အတိတ်လွမ်း

ကူမားရ္November 3, 20101min015

ဒီနေ. … အိမ်မှာတစ်ယောက်တည်း အတိတ်ကို တွေးရင်းလွမ်းနေမိတယ်…..
သက်သာလို သက်သာငြား ချရေးကြည်. လ်ိုက်တာ ပါ၊

ပူအိုက်တဲ.နွေရာသီ အချိန် ၊ သက်တမ်းရင်.လို. ပင်စည် အခေါက်မှာ ကျည်ပေါင်းတွေ အပွေးတွေတက၊် ပင်ယံထက်မှာတော. စိမ်းစိုပြီး ရွက်နုတွေ ဝေနေတဲ. မန်ကျည်း ပင်ကြီးအောက်မှာ ဖျာကြမ်းခင်း၊ တစ်ချက်တစ်လေမှသာ တိုက်ခတ် တတ်တဲ. လေပြေရူး ကိုစောင်.ရင်း နိုးတစ်ဝက် အိပ်တစ်ဝက် အိပ်စက်ရတဲ. အရသာကို လွမ်းတယ်။

ဇောင်းလျားသီးနဲ.ဂျင်း၊ရောထောင်း ထားတဲ. လ္ဘက်နုနု ကို ပဲကြမ်းကြော် ၊နှမ်း၊မြေပဲ နိုင်းချင်းနဲ. ငြုပ်သီးစိမ်း သေးသေးလေးတွေ ကိုက်ကိုက် ပြီးစား၊စပ် တော. ရေနွေးပူပူ မှုတ်သောက်ရတဲ. ရှုးရှုးရှဲရှဲ အရသာကိုလွမ်းတယ်။

ရိတ်သိမ်းပြီးခါစ ပက်ကြားအက်လယ်ကွင်းထဲက ရိုးပြတ်တွေကို ဖြတ်ပြီး တိုက်လာတဲ.နွားချေးနံ.၊ကောက်ရိုးနဲ.ဖုန်နံ.သင်းသင်း လေညင်းကိုလွမ်းတယ်။

ညနေ နေဝင်ရီတရော မှာ အပြာရောင်ကောင်းကင်နောက်ခံ ဟိုးအစွန်းမှာ ဖြူနီဝါ ပုဖွန်ဆီရောင် တောက်နေတဲ. တိမ်တောင်တိမ်လိပ် တွေကို ကြည်.ပြီး အိမ်မပြန် အောင်ဖြစ်ရတဲ. ခံစားမှုကိုလွမ်းတယ်။

ကောင်းကင်တစ်ခုလုံးအခုပဲပြိုကျတော.မလို အုံ.ဆိုင်း မှုန်မှိုင်းပြီး သည်းတော.မယောင်နဲ.မသည်းပဲ ဖွဲကနဲရွာလိုက်တဲ.မိုး၊ တစ်နွေလုံးမျှော်နေတဲ.မိတ်ဆွေ သစ်ပင်ကြီးငယ် တွေနဲ.ရေငတ်နေတဲ.မြေကြီးတို. နုတ်ဆက်တွေ.ထိလို. လှိူင်းကနဲတက်လာတဲ. မြေသင်းနံ.ကိုလည်းလွမ်းတယ်။

နားအေးပါးအေး တစ်ရေးလောက်မှေးတဲ. နေ.ခင်းနေ.လည် ဖြုန်းကနဲသည်းတော.
သွပ်ခေါင်မိုး ပေါ် တဒိုင်းဒိုင်း ကျဲ တဲ. မိုးသံကို နားထောင် ရင်း အိပ်ရတဲ.အရသာကိုလွမ်းတယ်။

တမင် တကာထီးမယူပဲ ဖွဲဖွဲ ကျတဲ.မိုးရေထဲ အရသာခံပြီး ခြေ ဗလာနဲ.လမ်းလျှောက် ရတဲ. အရသာ၊မိုးစိုလို.အအေးမိပြီးဖျားတော. အိပ်ယာထဲ မှာနေ သူများပြုစုတာခံပြီးျ
ကျောင်း မတက်ရတဲ. ဇိမ်ရှိ မှုကိုလည်း လွမ်းတယ်

လူသံတွေတိတ်ဆိတ်လို. ညအိပ်ရာဝင်တဲ. အချိန် ကိကိ ကွစ်ကွစ်၊တစ်တစ ်တီတီ၊ဂေါ် ဂွီ အုံးဂွမ် နဲ. သံစဉ် အမျိုးမျိုး ပြောင်းပြီး တေးသီတဲ.အိမ်ရှေ.မြောင်း ထဲက ဖားတွေကို အသံရှည်ရင် အကြီး အသံတိုရင် အသေး ၊မျက်စိကိုမှေး အတွေးသီရင်း အိပ်ရတဲ.အရသာကိုလွမ်းတယ်။

