသီးသီး အနိုင်ရရှိခဲ့ကြသည်။

ရန်ကုန်တွင် NDF တို့ အောင်ပွဲခံနေသော်လည်း မန္တလေး၊ စစ်ကိုင်း၊ မုံရွာတို့တွင် အမတ်လောင်းတဦးမှ အနိုင်မရသေးဘဲ အရေးနိမ့်နေသည်။

ကြံ့ဖွံ့ပါတီ၏ ကြိုတင်မဲများကြောင့်သာ ယခုလို NDF တို့ အရေးနိမ့်ကြခြင်း ဖြစ်ကြောင်း မန္တလေးရှိ နိုင်ငံရေးသမားများနှင့် ပြည်သူများက ပြောဆိုနေကြသည်။

8 comments

  • moethidasoe

    November 9, 2010 at 5:18 am

    တခြားနေရာများမှာတော့ ကိုကြိုတင်ကို အရှုံးပေးလိုက်ရတယ်လို့ သိရပါတယ် ..

    Reply

  • etone

    November 9, 2010 at 6:19 am

    တကယ်NDFအနိုင်ရတာသေချာရင် ဝမ်းသာစရာပါပဲ ။
    ဒီမနက်ကြားရတဲ့သတင်းကတော့ NDF နိုင်ပေမဲ့ ကြိုတင်မဲပေးထားတာ မပေါင်းရသေးလို့တဲ့ … ဟုတ်မဟုတ်တော့မသိဘူး ။ ပြည်သူတွေရဲ့ တကယ့် စိတ်ရင်းမှန်ကို သိနေရတာတောင် အူလည်လည်လုပ်နေသေးတယ်။

    Reply

  • ဆူး

    November 9, 2010 at 6:34 am

    သတင်းကတော့ ဟုတ်သလိုလိုနဲ့ ကြိုတင်မဲ ဘယ်နှပုံး ရှိသေးလဲမှ မသိတာ..

    Reply

  • R Ga

    November 9, 2010 at 11:43 am

    မဖြစ်နိုင်ဘူးလို့ထင်ပါတယ်။ အားလုံးက မဲရေတွက်ချိန်တွေမှာ အနိုင်ရရှိနေပြီး ။နောက်နေ့ ကျတော့ ကြံဖွတ်ရဲ့ ကြိုတင်မဲ (မသမာမဲ)တွေကြောင့် အားလုံး ရှံး နိမ့် ရမှာပါ။ ဒီကနေ့ မဲအရေတွက် ၅၀ဝ လောက်နဲ့ နိုင်နေရင်တောင် နောက်နေ့ ကျ ရင် ကြိုတင်မဲ ၁၀၀ဝ လောက် ရောက်လာမှာဖြစ်ပါတယ်။
    ဒီမိုကရေစီအင်အားစုတွေ အကုန်လုံး….မဲအလိမ်ခံရပြီးကြံဖွတ်တွေသာ ရရှိမှာဖြစ်ပါတယ်။

    Reply

  • Saw Yan Naing

    November 9, 2010 at 12:22 pm

    မဲရေတွက်ကြတုန်းကတော့နိုင်ကြတယ်ဗျ ကျွန်တော်တို့ မန္တလေးမှာလေ
    ဒါပေမဲ့ နောက်ကြတော့ ဘာတွေလဲမသိဘူးဗျ
    မဲရုံမှူူးတွေကတော့ ခမောက်တွေနိုင်တယ်တဲ့သူတို့စစ်တာတုန်းက

    Reply

  • ဆူး

    November 9, 2010 at 12:42 pm

    ဟိုးအရင်တုန်းက မြန်မာက အာရှကျားတဲ့..
    အခုတော့ အာရှ ခြင်္သေ့ကွ…

    Reply

  • paukpauk

    November 9, 2010 at 1:48 pm

    မရိုသေ့စကား ပါရင်ခွင့်လွှတ်ကြဗျာ
    ကြားခဲ့တာမို့ ပြောပြရဦးမယ်…
    ကျောက်မြောင်းက ကလေးတွေဘာသီချင်းဆိုလဲသိလား..ခြင်္သေအောက်မှာဝှေးဥရှိတယ်..
    ခမောက်အောက်မှာ..ဦးနှောက်ရှိတယ်ဆိုပြီးအော်ဆိုနေကြတယ်လေ

    Reply

  • naywoonni

    November 9, 2010 at 2:59 pm

    ကိုကြိုတင်ကိုပဲပြောနေတာပဲ
    ကိုဖုန်းတွေ
    မရာထူးပေးတာတွေ
    လမ်းမဖောက်တော့ဘူးဆ်ုပြီးရပ်ထားတာတွေက3/4ရက်လောက်လိုမှပြန်လာပြီး
    နေ့ချင်းဖေါက်ပေးလိုက်တာတွေကျတော့မပြောကြဘူး………..
    ဟင်း……..ရှိတ်ချိုးတယ်

    Reply

Leave a Reply

Your email address will not be published.