အေးအေးချမ်းချမ်း ဆောင်းညသရမ်း တွေမှာ အိမ်ရှေ.ခန်းမှာ မီးသွေးမီးဖို၊ဖုတ်ထားတဲ.ငါးခြောက် ဆတ်သားခြောက် တွေနဲ. လွတ်လပ်ရေး ပွဲက ဝယ်လာတဲ.
ကောက်ညှင်းကျည်ထောက် ဘူးသီးကြော် ပုဇွန်ကြော်တွေ ကို မောင် နှစ်မ တစ်တွေ လုစားရတာကို လွမ်းတယ်။

ညကမှောင် လရောင်မဲ. ကွေးလည်းကွေး အေးလည်းအေး ကြောက်စရာအတွေးတွေ ကြွယ်တတ်တဲ. ညမျိုးတွေမှာ ဟိုးအဝေးကလွင်.ဝဲလာတဲ. ပဌာန်းပွဲက မစဲ အသံ ကိုနားမှာခိုလှုံ စောင်ကိုရုံပြီး လုံခြုံစွာ အိပ်ခဲ.ရဘူးတဲ.ညတွေ ကိုလွမ်းတယ်။

နိုးတစ်ဝက်အိပ်တစ်ဝက် အရုဏ်တက်မှာ ပဲပြုတ်ပူပူလေး လို. အော်ပြီး လမ်းထဲဖြတ်သွား ဈေးသမားတွေရဲ. အသံတွေကို စောင်ခြုံထဲက နားစွင်.ရင်း ကိုယ်
ဝယ်ချင်တဲ. အသည် ကိုစောင်.ရတဲ.အရသာကိုလွမ်းတယ်။

မြူတွေဆိုင်းနေတဲ.မနက်ခင်းတွေမှာ ခြံထဲကသစ်ရွက်ခြောက် တွေကို ဖွားဖွားနဲ. မီးကူရှို.ရင်း နှင်းတွေစိုနေတဲ.မြက် ပင်တွေကြားက ဆီးသီးမှည်.တွေ ကောက်စားရတာကို လွမ်းတယ်။

ွှအဲဒီအလွမ်းတွေ ဒီ တစ်သက်ပြန်ရပါဦးမလား……………………

15 comments

  • weiwei

    November 3, 2010 at 6:11 pm

    အားပေးသွားပါတယ် …

    Reply

  • ymvpr

    November 4, 2010 at 2:05 am

    တကယ့်အတိတ်ပါဘဲ၊ ရေးထားတဲ့အထဲက တချို့အပိုင်းတွေဆိုရင် မြန်မာပြည်မှာရှိနေတဲ့ လူတွေတောင် ဒီ တစ်သက်ပြန်ရပါဦးမလား……………………

    Reply

  • tunaung

    November 4, 2010 at 3:10 am

    ဖတ်နေယင်ကိုမရနိုင်တော့တဲ့ငယ်ငယ်ကဘဝကိုအမှတ်ရနေမိပါတော့တယ်…

    Reply

  • zawana

    November 4, 2010 at 5:56 am

    နဂိုကတည်းက အလွမ်းဓါတ်ခံက ရှိနေရတဲ့အထဲ အလွမ်းတွေ ကူးစက်ကုန်ပါရောလားဗျာ ……

    Reply

  • cherrywine

    November 4, 2010 at 6:29 am

    ငယ်ငယ်တုန်းက အဲ့လိုပဲနေခဲ့ရတာ။ရန်ကုန်ရောက်ထဲက ဖားသံလည်းမကြားရတော့ဘူး။အလုပ်တွေများပြီး နယ်လည်းမပြန်ဖြစ်ပါဘူး။
    ဒီစာဖတ်ပြီး အမျိုးတွေကိုလွမ်းလိုက်တာ။

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 4, 2010 at 9:28 am

    အို အသင်လူသား akဆွီ
    သင့်အား ကျွန်ုပ်သည် ကောင်းစားစေခြင်သည့်အလျှောက် ဖင်ပူသည်ကို မကြည့်ရက်၍ နတ်ပြည်သို ့ပို ့ခြင်းတည့်
    သို ့သော်သင်သည် ဖင်အေးသည်ဟူ၍ ခုန်ချခြင်သူဖြစ်၏
    အဲယားကွန်းအခန်းဖြင့်အိပ်ရသည်ကို မန်ကျည်းပင်အောက်ကိုတန်းတ၏
    အပြစ်အားလုံးကိုပြောရသော် တစ်ခါမန်းမှ တစ်ဆယ်ရသော ကျွန်ုပ်အတွက် အရှုံးပေါ်လိမ့်မည်ဖြစ်သောကြောင့်
    အညာပြန်ပြီး ထမင်းကြမ်းခဲ မီးဖုတ်နှင့် ကျောက်ပန်တောင်းထန်းလျှက်ကို ခုနစ်ရက်တိတိ စားပြီး
    သားမှားပြီ မှားပြီအမေရဲ ့ သီချင်းကို အခေါက်နှစ်ဆယ် နမ်းစတော့ ဟဲလေ
    ပုံ
    သကြားမင်း၏ဆရာ ဆေးသကြား

    Reply

  • kopauk mandalay

    November 4, 2010 at 11:52 am

    ကျနော်ရေးနေတဲ့ မလွမ်းစကောင်းတောင်သူ့ အတိတ်လွမ်းလောက် လွမ်းစရာမကောင်ဘူးလို့ ခံစားလာရပါတယ်။

    Reply

    • akswe

      November 4, 2010 at 12:46 pm

      အား လုံး ဝိုင်းပြီးအားပေးကြတာကိုကျေးဇူးတင်ပါတယ်ဗျာ၊ကိုယ်.မြေနဲ. အဝေးမှာနေရတဲ. ဘဝ ကို
      ခံစားဘူးကြမှာပါ။ ဆက်ပြီးလွမ်းခွင့်ပြုပါ…………..

      Reply

  • kai

    November 4, 2010 at 10:17 pm

    မန်ကျည်း၊ ဇောင်းလျား၊
    လ္ဘက်၊ကောက်ရိုး၊
    မိုးနဲ့ငါးခြောက်။

    ဘူးသီး၊ပုဇွန်ကြော်၊
    ဆီးမှည့်ဝင်ကူသည်
    မြူဆိုင်းမိုးရွာ
    အောက်ပြည်သားအလွမ်း…။ ။

    (သူ့စာဖတ်ပြီး ရီ(ရယ်)ချင်လွမ်းကြီး ဖြစ်လို့နေတော့တယ်…။)

    Reply

  • bigcat

    November 5, 2010 at 1:03 am

    လေယဉ်ခနဲ့သံရုံးဗီဇာကြေး တတ်နိုင်ရင် လွမ်းလို့ရပါတယ်။

    Reply

  • char too lan

    November 13, 2010 at 7:39 am

    ကိုးနတ်ရှင်မကောင်းလို့ မတွေ ့လိုက်ရဘူး ခုမှပဲဝင်လွမ်းရတော့တယ် 😀

    Reply

  • Crystalline

    April 14, 2014 at 3:40 pm

    ကေကေဇီမတွေ့သေးဘူးထင်တယ်.. :))

    Reply

    • ကေဇီ

      April 14, 2014 at 3:45 pm

      တွေ့ပြီးလို့ ဒီပို့(စ) ကို အကြိုက်ဆုံးလို့ ပြောပြီးပေါ့။
      ကိုယ့်ခံစားချက်နဲ့ အကိုက်ဆုံးပဲ။ :mrgreenn:

      ၁ဝ ပုဒ်ထဲဟာ ရှာရလွယ်ပါ့။ :mrgreenn:

      Reply

      • Crystalline

        April 14, 2014 at 3:54 pm

        ဘဆွေပို့စ်တွေတူးပြီးနောက်… ဒေါ်ဆူးဆီဆက်မလို့… ကွန်နက်ရှင်မကောင်းတာရော… ပို့စ်မတင်တာလည်းကြာပြီထင်တယ်.. ရှာမရသေးဘူး.. 🙂

        Reply

        • ကေဇီ

          April 14, 2014 at 4:08 pm

          ဟီးးး
          ဆူးကိုလည်းရှာဖတ်ပြီးးး
          ဝေ့ ပို့(စ) လည်းရှာဖတ်ပြီးးး
          အများကြီးပဲ။
          ရေးအားကောင်းချက်။
          အရေးအသားလည်းကောင်းချက်။
          ဆူးကိုပြန်ခေါ်ထားတယ်။
          အဟီးးး :mrgreenn:

          အဆင်ပြေရင် ပြန်လာပါ့မယ်တဲ့။

          🙂

Leave a Reply

Your email address will not be published.